လူတော်တော်များများက ဟိုးအရင်ကတည်းကရှိခဲ့တဲ့ မေးခွန်းတွေရဲ့ အဖြေကိုသိချင်နေကြတယ်။ ဥပမာ ကြက်မနဲ့ကြက်ဥ ဘယ်ဟာက အရင်စသလဲဆိုတဲ့ မေးခွန်းမျိုးတွေပေါ့။ ဒီမေးခွန်းတွေကြောင့် လူတွေငြင်းငုံနေကြပေါင်းလည်း မနည်းတော့ပါဘူး။

ဒါကြောင့် ဒီနေ့ kwee page က ဒီလိုမျိုးမေးခွန်းတွေရဲ့ အဖြေမှန်ကို ပြောပြပေးသွားမှာပါ။

ကြက်နဲ့ကြက်ဥ ဘယ်ဟာကအရင်စပေါ်သလဲ

Source: Medium

ကြက်နဲ့ကြက်ဥ ဘယ်ဟာကအရင်စပေါ်သလဲ ဆိုတဲ့မေးခွန်းကို ဖြေနိုင်ဖို့အတွက် သိပ္ပံပညာရှင်တွေဟာ အချိန်တွေအများကြီး ယူခဲ့ရတယ်။ သိပ္ပံပညာရှင်တွေရဲ့တွေ့ရှိချက်အရ ကြက်နဲ့ကြက်ဥမှာ ကြက်ဥက အရင်စပေါ်လာခဲ့ခြင်းဖြစ်ပါတယ်။

ဟိုးအရင်နှစ်သန်းပေါင်းများစွာတုန်းက ငှက်တစ်မျိုးဟာ ကြက်အဖြစ်ပုံစံပြောင်းသွားခဲ့ပါတယ်။ ဒီပြောင်းလဲမူက ဥထဲမှာ သန္ဓေတည်ကတည်းက စတင်ခဲ့တာပါ။ ဒီဥကနေပြီးတော့ ကြက်အဖြစ် သားပေါက်လာခဲ့ကြတာပါ။ ဒါကြောင့် ကြက်ဥက အရင်စပြီးပေါ်လာတာဖြစ်ကြောင်း သိပ္ပံပညာရှင်တွေက ပြောဆိုထားကြတာပါ။

မြင်းကျားတွေက အဖြူလားအနက်လား

Source: Wikimedia Commons

တကယ်တော့ မြင်းကျားတွေဟာ အနက်ရောင်ဖြစ်ကြပါတယ်။ သူတို့ဟာ အနက်ရောင်အပေါ်မှာ အဖြူစင်းတွေ ရှိကြတာပါ။ ဒါကတော့ မျိုးရိုးဗီဇ ကြောင့် အစင်းကြောင်းတွေ ဖြစ်ပေါ်လာရခြင်းဖြစ်ပါတယ်။ အနက်ရောင် မရှိတဲ့နေရာတွေမှာ အဖြူရောင်တွေပေါ်လာတာကြောင့် အစင်းကြောင်းတွေ ဖြစ်ပေါ်လာရခြင်းဖြစ်ပါတယ်။

ဘာလို့ကြောင်တွေက ဘာမှမရှိတဲ့နေရာကို စိုက်ကြည့်နေတတ်ကြတာလဲ

Source: The Dodo

တစ်ချို့လူတွေကတော့ ကြောင်တွေဟာ သရဲတွေကို မြင်နိုင်တာကြောင့် ဘာမှမရှိတဲ့နေရာကို စိုက်ကြည့်နေကြတာလို့ ပြောကြတယ်။ အမှန်ကတော့ ကြောင်တွေဟာ ရှေ့တည့်တည့်ကို စိုက်ကြည့်နေပြီဆိုရင် အိပ်ဖို့ပြင်ဆင်နေကြတာပါ။ သူတို့ဟာ အချိန်တော်တော်များများကို အိပ်ရင်းနဲ့ကုန်ဆုံးလေ့ရှိကြတဲ့ သတ္တဝါတွေပါ။

