ကျွန်တော်တို့ အတော်များများ တစ်ခါတလေ Focus ပျောက်ခဲ့ဖူးတာပါပဲ။ ဘာကို အာရုံစိုက်ရမယ်မှန်း မသိဖြစ်တာတွေလည်း ခဏခဏပါပဲ။ စိတ်ထဲမှာ ဘာမှ မလုပ်ချင် မကိုင်ချင်ဖြစ်ပြီး ပျင်းရိငြီးငွေ့နေတာလည်း ဖြစ်ဖူးကြမှာပါ။ ဒီလိုမျိုး အာရုံစိုက်မရ ဖြစ်တတ်သူတွေအဖို့ အကျိုးများမည့် နည်းလမ်းတချို့ မျှဝေပေးလိုက်ပါတယ်။

(၁) တစ်ခုနှစ်ခုလောက်ပဲ အာရုံစိုက်ပါ

Focus On One Things

Photo; Unsplash

တွေ့ကရာတွေ အကုန်လိုက်အာရုံစိုက်နေရင် အာရုံအပြည့်အဝ စိုက်နိုင်မှာ မဟုတ်ပါဘူး။ ဒီလို ဖြစ်နေချိန်မှာ တစ်ကြိမ်မှာ တစ်ခုပဲ လုပ်မယ်လို့ ဆုံးဖြတ်ပြီး လုပ်လို့ လွယ်ပြီး ကိုယ့်ကိုလည်း ပျော်ရွှင်စေမယ့်အလုပ်တစ်ခုကို ကောက်လုပ်လိုက်ပါ။

(၂) လေ့ကျင့်ခန်း လုပ်ပါ

Exercise

Photo; Unsplash

ပျင်းနေရင် ၊ ဘာကိုမှ အာရုံစိုက်မရရင် ၁၀ မိနစ် ၁၅ မိနစ်လောက်ဖြစ်ဖြစ် အားကစားလုပ်ကြည့်ပါ။ Gym မသွားချင်ရင်လည်း အကြောလျှော့တာ ၊ လမ်းလျှောက်တာမျို လုပ်နိုင်ပါတယ်။

(၃) အနားယူပါ

Rest

Photo; Unsplash

ပြည့်ပြည့်ဝဝ အနားယူခြင်းက သင့်ကို အားပြန်ဖြည့်ပေးလိုက်သလို ဖြစ်ပြီး စိတ်ကို ပိုစုစည်းမိစေနိုင်ပါတယ်။ တောက်လျှောက် အလုပ်လုပ်လာခဲ့လို့ ဖြစ်ဖြစ် ငြီးငွေ့ပင်ပန်းနေတယ် ခံစားရရင် ခဏနားပါ။ ဒါမှမဟုတ် အိပ်လိုက်ပါ။ အနားယူထားတဲ့ ခန္ဓာကိုယ်ဟာ အကောင်းဆုံး Level နဲ့ အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။

(၄) စိတ်ကို ရှင်းပါ

Clear Your Mind

Photo; Unsplash

Focus ပျောက်နေရင် ကိုယ်နေတဲ့ အခန်းကိုလည်း ရှင်းပါ။ ကိုယ့်စိတ်ကိုလည်း ရှင်းလင်းပါ။ ကိုယ့်အနားမှာ ရှိတဲ့ ရှုပ်ပွနေတဲ့ အရာတွေ ရှင်းတာလိုပါပဲ။ တစ်လျှောက်လုံး ရှုပ်ထွေးနောက်ကျိနေတဲ့စိတ်ကို အချိန်ပေးပြီး စိတ်ရှင်းလင်းရေး လုပ်ပါ။ ဥပမာ- ယောဂ ကစားတာ ၊ တရားထိုင်တာလိုမျိုး ဖြစ်ပါတယ်။