ဟိုးအရင်တုန်းကတည်းက တက်တူးထိုးတယ်ဆိုတာက ရှိခဲ့တယ်ဆိုပေမယ့် အမျိုးသားတိုင်း ထိုးကြတာမဟုတ်ပါဘူး။ ဒါပေမယ့် အစစအရာရာ ပြောင်းလဲလာတာနဲ့အညီ ယနေ့ခေတ်အမျိုးသားအများစုက တက်တူးထိုးတာကို စိတ်ဝင်စားလာကြပါပြီ။

တက်တူးဒီဇိုင်းမျိုးစုံရှိတဲ့အထဲမှာမှ တစ်ကိုယ်လုံးထိုးတာ၊ သေးသေးလေးတွေပဲထိုးတာ၊ ခန္ဒာကိုယ်ရဲ့ အစိတ်အပိုင်းတချို့မှာပဲ ထိုးတာမျိုးတွေကို လုပ်လာကြတယ်ဆိုပေမယ့်လည်း ကိုယ့်ကိုယ်ပေါ် ဘာတက်တူးမှမတင်ခင် အရင်ဆုံး မေးခွန်းလေးတွေ ပြန်မေးကြည့်လိုက်ပါ။

ဒီမေးခွန်းလေးတွေကို ကိုယ့်ကိုယ်ကို ပြန်မေးပြီးမှ တက်တူးထိုးဖို့ ဆုံးဖြတ်မယ်ဆိုရင်လည်း နောက်မကျသေးတာမို့ အရင်ဆုံး မေးဖြစ်အောင်မေးကြည့်လိုက်နော်။

တက်တူးဘာကြောင့်ထိုးချင်တာလဲ။

Source: Los Angeles Magazine

တက်တူး ဘာကြောင့်ထိုးချင်တာလဲ။ တက်တူးထိုးချင်တာ အကြောင်းပြချက်မရှိလို့တော့ မရပါဘူး။ တက်တူးမှမဟုတ်ပါဘူး။ ဘာပဲလုပ်လုပ် အကြောင်းပြချက်တွေရှိပါတယ်။ တက်တူးထိုးဖို့ ကိုယ့်မှာ ခိုင်လုံတဲ့အကြောင်းပြချက် သိပြီလား။

ဘာပုံစံကို ဘယ်နေရာမှာ ထိုးချင်တာလဲ။

Source: Shilpa Ahuja

တက်တူးဆိုတာ ကိုယ့်အတွက် အရေပြားမှာ ထိုးသွင်းရမယ့်နေရာပါ။ ဒီတော့ ဘယ်နေရာမှာ ထိုးချင်တာလဲ ဘာပုံစံထိုးချင်တာလဲဆိုတာကို တိတိကျကျ သိရမှာပါ။ အဆင်ပြေမယ့်နေရာမှာ အဆင်ပြေတဲ့ပုံ ထိုးမယ်ဆိုရင်တော့ တက်တူးထိုးမယ့် ကိစ္စကို ခဏအချိန်ယူပြီး စဉ်းစားပါ။

တကယ်လိုအပ်လား။

Source: Cosmopolitan

တက်တူးထိုးဖို့ တကယ်ရော လိုအပ်တာလား။ တက်တူးထိုးမယ့်အကြောင်းပြချက်ကိုကော ခိုင်ခိုင်လုံလုံ သိရပြီလားဆိုတာ အထပ်ထပ်စဉ်းစားဖို့တော့လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တက်တူးဟာ တခြားအရာတွေနဲ့ လုံးဝမတူတဲ့အရာဖြစ်နေလို့ပါ။

တက်တူးက ရလာမယ့် ကောင်းကျိုးဆိုးကျိုးကို လက်ခံနိုင်လား။

Source: The Manual

တက်တူးထိုးတဲ့နေရာမှာလည်း ကောင်းကျိုး ဆိုးကျိုးဆိုတာ ဒွန်တွဲနေတာပါ။ ကိုယ်က တက်တူးထိုးပြီး ရလာမယ့်ကောင်းကျိုးဆိုးကျိုးတွေကို တကယ်ရော လက်ခံနိုင်ပြီလားဆိုတာကိုလည်း တစ်ချက် သေချာစဉ်းစားချင့်ချိန်ဖို့ လိုအပ်ပါတယ်။

ကိုယ်ထိုးမယ့်တက်တူးအရုပ်နဲ့ ကိုယ်နဲ့ လိုက်ဖက်မယ်လို့ ထင်လား

Source: Healthline

ကိုယ်ထိုးမယ့် တက်တူးပုံစံ အရုပ်ကို ရွေးချယ်ပြီးပြီဆိုရင်တော့ အဲဒီ အရုပ်ပုံစံဟာ ကိုယ်နဲ့ တကယ်ရော လိုက်ဖက်မှုရှိရဲ့လားဆိုတာကို သေချာစဉ်းစားရပါမယ်။ အသားနာလည်း ခံထားရတယ်၊ ပိုက်ဆံလည်း အကုန်ခံထားရတဲ့ကြားထဲ ပုံက ကိုယ်နဲ့ မလိုက်မဖက်ဖြစ်လို့ လူတွေ ဝိုင်းလှောင်တာခံရမယ်ဆိုရင်တော့ မတန်ပါဘူးလို့ပဲ ပြောပါရစေ။