Punk ဆံပင်စတိုင်လ် ဆိုတာကတော့ ၁၉၈၀ ၊ ၁၉၉၀ ပြည့်နှစ်တွေမှာ ရော့ခ်စတားများ၊ မော်ဒယ်များက စတင်ညှပ်ခဲ့ရာကနေ အစပြုခဲ့တဲ့ ဖက်ရှင်စတိုင်လ်တစ်ခု ဖြစ်ပါတယ်။ ထိုအချိန်တုန်းက Punk ဆံပင်စတိုင်လ် ကိုသာ ညှပ်ခဲ့ရုံသာမကဘဲ မျက်လုံးများကိုလည်း Smoky Eyes လို့ခေါ်တဲ့ အညိုရောင်၊ အနက်ရောင်တို့ဖြင့် ခြယ်မှုန်းခဲ့ကြပြီး အဝတ်အစားများကိုလည်း ထူးခြားဆန်းပြားတဲ့စတိုင်လ်အဖြစ် ဝတ်ဆင်ခဲ့ကြပါတယ်။

အများနဲ့မတူ တစ်မူထူးခြားတဲ့ ကွီးတို့အတွက်ရော Punk တေးဂီတကို နှစ်သက်သူတွေအတွက်ရော အမိုက်စား ဆံပင်စတိုင်လ်တချို့ကို ဝေမျှပေးလိုက်ရပါတယ်။

ဘေးနှစ်ဖက်မှာ ကျစ်ဆံမြီး ကျစ်ထားတဲ့ ဆံပင်စတိုင်လ်

hairstyles for kwee

ဒီမော်ဒယ်ရဲ့ ဆံပင်စတိုင်လ်ကတော့ အလယ်တည့်တည့်က ဆံပင်တွေကို ထောင်ထားပြီး ဘေးနှစ်ဖက်မှာတော့ ကျစ်ဆံမြီး ကျစ်ထားတာဖြစ်ပါတယ်။

သူ့မျက်လုံးကလည်း Smokey Eyes ပုံစံ ခြယ်မှုန်းထားတာကိုလည်း တွေ့မြင်ရပါလိမ့်မယ်။

အလိမ်အကောက်စတိုင်လ်

hairstyles for kwee

ဒီဆံပင်ကေကတော့ အလယ်တည့်တည့်မှာ ဆံပင်ကောက်ကောက်လေးတွေ ချန်ထားပြီး ဆေးဆိုးထားတဲ့ ဆံပင်စတိုင်လ်ဖြစ်ပါတယ်။ ဘေးနှစ်ဖက်ကတော့ တိုတိုကပ်ကပ်ညှပ်ထားတာကို တွေ့ရမှာပါ။

ဆံပင်ချထားတဲ့ စတိုင်လ်

hairstyles for kwee

ကွီးတို့အနေနဲ့ ဆံပင်အထောင်စတိုင်လ်ကို မကြိုက်ဘူးဆိုရင်တော့ အခုလိုမျိုး ဆံပင်ချထားတဲ့ စတိုင်လ်မျိုး ထားနိုင်ပါတယ်။

အလန်းစားစတိုင်လ်

hairstyles for kwee

ဒီဆံပင်ကလည်း စောစောက ဆံပင်ကေနဲ့ ဆင်တူပါတယ်။ အလယ်တည့်တည့်မှာ ထောင်မထားတော့ဘဲ ချထားပြီး ဘေးနှစ်ဖက်က တိုတိုကပ်ကပ်ညှပ်ထားတာဖြစ်ပါတယ်။

ဆံပင်အတိုစတိုင်လ်

hairstyles for kwee

ဘေးနှစ်ဖက်ကို အပြောင်ရိတ်ထားပြီး အလယ်တည့်တည့်မှာတော့ ထောင်ထားတဲ့စတိုင်လ်ဖြစ်ပါတယ်။ တိုတိုပါးပါးပဲ ညှပ်ချင်တယ်ဆိုရင်တော့ ဒီပုံအတိုင်း ညှပ်နိုင်ပါတယ်။

တြိဂံဇောက်ထိုးပုံစံ

Punk ဆံပင်စတိုင်လ်

ဒီပုံသဏ္ဍာန်ကတော့ အရှေ့မှာ ဆံပင်အနည်းငယ် ရှည်ရှည်ထားပြီး အနောက်ကိုတော့ တြိဂံဖောက်ထိုးပုံစံ ပုံဖော်ထားကာ ညှပ်ထားတာဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ အခြားသော ပုံသဏ္ဍာန်မျိုး ပုံဖော်ကာ ညှပ်နိုင်ပါသေးတယ်။

အချွန်အတက်များနှင့် ဆံပင်စတိုင်လ်

Punk ဆံပင်စတိုင်လ်

ဒီဆံပင်စတိုင်လ်ကတော့ Punk ဆံပင်စတိုင်လ်စစပေါ်ချင်းတုန်းကလို ဆံပင်စတိုင်လ်မျိုးဖြစ်ပါတယ်။

အီမို Punk ဆံပင်

Punk ဆံပင်စတိုင်လ်

ဆံပင်ရှည်ရှည်ကိုမှ ဆေးဆိုးထားတဲ့စတိုင်လ်ဖြစ်ပါတယ်။ ဆံပင်ဆေးဆိုးချင်တဲ့ ကွီးတို့အတွက် အကြိုက်တွေ့စေမယ့် စတိုင်လ်တစ်မျိုးပါ။

နောက်ထပ်ဒီဇိုင်းတစ်မျိုး

Punk ဆံပင်စတိုင်လ်

ဒီလိုမျိုး ဆေးဆိုးထားတဲ့ ဆံပင်ကေမျိုးကိုရော ကွီးတို့ ဘယ်လိုမြင်ပါသလဲ။

အရှေ့မှာ အလိပ်လေးနဲ့ လိပ်တင်ထားတဲ့ စတိုင်လ်

Punk ဆံပင်စတိုင်လ်

ဆံပင်ထိပ်ဖျားနားကို ခပ်ရှည်ရှည် ထားထားပြီး အပေါ်အနားသားကို ခပ်ခွေခွေလေး လိပ်တင်ထားတဲ့စတိုင်လ်တစ်မျိုးပါ။ Punk ဆံပင်စတိုင်လ် မှန်း  မသိမသာလေး ညှပ်ချင်တယ်ဆိုရင်တော့ ဒီဆံပင်ကေမျိုး ညှပ်နိုင်ပါတယ်။

Source: Menhairstylesworld

Featured Image: Hairstylecamp