အချစ်စစ် အချစ်မှန်ဆိုတာ မျက်လှည့်ဆန်ပါတယ်။ လူတစ်ယောက်ကို အများဆုံး ပြောင်းလဲပေးနိုင်တဲ့အရာထဲမှာ မေတ္တာတရားကို ထိပ်ဆုံးက ထားပြောရပါလိမ့်မယ်။ အချစ်စစ်နဲ့ တွေ့တဲ့အခါ လူတွေဟာ အကြီးအကျယ် ပြောင်းလဲလာတတ်ပါတယ်။ လူသန်းပေါင်းများစွာအကြားက ကိုယ်လက်တွဲလိုက်တဲ့ မိန်းကလေးဟာ ကိုယ့်ရဲ့ အချစ်စစ်အချစ်မှန် ဟုတ်ရဲ့လားဆိုတာ နဲ့ ပတ်သက်လို့ စိတ်ပညာရှင်တွေ ပြောပြတဲ့ လက္ခဏာလေးတွေ ရှိပါတယ်။

(၁) နူးညံ့လာမယ်

YOUR BRAIN CHANGES

Photo: Fashion Beans

ကိုယ်တကယ်ချစ်ရတဲ့လူနဲ့ တွေ့တဲ့အခါ ကြမ်းတမ်းခက်ထန်တဲ့စိတ်တွေဟာ နူးညံ့သိမ်မွေ့တဲ့အဖြစ်ကို ရောက်သွားတတ်ပါတယ်။ ချစ်ခြင်းမေတ္တာဟာ လူကို ပိုပြီး ယဉ်ကျေး ငြိမ်းချမ်းပြီး ကြည်နူးရွှင်လန်းတဲ့ခံစားမှုကို ပေးလို့ပါ။ ကောင်မလေးတစ်ယောက်ကြောင့် သင့်စိတ်တွေ ငြိမ်ဝပ်ချမ်းမြေ့လာရင် ဒါဟာ အချစ်စစ်ရဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။

(၂) အသုံးအနှုန်းတွေ ပြောင်းလာမယ်

YOUR PRONOUNS CHANGE

Photo: Fashion Beans

သင်ချစ်ရတဲ့ကောင်မလေးက သင့်ဘဝကို အကြီးမားဆုံး အထောက်အပံ့ပေးသူပါပဲ။ ကိုယ်နဲ့အတူ ပြဿနာတွေကို အတူရင်ဆိုင်လာသူ ဖြစ်လို့ သူဟာ ရဲဘောရဲဘက်လည်း ဖြစ်လာပါတယ်။ ဒီတော့ သင့်ကောင်မ‌လေးနဲ့ စကားပြောတဲ့အခါ သင်အမှတ်တမဲ့ ပြောဖြစ်တာက We (ကိုယ်တို့တွေ) ဆိုတာပဲ ဖြစ်ပါတယ်။ အရင်လို I (ငါ) မျိုး ကိုယ်တစ်ဖက်တည်းပုံစံနဲ့ မဆက်ဆံ ဖြစ်တော့ပါဘူး။

(၃) အခက်အခဲတွေ ဖြတ်ကျော်ချင်စိတ်တွေ ရှိလာမယ်

YOU’RE WILLING TO FIGHT

Photo: Fashion Beans

အောင်မြင်တဲ့ အချစ်ရေးဆိုတာ အတူတူ တက်ညီလက်ညီရှိပြီး နားလည်မှုအပြည့်နဲ့ ဘဝပြဿနာတွေကို အဖြေရှာတဲ့ Relationship တစ်ခုပါပဲ။ အချစ်ရေးအချစ်ရာမှာ တကယ်လက်တွဲညီလာပြီဆို ဘယ်လို အခက်အခဲတွေပဲ ရှိရှိ ရင်ဆိုင်တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေတာမျိုး။ တလောကလုံးကို ရင်ဆိုင်ရဲလာတာ အချစ်ကြောင့် ဖြစ်လာတဲ့ ခွန်အားဆိုလည်း မမှားပါဘူး။

(၄) ပျော်ပျော်ကြီး စွန့်လွှတ်တတ်လာမယ်

YOU HAPPILY SACRIFICE

Photo: Fashion Beans

စွန့်လွှတ်မှုဆိုတာ အနစ်နာခံခြင်းလို့ လူတွေ ယူဆကြပါတယ်။ တကယ်ချစ်လာတဲ့အခါမှာ မလိုအပ်တဲ့အရာတွေအတွက် စွန့်လွှတ်မှုဆိုတာ ကိုယ်ကိုယ်ကိုယ်တိုင် စိတ်လိုလက်ရ လွှတ်ချလိုက်တာမျိုးပဲ ဖြစ်လာပါတယ်။

(၅) မိသားစုတွေနဲ့ ပေးတွေ့ချင်လာမယ်

YOU’VE POLLED YOUR FRIENDS AND FAMILY

Photo: Fashion Beans

စိတ်ပညာရှင်တွေအဆိုအရ ယုံကြည်ရတဲ့ ဆက်ဆံရေးတစ်ခုရှိလာတဲ့အခါ လူတွေဟာ သူတို့ရဲ့ အတွင်းစည်းထဲကို ဆွဲခေါ်ဖို့ အမြဲကြိုးစားတတ်တယ်လို့ ဆိုပါတယ်။ မိသားစုနဲ့ မိတ်ဆွေသူငယ်ချင်းဆိုတာ လူတစ်ယောက်ချင်းစီအတွက် အရေးပါအရာရောက်တဲ့ အတွင်းစည်းတွေ ဖြစ်ပါတယ်။ အဲ့ဒီလို စည်းထဲကို ကိုယ့်ချစ်သူကို ဆွဲခေါ်ချင်လာမယ်။ သူတို့နဲ့ မိတ်ဆက်ပေးချင်နေတယ်ဆိုရင် ဒါလည်း သင့်အတွက် တစ်ဦးတည်းသော ဣတ္တိယ The One ကို ရှာတွေ့ပြီလို့ ဆိုနိုင်ပါတယ်။

Featured Photo: Fashion Beans