အလုပ်တစ်ခုမှာစွဲစွဲမြဲမြဲလုပ်ကိုင်လေ့မရှိခြင်းကလည်း အကျင့်ပါသွားစေတဲ့လုပ်ရပ်တစ်ခုပါ။တကယ်အလုပ်ပြောင်းဖို့လိုအပ်မှအလုပ်ပြောင်းတာကောင်းပါတယ်။မဟုတ်ရင်လုပ်ငန်းခွင်မှာနည်းနည်းကြာလာတာနဲ့ အလုပ်ပေါ်စိတ်မပါတော့တာမျိုး အလုပ်သစ်တစ်ခုပြောင်းချင်တာမျိုးဖြစ်လာတက်ပါတယ်။ဒါကြောင့် အလုပ်ပြောင်းချင်စိတ်ပေါ်လာတိုင်း ကိုယ့်ကိုယ်ကိုဒီမေးခွန်းလေးတွေအရင်မေးကြည့်ပြီးမှ အလုပ်ပြောင်းဖို့မပြောင်းဖို့ သေချာဆုံးဖြတ်ပါ။

 

(၁) ခိုင်လုံတဲ့အကြောင်းပြချက်ရှိပြီလား

Source : Business Insider

အရင်ဆုံးဘာကြောင့်အလုပ်ပြောင်းချင်တာလဲကိုယ့်ကိုယ်ကိုဆန်းစစ်ကြည့်ပါ။အဆင်မပြေလို့လား။အလုပ်ရှင်မကောင်းလို့လား။သွားရေးလာရေးအရမ်းအခက်ခဲဖြစ်နေလို့လားစသည်ဖြင့်မေးခွန်းထုတ်သင့်ပါတယ်။အလုပ်မှာမပျော်တော့ရုံ ပျင်းလာရုံသက်သက်နဲ့တော့အလုပ်မထွက်ပါနဲ့။နောက်အလုပ်တစ်ခုကိုပြောင်းလိုက်လဲ အချိန်ကြာလို့ပျင်းလာတဲ့အခါ အခုလိုမျိုးနောက်ထပ်အလုပ်သစ်တစ်ခုထပ်ပြောင်းဖို့တွေးလာမိအုန်းမှာဖြစ်ပါတယ်။တကယ်ပြောင်းသင့်ပြီဆိုတော့မှပြောင်းတာအကောင်းဆုံးပါ။

 

(၂) အဆင်မပြေမှုတွေကိုရှောင်ပြေးချင်တာလား

Source : Working Man Law

လက်ရှိအလုပ်မှာအဆင်မပြေမှုတွေနဲ့ ရင်ဆိုင်နေရလို့ နောက် ထပ်အလုပ်တစ်ခုပြောင်းမယ်ဆိုပြီး တွေးကောင်းတွေးနိုင်ပါတယ်။ဒါပေမယ့် အလုပ်တိုင်းမှာစိန်ခေါ်မှုတွေ အဆင်မပြေမှုတွေ အခက်ခဲတွေရှိတယ်ဆိုတာတော့မမေ့ပါနဲ့။အခက်ခဲတွေကို ရှောင်ပြေးလိုက်ရုံနဲ့အခက်ခဲတွေကလွတ်မြောက်သွားမှာမဟုတ်ပါဘူး။ကိုယ့်ကိုယ်ကိုကြံခိုင်တဲ့သူတစ်ယောက်အဖြစ်လေ့ကျင့်ယူထားခြင်းကသာ ဘယ်လိုအလုပ်ခွင်ရောက်ရောက်အဆင်ပြေနေမှာပါ။

 

(၃) အသစ်ကပြန်စဖို့ သတိရှိပြီလား

Source : Shutterstock

အလုပ်ပြောင်းပြီဆိုတာနဲ့ အရာရာအားလုံးအသစ်ကပြန်စကြရတာပါ။လုပ်ငန်းပိုင်ဆိုင်ရာမှာသာမက လုပ်ဖော်ကိုင်ဖက် အသစ်တွေနဲ့ပေါင်းသင်းဆက်ဆံရေးမှာပါ အစစအရာရာပြန်လည်တည်ဆောက်ရတာပါ။ဒါကြောင့်အလုပ်ပြောင်းတော့မယ်ဆိုရင်ပြောင်းလဲသွားတဲ့အလုပ်ခွင်အသစ် အလုပ်ရှင်အသစ်နဲ့ ပတ်ဝန်းကျင်အသစ်ကို ရင်ဆိုင်ဖို့ သတိရှိရဲ့လား ကိုယ့်ကိုယ်ကိုအရင်ဆုံးမေးကြည့်သင့်ပါတယ်။

 

(၄) ပိုကောင်းတဲ့အခွင့်အလမ်းတွေရနိုင်လား

Source : Shutterstock

ကိုယ်ပြောင်းမယ့်အလုပ်ခွင်အသစ်က လက်ရှိလုပ်နေတဲ့အလုပ်ထက် အခွင့်အလမ်းပိုရရှိနိုင်လားလေ့လာကြည့်ပါ။ကိုယ်အတွက် တိုးတက်မှုအခွင့်အလမ်းတွေမရှိပဲတော့ အလုပ်ပြောင်းဖို့မစဉ်းစားသင့်ပါဘူး။အလုပ်ပြောင်းလိုက်တာပဲရှိမယ့် အရာရာတိုင်းက ထူးထူးခြားခြားတိုးတက်ပြောင်းလဲသွားတာမရှိဘူး အားလုံးဒုံရင်းကဒုံရင်းပဲဆိုတော့ လက်ရှိလုပ်နေတဲ့အလုပ်မှာပဲ ခဏမှေးလုပ်ပြီး ပိုကောင်းတဲ့အခွင့်အလမ်းတွေရနိုင်မယ့် အလုပ်တစ်ခုကိုခဏစောင့်နေသင့်ပါတယ်။