အိမ်ထောင်တစ်ခု ထူထောင်တယ်ဆိုတာ ကံစမ်းရတဲ့ ဂိမ်းပွဲတစ်ခု မဟုတ်ဘူးလို့ ပြောကြပါတယ်။ အိမ်ထောင်သည်ဘဝဟာ သမီးရည်းစားဘဝက အခြေအနေတွေထက်စာရင် အများကြီးပြောင်းလဲသွားပြီး အိမ်ထောင်ရေးခရီးလမ်း ဖြောင့်ဖြူးသာယာနေဖို့ အချစ်ထက်ပိုပြီး အရေးကြီးတဲ့အရာတွေလည်း အများကြီးရှိလာနိုင်ပါတယ်။

အကယ်၍ ကွီးတို့အနေနဲ့ အိမ်ထောင်တစ်ခုစတင်ဖို့ စဉ်းစားနေတယ်ဆိုရင် အိမ်ထောင်မပြုခင်မှာ အခုပြောမယ့် မေးခွန်း လေးတွေ ကိုယ့်ကိုယ်ကို ပြန်မေးသင့်ပါတယ်။ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ပြန်လည်ဆန်းစစ်တယ်ဆိုတာ မှားရိုးထုံးစံမရှိပါဘူး။ ကဲဒါဆို အိမ်ထောင်မပြုခင် ကိုယ်ကိုယ်ကို ဘယ်မေးခွန်းတွေ ပြန်မေးရမလဲ လေ့လာကြည့်ရအောင်ပါ။

(၁) တစ်ယောက်ကိုတစ်ယောက် တကယ်လက်ခံနိုင်ပြီလား

married
Photo : Pinterest

လူတစ်ယောက်ကို တကယ်ချစ်ရင် ပြောင်းလဲဖို့ မကြိုးစားပါနဲ့တဲ့။ ဟုတ်ပါတယ် လူတစ်ယောက်နဲ့ တစ်ယောက်မှာ ဘယ်လောက်ထပ်တူကျတယ်ပြောပြော မတူကွဲပြားမှုတွေဆိုတာ ရှိကြစမြဲပါပဲ။ မတူညီမှုတွေကို ပြောင်းလဲဖို့ ကြိုးစားတာထက် လက်ခံပေးနိုင်မှသာ အချစ်ခရီးလမ်းက ဖြောင့်ဖြူးသာယာနိုင်မှာပါ။ ဒါကြောင့် ကိုယ့်လက်တွဲဖော်ဖြစ်လာမယ့် မိန်းကလေးနဲ့ပတ်သတ်ပြီး မတူကွဲပြားမှုတွေအားလုံးကို တစ်ယောက်နဲ့တစ်ယောက် အမှန်တကယ် လက်ခံနိုင်ရဲ့ လားဆိုတာ သေချာပြန်မေးသင့်ပါတယ်။

(၂) ဒီ Relationship မှာ ပျော်နိုင်ရဲ့လား

married Couple
Photo : The Knot

အိမ်ထောင်တစ်ခုတည်ဆောက်မယ်ဆိုရင် သူနဲ့ကိုယ်နဲ့ကြားက ဆက်ဆံရေးအခြေအနေကို တစ်ချက်ပြန်ကြည့်ဖို့ အရေးကြီးပါတယ်။ လက် ထပ်လိုက်တာဟာ Relationship တစ်ခုရဲ့ အဆင်မပြေမှုတွေအားလုံး ချုပ်ငြိမ်းသွားစေမှာ မဟုတ်ပါဘူး။ သမီးရည်းစားဘဝမှာ မပျော်ရွှင်နိုင်ရင် အိမ်ထောင်သည်ဘဝမှာလည်း ပျော်ရွှင်နိုင်ဖို့ မလွယ်ကူနိုင်ပါဘူး။ လက်ထပ်ပြီးရင်တော့ အားလုံးပြောင်းလဲသွားမှာပါလေဆိုတဲ့ အတွေးက လုံးဝမှားယွင်းတဲ့ စိတ်ကူးတစ်ခုပဲ ဖြစ်ပါတယ်။

(၃) အပေးအယူ မျှတမှုရှိရဲ့လား

married Couple
Photo : Time Magazine

အောင်မြင်ပျော်ရွှင်တဲ့ အိမ်ထောင်ရေးတစ်ခုရဲ့ အခြေခံအုတ်မြစ်က တစ်ယောက်နဲ့တစ်ယောက် အပေးအယူ မျှတမှုရှိဖို့ပါပဲ။ Relationship တစ်ခုမှာ နားလည်မှု ၊ ဂရုစိုက်ကြင်နာမှု ၊ ဖေးမကူညီမှုနဲ့ စွန့်လွှတ်အနစ်နာခံမှုတွေဟာ တစ်ဖက်တည်းကိုပဲ အားသာနေလို့ မရပါဘူး။ လက် ထပ်တယ်ဆိုတာကလည်း ဘဝတစ်ခုကို အတူတူမျှဝေခံစားတဲ့ သဘောတရားပါပဲ။ တစ်ယောက်ကိုတစ်ယောက် အပေးအယူ မျှတမှုရှိမှသာ အိမ်ထောင်ရေး အချစ်ခရီးလမ်းဖြောင့်ဖြူးသာယာနိုင်မှာ ဖြစ်ပါတယ်။

(၄) တစ်သက်လုံး အတူတူ နေထိုင်သွားချင်ရဲ့လား

married Couple

Photo : Married People

လက်ထပ်တယ်ဆိုတာ ရုပ်ရှင်တွေထဲကလို ပျော်ရွှင်ကြည်နူးစရာ မင်္ဂလာပွဲလေးတစ်ခုနဲ့ အဆုံးသတ်သွားတာ မဟုတ်ပါဘူး။ ကိုယ်လက်တွဲဖော်က ရှေ့ဆက်ရမယ့် ခရီးတစ်လျောက်လုံးမှာ ကိုယ်နဲ့အတူတူ ရှိနေမှာပါ။ ဆိုတော့ အချိန်တိုင်း သူမနဲ့ အတူတူရှိချင်တာ သေချာရဲ့လား။ မိုးလင်းမိုးချုပ် သူမကို မြင်ချင်တယ်ဆိုတာ သေချာလား။ တကယ်ရော နှစ်နှစ်ကာကာ ချစ်ရဲ့လား။ ကိုယ့်ရဲ့ အကြင်ဇနီးမယားအဖြစ် တစ်သက်လုံးချစ်မြတ်နိုး တန်ဖိုးထားပြီး ချစ်သွားဖို့ အဆင်သင့်ဖြစ်ပြီလား စတဲ့မေးခွန်းတွေ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ဆန်းစစ် ကြည့်သင့်ပါတယ်။

Featured Photo : Rubic.us