ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့အတွက် ဘယ်လိုအရည်အချင်းတွေ လိုအပ်သလဲဆိုတာ သင် သိပါသလား။

သင်သည် အောင်မြင်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့်အရည်အချင်းများ ပိုင်ဆိုင်ထားဖို့ လိုအပ်ပါလိမ့်မယ်။

မိမိကိုယ်ကို သတိပြုမိကြတယ်

leadership skills for men

ခေါင်းဆောင်ကောင်းများသည် မိမိရဲ့အားနည်းချက်ကဘာလဲ ဘယ်အချက်ကို တိုးတက်အောင် ပြုလုပ်ရမလဲ ဆိုတာကို အမြဲတစေ သတိပြုမိကြပါတယ်။ အခြားသူက အကြံဉာဏ်ပေးလာပါကလည်း မိမိတိုးတက်မှုအတွက် အထောက်အကူဖြစ်တယ်ဆိုရင် လက်ခံပြီး ပြုပြင်ပြောင်းလဲလိုက်ကြပါတယ်။

အခြားသူများ တိုးတက်မှုအတွက် ကူညီပေးကြတယ်

leadership skills for men

ခေါင်းဆောင်ကောင်းတို့မည်သည် မိမိအဖွဲ့သားများရဲ့တိုးတက်မှုကို စိတ်ဝင်စားမှုရှိကြပါတယ်။ ကိုယ့်အဖွဲ့သားများရဲ့ အားသာချက်ကို အလေးထားပြီး အားနည်းချက်များရှိပါကလည်း ကူညီပေးဖို့ ဝန်မလေးကြပါဘူး။

ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း မြင့်မားခြင်း၊ ဆန်းသစ်တီထွင်မှုအားကောင်းခြင်း

leadership skills for men

အကြံဉာဏ်သစ်များကိုလည်း နွေးနွေးထွေးထွေး ကြိုဆိုလေ့ရှိကြပါတယ်။ အနာဂတ်မှာ ဘယ်လိုရလဒ်ကို လိုချင်သလဲဆိုတာကို အမြဲတမ်းတွေးတောနေပြီး အကောင်းမြင်စိတ်ရှိတဲ့ ပတ်ဝန်းကျင်တစ်ခုကို တည်ဆောက်တတ်ကြပါတယ်။

ကိုယ်ချင်းစာစိတ်ရှိပြီး အများအကျိုးအတွက် ကူညီပေးတယ်

leadership skills for men

ကိုယ် ကောင်းစားရင် ပြီးရောဆိုတဲ့ စိတ်ဓာတ်မျိုးသည် ဆိုးသောခေါင်းဆောင်ရဲ့အရည်အချင်းတွေပါ။ ခေါင်းဆောင်ကောင်းတွေကတော့ ထိုကဲ့သို့ မဟုတ်ပါဘူး။ ကိုယ့်လက်အောက်ငယ်သားများရဲ့အကျိုးစီးပွားကိုပါ ကူညီပေးဖို့ ဝန်မလေးဘဲ ကိုယ်ချင်းစာစိတ်အပြည့်နဲ့ တတ်အားသလောက် ကူညီပေးကြပါတယ်။

မတူညီသော ယဉ်ကျေးမှုများကိုလည်း လိုက်လျောညီထွေစွာ ပြုမူတတ်ကြပါတယ်

leadership skills for men

ကုမ္ပဏီတစ်ခုနဲ့ တစ်ခုရဲ့စည်းကမ်းတွေသည် မတူညီကြသလို ထိုကုမ္ပဏီရှိ ဝန်ထမ်းများရဲ့ဘာသာအယူအဆ၊ ကိုးကွယ်ယုံကြည်မှုသည်လည်း ကွဲပြားနိုင်ကြပါတယ်။ ခေါင်းဆောင်ကောင်းသည် မတူညီသော အယူအဆများကိုလည်း နားလည်လက်ခံပေးနိုင်ပြီး လိုက်လျောညီမှုရှိစွာ ပေါင်းသင်းဆက်ဆံနိုင်ကြပါတယ်။

ခေါင်းဆောင်တစ်ယောက်သည် ထိုအရည်အချင်းများနဲ့ ပြည့်စုံပါက လက်အောက်ငယ်သားများရဲ့လေးစားချစ်ခင်မှုကို ရရှိမှာဖြစ်ပြီး လုပ်ငန်းခွင်ဘဝသည်လည်း အောင်မြင်မှုအတိပြီးကာ ပျော်ရွှင်ရမှာပဲဖြစ်ပါတယ်။

Source: Northeastern.edu

Featured Image Source: Mikuskins.com