စိတ်ဖိစီးမှုဆိုတာ မကြိုဆိုပဲရောက်လာတက်တဲ့ ဧည့်သည်ဆိုးလို့ပြောရမှာပါပဲ။ အခုလိုကိုဗစ်ကာလမှာ စိတ်ဖိစီးမှုနှင့် စိတ်ပိုင်းဆိုင်ရာခံစားချက်တွေက အဆိုးဘက်ကိုပိုပြီး အားသာနေတက်ပါတယ်။ သင့်အနေနဲ့ တနေ့တာမှာ မမျှော်လင့်ပဲ စိတ်ဖိစီးစရာကိစ္စတွေကြုံလာရတယ်ဆိုရင်တော့ အခုပြောပြမယ့်နည်းလမ်းတွေသုံးကြည့်ခြင်းဖြင့် မိနစ်ပိုင်းအတွင်းမှာ စိတ်ဖိစီးမှုလျော့ကျသွားမှာပါ။

(၁) အသက်ပြင်းပြင်းရှုပါ

Source : Medical News Today

အချိန်တိုအတွင်း စိတ်ဖိစီးမှုအမြန်ဆုံးလျော့ကျစေမယ့် အထိရောက်ဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ အသက်ရှု့လေ့ကျင်းခန်းကို စိတ်ဖိစီးမှုတွေကြုံတွေ့လာတဲ့အခါတိုင်းမှာ သင့်ရဲ့လက်ကိုဝမ်းဗိုက်ပေါ်တင်ထားပြီး လေကိုခပ်ပြင်းပြင်း ဝမ်းဗိုက်အတွင်းထိ ရောက်အောင် ရှုသွင်းရှုထုတ်လုပ်ကြည့်ပါ။ မိနစ်ပိုင်းအတွင်း စိတ်ဖိစီးမှုလျော့ကျသွားပါလိမ့်မယ်။

(၂) ပီကေဝါးပါ

Source : India TV News

ပီကေဝါးခြင်းကလည်း ရှုပ်ထွေးနေတဲ့ စိတ်ကိုအမြန်ဆုံးပြန်လည်တည်ငြိမ်လာစေပြီး အချိန်တိုအတွင်းမှာ စိတ်ဖိစီးမှုလျော့ကျစေမယ့် နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ အကောင်းဆုံးကတော့ သကြားမပါတဲ့ sugar free gum လေးတွေဆောင်ထားသင့်ပါတယ်။

(၃) ဟက်ဟက်ပက်ပက်ရယ်ပါ

Source : Meetup

စိတ်လွတ်လက်လွတ် ဟက်ဟက်ပက်ပက် ရယ်လိုက်ခြင်းက သင့်ရဲ့ခန္ဓာကိုယ်အတွင်းသို့ အောက်ဆီဂျင်ပိုမိုရောက်စေပြီး စိတ်ဖိစီးမှုတွေကို အမြန်ဆုံးလျော့ကျစေပါတယ်။ ဒါကြောင့်စိတ်ဖိစီးနေချိန်မှာ TRY NOT TO LAUGH လိုမျိုး You Tube က ဟာသဗီဒီယိုလေးတွေကြည့်ပြီး အားရပါးရ ရယ်လိုက်ပါ။

(၄) ချောကလက်စားပါ

Source : Freepik

စိတ်ဖိစီးနေချိန် သင့်အနီးအနားမှာ ချောကလက်ရှိတယ်ဆိုရင် ကံကောင်းတယ်လို့ မှတ်ပါ။ ချောကလက်က စိတ်ခံစားမှုကိုမြင့်တင်ပေးပြီး စိတ်ကိုပြန်လည်ကြည်လင်လန်းဆန်းလာစေနိုင်ပါတယ်။ အမဲရောင် dark chocolate စားပေးမယ်ဆိုရင်ပိုကောင်းပါတယ်။