တကယ်လို့ ဘေးဘက်ကိုစိုက်ကြည့်နေပြီဆိုရင်တော့ အသံတခုခုကြားတာကြောင့်လည်းဖြစ်နိူင်သလို အနံ့တခုခုရလိုလည်း ဖြစ်နိူင်ပါတယ်။ ကြောင်တွေရဲ့အာရုံခံစွမ်းအားဟာ လူတွေထက်အဆပေါင်းများစွာ အနံ့ခံကောင်းကြပါတယ်။

ပုတ်သင်ညိုတွေ ဘယ်လိုအရောင်ပြောင်းကြတာလဲ

Source: YouTube

ပုတ်သင်ညိုတွေရဲ့ အရေခွံမှာ အရောင်ဖြစ်ပေါ်စေတဲ့ ဆဲလ်တွေ အများကြီးပါဝင်ပါတယ်။ ဥပမာ ကာလာပရင်တာလိုမျိုး အရောင်တွေပါဝင်ကြတယ်။ ဒီဆဲလ်တွေဟာ အရောင်တွေမျိုးစုံ ထုတ်လုပ်နိူင်စွမ်းရှိကြတယ်။ ဒါကြောင့် ပုတ်သင်ညိုဟာ အရောင်ပြောင်းဖို့ လိုလာပြီဆိုရင် အရေခွံထဲက ဆဲလ်တွေ ဖျစ်ညစ်လိုက်ခြင်းဖြင့် အရောင်တွေက ဆဲလ်အလယ်ဗဟိုဆီ ရောက်သွားကြတယ်။ ဒီလိုနဲ့ ပုတ်သင်ညိုတွေက ပတ်ဝန်းကျင်အရောင်ကို လိုက်ပြီး အရာင်ပြောင်း နေထိုင်ကြတာပါ။

စိတ်ဝင်စားစရာကောင်းတာက အနတ်ရောင်၊ အညိုရောင်၊ အနီရောင် နဲ့ အဝါရောင်တွေဟာ အရေခွံရဲ့ အပြင်ဘက်မှာတည်ရှိပြီးတော့ အပြာရောင်ကတော့ အရေခွံရဲ့ အတွင်းဘက်ပိုင်းမှာ ပုန်းကွယ်နေလေ့ရှိတာပါပဲ။

တစ်ခါတစ်လေ အဖြစ်အပျက်တခုကို အရင်တုန်းက ကြုံဖူးတယ်လို ထင်ကြရတာလဲ (Deja-vu)

Source: Medical News Today

လူတွေတော်တော်များများ အဖြစ်အပျက်တခုကို အရင်တုန်းက ကြုံဖူးတယ်လို ခံစားရတဲ့ Deja-vu ကိုကြုံဖူးကြပါလိမ့်မယ်။

စိတ်ပညာရှင်တွေကတော့ ဒါဟာ အတွင်းစိတ်ထဲက ပြင်းပြတဲ့ဆန္ဒတွေကြောင့် ဖြစ်ကြောင်း ကောက်ချက်ချထားကြတယ်။ အာရုံကြောပညာရှင်တွေကတော့ ဒါဟာ စိတ်ဖိစီးမူ၊ ပူပန်းနွမ်းနယ်မူ တွေကြောင့် ဦးနှောက်အစိတ်အပိုင်း တခုခု ယာယီ ချွတ်ယွင်းမူကြောင့် ဖြစ်တာလို့ ပြောဆိုထားကြတယ်။ ဦးနှောက်ဟာ ရှုပ်ထွေးသွားပြီး ယခုမှကြုံဖူးတဲ့ အသစ်တခုကို အရင်က ကြုံးဖူးတယ်လို့ ထင်စေတာပါ။ မကြာခဏ Deja-vu ဖြစ်စဉ်တွေဖြစ်နေရင်တော့ ဆရာဝန်နဲ့ပြသင့်ပါတယ်။ ဒါဟာ ကျန်းမာရေး ပြင်းပြင်းထန်ထန် ချွတ်ယွင်းနေတာကို ဖော်ပြနေတာ ဖြစ်နိူင်တာကြောင့်ပါ။