စိတ်ဖိစီးမှုဆိုတာ လူတိုင်းကြုံတွေ့ရနိုင်တဲ့ ကိစ္စတစ်ခုပါ။ စိတ်ဖိစီးမှုတွေ ဝင်ရောက်လာရင် စိတ်ရောလူပါ ပင်ပန်းနွမ်းနယ်ခြင်းတွေကိုခံစားရစေပြီး ဘားမှမလုပ်ချင်မကိုင်ချင်ဖြစ်ရပါတယ်။ ဒီနေ့မှာတော့ စိတ်ဖိစီးမှုတွေဖြစ်လာတဲ့အခါတိုင်းမှာ လုပ်ဆောင်ပေးသင့်တဲ့ အရာလေးတွေကိုပြောပြပေးမှာဖြစ်ပါတယ်။
(၁) အသက်ရှုပါ
Source : Science Times
နှာခေါင်းထပ်ဖျားလေးကနေတဆင့် ဖြည်းဖြည်းနဲ့ ခပ်ပြင်းပြင်း အသက်ရှုခြင်းဟာ သွေးပေါင်ချိန်နှင့် နှလုံးခုန်နှုန်းကိုလျော့ကျစေတာကြောင့် စိတ်ရှုပ်ထွေးမှုများ စိတ်ဖိစီးမှုများကို အလျင်အမြန်လျော့ကျစေပါတယ်။ ဒီနည်းလမ်းဟာ အပ်စိုက်ကုထုံးကဲ့သို့ပဲ စိတ်နဲ့ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင်ပြုလုပ်ပေးပြီး စိတ်ဖိစီးမှုကိုသက်သာစေတာဖြစ်ပါတယ်။
(၂) သီချင်းနားထောင်ပါ
Source : Freepik
တေးဂီတကလူတွေရဲ့ စိတ်ကိုပြောင်းလဲနိုင်စွမ်းရှိပါတယ်။ စိတ်ညစ်နေသူကိုပျော်အောင်လုပ်ပေးနိုင်သလို စိတ်ဓာတ်ကျနေသူကို တက်ကြွရွှင်လန်းအောင် တေးဂီတကစွမ်းဆောင်ပေးနိုင်ပါတယ်။ဒါကြောင့် စိတ်ဖိစီးမှုတွေဖြစ်လာတဲ့အချိန်တိုင်း သာယာငြိမ့်ညောင်းမှုရှိတဲ့ ဂန္တဝင်တေးသီချင်းတွေကို ခဏလောက်အချိန်ပေးပြီး နားဆင်ကြည့်လိုက်ပါ။
(၃) လမ်းမြန်မြန်လျောက်ပါ
Source : www.focusfitness.net
စိတ်ဖိစီးမှုများပြီး ဘယ်အရာကိုမှ အာရုံစူးစိုက်လို့မရဖြစ်နေရင် အိမ်ပြန်ထွက်ပြီး လမ်းမြန်မြန်လျောက်လိုက်ပါ။ လေကောင်းလေသန့်ရှုရှိုက်ပြီး လမ်းမြန်မြန်လျောက်လိုက်ခြင်းအားဖြင့်သင့်ရဲ့ စိတ်ဖိစီးမှုတွေကို မျက်စိတစ်မှတ်အတွင်းမှာတင် ပျောက်ကွယ်သွားစေပြီး အာရုံစူးစိုက်နိုင်စွမ်းတွေ ပြန်လည်ရရှိလာမှာဖြစ်ပါတယ်။
(၄) နေရောင်ခြည်ရှိတဲ့နေရာမှာနေပါ
Source : Healthline
နေရောင်ခြည်ရဲ့ တောက်ပတဲ့အလင်းတန်းတွေက စိတ်ဖိစီးမှုနှင့်စိတ်ကျရောဂါကို အကောင်းဆုံးကုစားပေးနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ဒါကြေင့် စိတ်ဖိစီးနေတယ်ဆိုရင် အမှောင်ခန်းထဲမှာ ထိုင်နေတာထက်တာစာရင် တောက်ပတဲ့နေရောင်ခြည်အလင်းတန်းတွေနဲ့ တိုက်ရိုက်ထိတွေ့နိုင်မဲ့ ဝရံတာလိုနေရာမျိုးမှာနေသင့်ပါတယ်။
(၅) နောက်ပြန်ရေတွက်ပါ
Source : Verywell Mind
စိတ်ဖိစီးမှုတွေ စိုးရိမ်စိတ်တွေအရမ်းကိုလွန်ကဲလာပြီဆိုရင် ၁၀ ကနေ ၁ အထိ ဖြည်းဖြည်းချင်းနောက်ပြန်ရေတွက်ကြည့်ပါ။ (၁၀) မိနစ်လောက်အချိန်ယူပြီးလုပ်ဆောင်ပေးမယ်ဆိုရင် စိတ်ဖိစီးမှုတွေ စိုးရိမ်စိတ်တွေပြန်လည်လျော့ကျလာမှာဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ နှလုံးခုန်နှုန်းကိုလျော့ကျစေပြီး စိုးရိမ်ပူပင်စိတ်များ ပြန့်လွင့်နေခြင်းကို အကောင်းဆုံးပြန်လည်စုစည်းနိုင်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။