ကိုဗစ်ကာလ အလုပ်အကိုင်ပြောင်းဖို့ စဉ်းစားထားတယ်ဆိုရင် အရင်ကထက် ပိုပြီး ခေါင်းကြီးကြီးနဲ့ စဉ်းစားဖို့ လိုပါလိမ့်မယ်။ အခုလို ကာလမှာ အလုပ်အသစ်ပြောင်းတယ်ဆိုတာ စွန့်စားခန်းဖွင့်တာနဲ့လည်း တူပါတယ်။ ဒီတော့ ကိုဗစ်ကာလအတွင်းမှာ လက်ရှိအလုပ်ကနေ ထွက်ပြီး အလုပ်သစ်ရှာဖို့ စဉ်းစားနေတယ်ဆိုရင် ဒီမေးခွန်းလေးတွေ အရင်ဖြေကြည့်သင့်ပါတယ်။
(၁) အလုပ်အကိုင်ပြောင်းချင်တာလား ၊ ကိုဗစ်ကပ်အတွင်းမှာ အလုပ်လုပ်ရတာကို မကြိုက်တော့တာလား

Photo: Freepik
အရင်ဆုံး စဉ်းစားသင့်တဲ့ အချက်က တကယ်ပဲ အလုပ်အကိုင်ပြောင်းချင်တာလား။ ကိုဗစ်ကြောင့် အိမ်ထဲမှာပဲ နေရတဲ့ ဘဝကို စိတ်ကုန်နေတာလား။ ဥပမာ- ဆရာတစ်ယောက်ဟာ အခုလိုကာလမျိုးမှာ အိမ်ကနေပဲ Virtual Teaching စတိုင်နဲ့ သင်ရတာ အဆင်မပြေလို့လား။
(၂) အလုပ်မှာကို မပျော်တော့တာလား

Photo: Freepik
အလုပ်မှာ မပျော်ရွှင်ခြင်းဟာ ဒီနေ့ခေတ်မှာ အများဆုံး တွေ့ရတတ်တဲ့ ပြဿနာဖြစ်ပါတယ်။ လက်ရှိအလုပ်မှာ မပျော်လို့ ကိုယ်ပျော်နိုင်မယ့် အလုပ်တစ်ခုကို ပြောင်းမယ့်ကိစ္စကတော့ သိပ်ပြီး ပြောစရာမရှိပါဘူး။ ဒါပေမယ့် ကိုဗစ်ကြောင့် အလုပ်မှာ လစာလျှော့ခံရတာတွေ / လုပ်ငန်းခွင် ပံ့ပိုးမှုတွေ မရတော့လို့ / အလုပ်ခွင်ပုံစံသစ်မှာ အဆင်မပြေတော့လို့ မပျော်တာမျိုးဆိုရင် နည်းနည်း ပိုစဉ်းစားရမှာပါ။
(၃) အလုပ်အကိုင်သစ်ကို ဘာကြောင့် ပြောင်းချင်တာလဲ

Photo: Freepik
ဒါက အဓိကမေးခွန်းပါ။ ဘာကြောင့် ပြောင်းချင်တာလဲ။ ကိုယ့်ရဲ့ အခုအလုပ်က တက်လမ်းမရှိလို့လား။ ရေရှည်မှာ အဆင်မပြေဖြစ်နိုင်လို့လား။ ပိုတိုးတက်မယ့် အခွင့်အလမ်းသစ်တွေဆီ သွားချင်လို့လား။ ဆက်စပ်မေးခွန်းတွေ အများကြီး ထွက်လာပါလိမ့်မယ်။
(၄) ငါ့စိတ်အခြေအနေ အခု တကယ်ပုံမှန်ဟုတ်ရဲ့လား

Photo: Freepik
ဒီလိုပြောလို့ သင့်ကို ခပ်ကြောင်ကြောင် ဖြစ်သွားပြီလို့ မဆိုလိုပါဘူး။ ကိုဗစ်ကာလမှာ လူတွေရဲ့ စိတ်ဟာ မကြုံစဖူး အဆိုးဆုံး ထိုးကျမှုတွေ ၊ စိတ်ခံစားချက်မတည်မငြိမ်ဖြစ်မှုတွေ မြင့်တက်လာနေလို့ပါ။ စိတ်ထိခိုက်နေချိန်မှာ ဘာကိုမှ လက်လွတ်ခြေလွတ်မဆုံးဖြတ်လိုက်တာ ကောင်းပါတယ်။ အလုပ်ကနေ ရက်ရှည် ခွင့်ယူနိုင်ရင် ခွင့်ယူလိုက်ပြီး ကောင်းကောင်းအနားယူလိုက်ပါ။ စိတ်ပင်ပန်းစေမယ့်အရာတွေကနေ ခဏလောက် ရှောင်ပြေးလိုက်ပါ။
