ရှာလကာရည်ရဲ့ အသုံးဝင်ပုံကို လူအနည်းစုကသာ သိကြတယ်။ ဒီနေ့ ရှာလကာရည်ရဲ့ စိုက်ပျိုးရေးမှာ အသုံးဝင်ပုံအကြောင်း ပြောပြပေးသွားမှာပါ။
စိုက်ပျိုးမြေမှာ ရှာလကာရည်ကို ဘယ်လိုသုံးမလဲ
ပေါင်းပင်တွေ မြက်ပင်တွေကို ဖယ်ရှားဖို့အတွက် ဓာတုပစ္စည်းတွေအတွက် ငွေကြေးအသုံးပြုရတာကို ရပ်လိုက်ပါ။ အဲ့ဒီအစား ရှာလကာရည်ကို ပေါင်းပင်တွေအပေါ်မှာ ပတ်ဖြန်းပေးလိုက်ပါ။ ရှာလကာရည်မှာပါတဲ့ acetic အက်ဆစ်က ပေါင်းပင်တွေ ကြီးထွားလာခြင်းကို တားဆီးပေးတဲ့အပြင် မြေဆီလွှာကို ပျက်စီးမှုမဖြစ်စေပါတယ်။

ရေနဲ့ ရှာလကာရည်ရောစပ်မှုကလည်း စိုက်ခင်းထဲက ပုရွတ်ဆိတ်တွေနဲ့ ကိုက်ဖြတ်တဲ့သတ္တဝါတွေကို အဝေးကို သွားစေပါတယ်။ ရှာလကာရည် စားပွဲတင်ဇွန်း (၂) ဇွန်းနဲ့ သကြား စားပွဲတင်ဇွန်း (၁)ဇွန်း ရောစပ်ထားတဲ့ရေကို ပန်းအိုးထဲထည့်မယ်ဆိုရင် ပန်းတွေက အချိန်အကြာကြီး လန်းဆန်းနေပါလိမ့်မယ်။
ရှာလကာရည်ကို စိုက်ပျိုးရေးအတွက် ဓာတုပစ္စည်းတွေအစား အသုံးပြုနိုင်သလို အိမ်သာသုံးပစ္စည်းတွေ ဆေးကြောသန့်စင်ရာမှာလည်း အသုံးပြုနိုင်ပါသေးတယ်။
ရှာလကာရည်ရဲ့ အိမ်တွင်းအသုံးဝင်ပုံ
ရှာလကာရည်ကို အိမ်သာသန်ရှင်းရေးလုပ်ဖို့အတွက် ထိရောက်စွာအသုံးပြုနိုင်ပါတယ်။ ရှာလကာရည်နဲ့ အိမ်သာကို သန့်စင်ဖို့ဆိုရင် လိုအပ်တဲ့အရာတွေက
- ခွက်တစ်ခွက်မှာ ရှာလကာရည် (၉) ရာခိုင်နှုန်း
- မုန့်ဖုတ်ဆိုဒါ (သို့) အိုင်အိုဒင်း
အာနိသင်ရှိဖို့အတွက် ဆိုဒါနဲ့အတူအသုံးပြုရပါမယ်။

ရှာလကာရည်ထည့်ထားတဲ့ ခွက်ကို အပူချိန် (၄၀) ဒီဂရီစင်တီဂရိတ် ဖြင့်အပူပေးပါ။ ပြီးတာနဲ့ ဆိုဒါနဲ့ ရောပစ်လိုက်ပါ။ ရှာလကာရည် (၂၀၀) ဂရမ်အတွက် ဆိုဒါ လက်ဖက်ရည်ဇွန်း (၁) ဇွန်းလိုအပ်ပါလိမ့်မယ်။ ရောစပ်ထားတဲ့အရည်ကို အိမ်သာခွက်ထဲ လောင်းချပြီး နာရီအကြာကြီး ထားလိုက်ပါ။ သင့်သန့်စင်တဲ့အရာမှာ ရောစပ်ထားတဲ့အရည်တွေ တစ်ညလုံးထားဖို့ဆိုရင် ညနေ့ခင်းလောက်မှာ လုပ်တာပိုပြီးကောင်းပါတယ်။ ရလဒ်ကောင်းကောင်းရဖို့အတွက် အကြိမ်များစွာ ဒီနည်းကို လုပ်ပေးလို့ရပါတယ်။
Source: Bright Side
