အလုပ်တစ်ခု လျှောက်ထားရာမှာ Resume ဟာ အလုပ်ရဖို့ တွန်းတင်ပေးနိုင်တဲ့ လှေကားတစ်စင်းပါ။ အခုမှ အလုပ်ရှာနေတာပဲ ဖြစ်ဖြစ် အလုပ်သစ်ပြောင်းဖို့ပဲ ဖြစ်ဖြစ် Resume ရေးတော့မယ်ဆိုရင် ဒီမေးခွန်းလေးတွေ အရင်မေးထားသင့်ပါတယ်။

(၁) Job Title က ဘာလဲ

Photo: Freepik

အရင်က အတွေ့အကြုံတွေအကြောင်း ပြောရာမှာ အလုပ်ရဲ့ နာမည် ၊ ကိုယ်လုပ်ခဲ့တဲ့ အရာတွေနဲ့ ကိုယ့်ရဲ့ Job Title အကြောင်းကို ချန်လှပ်ထားခဲ့ဖို့ မသင့်ပါဘူး။ ကိုယ်လုပ်ခဲ့တဲ့ အလုပ်တွေအကြောင်းကို Resume မှာ စိတ်ဝင်စားဖွယ်ဖြစ်အောင် ဆွဲဆောင်မှု ရှိရှိ ထည့်ပြောရမှာပါ။

(၂) ကိုယ်က တစ်ခြားသူတွေထက် ဘာထူးသလဲ

Photo: Freepik

Job Title ချင်း တူရင်တောင် တစ်ချို့မှာ မတူထူးခြားတဲ့ ကိုယ်ပိုင် အတွေ့အကြုံကောင်းတွေ ရှိကြပါတယ်။ ဒါကို ဖော်ထုတ်ပါ။ အရောင်းဝန်ထမ်းချင်း တူတယ်ဆိုရင် ကိုယ်ရောင်းချခဲ့တဲ့ ပစ္စည်းနဲ့ ဖောက်သည်အကြောင်း မိတ်ဆက်ဖို့နဲ့ အဲဒီအတွေ့အကြုံကို ဖော်ပြပေးဖို့ လိုပါတယ်။

(၃) ဒီအလုပ်နဲ့ ပတ်သက်ပြီး ကိုယ့်ကို စိတ်လှုပ်ရှားစေတဲ့ အရာက ဘာလဲ

Photo: Freepik

ဒီမေးခွန်းက ကိုယ့်ကိုယ်ကို အရင် ပြင်ဆင်ဇာတ်တိုက်ထားရမယ့် မေးခွန်းထဲမှာ ပါပါတယ်။ တစ်ချို့အလုပ်တွေမှာ ဦးဆောင်ခွင့်ရမှာမို့ စိတ်လှုပ်ရှားရတယ််၊ တစ်ချို့အလုပ်တွေမှာ ပညာရလို့ ၊ တစ်ချို့အလုပ်တွေမှာ နိုင်ငံရပ်ခြား ခရီးတွေ ပတ်ထွက်ရမှာမို့ စသည်ဖြင့် လူတစ်ယောက်ချင်းစီကို မတူညီတဲ့ စိတ်လှုပ်ရှားမှုတွေ ပေးတာမျိုး ရှိပါတယ်။
နောက်တစ်ခုက အဲ့ဒီစိတ်လှုပ်ရှားစရာ အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး ကိုယ့်မှာ အရည်အချင်းတွေ ရှိကြောင်းလည်း ပြသနိုင်ဖို့ လိုပါတယ်။ ဒါပေမယ့်လည်း တစ်ခါတစ်လေမှာ ကိုယ်မျှော်လင့်ထားတာနဲ့ ကုမ္ပဏီဘက်က ကမ်းလှမ်းတဲ့ အရာလည်း လွဲနေတာမျိုး ရှိတတ်ပါတယ်။

(၄) ကိုယ့်ရာထူးမှာ တွေ့ရမယ့် အောင်မြင်မှု ဆိုတာ ဘယ်လိုမျိုးလဲ

Photo: Freepik

အလုပ်တစ်ခုက နေ့စဉ်ပေးတဲ့ တာဝန်တွေကို ကျေအောင် လုပ်တာကို အလုပ်ဖြစ်တယ်လို့ ပြောလို့ရပါတယ်။ တစ်ခုရှိတာက တာဝန်ကျေရုံသက်သက်ဟာ ကိုယ့်ရဲ့ Success မဟုတ်ပါဘူး။ ကိုယ်ထူးထူးချွန်ချွန် အစွမ်းပြနိုင်တဲ့ အလုပ်ကို လုပ်တာကိုပဲ အောင်မြင်တယ်လို့ ဆိုရမှာပါ။
လူတစ်ယောက်ဟာ မတူညီတဲ့ နယ်ပယ်နှစ်နေရာစလုံးမှာ အလုပ်လုပ်နိုင်တယ်လို့ ဆိုရုံနဲ့ ဒါဟာ သူ့ကို အရောင်တင်ပေးနိုင်မှာ မဟုတ်ပါဘူး။ ကိုယ်အလုပ်လျှောက်တဲ့ Position ဟာ ကိုယ့်အနာဂါတ်ကို ညွှန်းနိုင်တဲ့ လမ်းပြမြေပုံတစ်ခု ဖြစ်သင့်ပါတယ်။

(၅) လျှောက်လွှာမှာ KeyWords တွေ ပါပြီလား

Photo: Freepik

အခုနောက်ပိုင်းမှာ ကုမ္ပဏီအကြီးတွေဟာ အလုပ်လျှောက်လွှာတွေကို အရည်အချင်းမှီမမှီ ဖတ်ပြီး ပယ်တာ/လက်ခံတာ လုပ်ပေးနိုင်တဲ့ Applicant Tracking Systems ဆိုတဲ့ ဆော့ဖ်ဝဲလ်ကို သုံးလာပါတယ်။ ဒီဆော့ဖ်ဝဲလ်ဟာ အလုပ်လျှောက်လွှာထဲက အရေးပါတဲ့ စကားလုံးတွေ KeyWords တွေကို ရှာပြီး အလုပ်နဲ့ ကိုက်မကိုက်ဆိုတာကို ဆုံးဖြတ်ပေးပါတယ်။

ဒီတော့ Resume တစ်ခု ရေးပြီဆိုရင် အသားပေးစကားလုံး KeyWords ဖြစ်တဲ့ အလုပ် Position ၊ Job Title ၊ Business Terms ၊ ဘွဲ့နဲ့ ဘာသာရပ် စတာတွေ သုံးပေးဖို့ အကြံပြုချင်ပါတယ်။