ကိုယ့်ရဲ့ စိတ်အားထက်သန်မှုကို သိခြင်းက မှန်ကန်တဲ့ပန်းတိုင်တွေ ချဖို့အတွက် သော့ချက်ဖြစ်ပါတယ်။ မှန်ကန်တဲ့ ပန်းတိုင်ချမှတ်နိုင်မှ မှန်ကန်တဲ့ဘဝလမ်းကြောင်းကို လျှောက်လှမ်းနိုင်မှာပါ။

“ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ သုတေသနဂျာနယ်”မှာ ဖော်ပြခဲ့တဲ့ သုတေသနတစ်ခုအရ လက်ရှိအနေအထားမှာ အကောင်းဆုံးစွမ်းဆောင်နိုင်သူတွေ နဲ့ ကိုယ့်စွမ်းရည်ကို ကိုယ်သိသူတွေဟာ တခြားသူတွေထက် မှန်ကန်တဲ့ ပန်းတိုင်တွေ ချရာမှာ ပိုတော်တယ်လို့ ဆိုပါတယ်။ ကနေဒါနိုင်ငံ Carleton တက္ကသိုလ်မှ ပါမောက္ခ အိုင်ဒန်စမစ်က အခုလိုပြောပါတယ်။

Photo: Freepik

“လူတွေဟာ သူတို့ရဲ့ အခြေခံစံတန်ဖိုးတွေ ၊ ပင်ကိုယ်စွမ်းရည် ၊ စိတ်ပါဝင်စားမှုနဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီတဲ့ ရည်မှန်းချက်တွေနောက် လိုက်ရင် တကယ်ဖြစ်မြောက်လာဖို့ များတာ တွေ့ရပါတယ်။”လို့ ဆိုပါတယ်။ ဒီတော့ အခြေခံအားဖြင့် ပန်းတိုင်တစ်ခုကို ချမှတ်ပြီး ဖြစ်အောင် လုပ်ချိန်မှာ ကိုယ့်ကိုယ်ကိုယ် သေချာဆန်းစစ်ဖို့ မရှိမဖြစ် လိုပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ပြီး ကိုယ့်ရဲ့ပန်းတိုင်ကို ဖန်တီးဖို့အတွက် အခုပြောမယ့် မေးခွန်းလေးတွေ မေးကြည့်ပေးသင့်ပါတယ်။

Photo: Freepik

(၁) လက်ရှိ ငါ့ဘဝရဲ့ အရေးပါဆုံး တန်ဖိုးထားရတဲ့အရာ ၅ ခုက ဘာတွေလဲ?
(၂) ဘဝမှာ ရှင်သန်နေထိုင်ဖို့ နှစ်အနည်းငယ်ပဲ ရှိတော့တယ်လို့ သိရရင် ငါအလုပ်ချင်ဆုံးအရာက ဘာဖြစ်မလဲ?
(၃) အခု ပန်းတိုင်က ငါ့ကို ကျေနပ်ပျော်ရွှင်စေမှာလား?
(၄) ဒီပန်းတိုင်ကြောင့် ငါ့ကိုယ်ငါ ဘာကောင်လို့ လက်မထောင်နိုင်ပြီး ငါ့ဘဝရဲ့ တန်ဖိုးတစ်ခု ဖြစ်လာမလား?
ဒီမေးခွန်းလေးတွေကို ဖြေပြီးမှ ပန်းတိုင်ချမှတ်ကြည့်ပါ။ ပိုပြီး မှန်ကန်တဲ့ပန်းတိုင်ဖြစ်ဖို့ နီးစပ်ပါလိမ့်မယ်။