ဉာဏ်ကောင်း မကောင်း တိုင်းတာခြင်းသည် လွယ်ကူတဲ့အရာတစ်ခုတော့မဟုတ်ပါဘူး။ ဒါပေမဲ့ သိပ္ပံနည်းကျလေ့လာချက်များအရ ဉာဏ် ကောင်းသူများသာ ပြုလုပ်လေ့ရှိတဲ့အချက်အချို့ကို အံ့အားသင့်ဖွယ်ရာ တွေ့ရှိထားပါတယ်။ သင်ရော ဉာဏ်ကောင်းတဲ့သူတစ်ယောက်လားဆိုတာကို အခုဖော်ပြပေးမယ့်အချက်များဖြင့် တိုက်စစ်နိုင်ပါတယ်။

သင့်စားပွဲက အမြဲတမ်းရှုပ်ပွနေသလား

characteristics of intelligent men

Photo Source: Rd.com

ဉာဏ်ကောင်းတဲ့သူတွေအတွက်တော့ ရှုပ်ပွနေတဲ့စားပွဲက သူတို့ရဲ့တီထွင်ကြံဆနိုင်စွမ်းကို မြှင့်တင်ပေးတယ်လို့ ပြောကြားထားပါတယ်။ သူတို့ည် ပြဿနာတစ်ခု (သို့) ကိစ္စရပ်တစ်ခုကို အာရုံစိုက်ရတဲ့အတွက်ကြောင့် စားပွဲကို သပ်သပ်ရပ်ရပ်ထားဖို့ မေ့သွားတတ်ကြတာပါ။

နောက်ကျတဲ့အထိ မအိပ်ခြင်း

characteristics of intelligent men

Photo Source: Girlsaskguys.com

ညနက်တဲ့အထိ မအိပ်ခြင်းက ကျွန်တော်တို့ရဲ့ကျန်းမာရေးကို ထိခိုက်စေတာတော့အမှန်ပါပဲ။ ဒါပေမဲ့ သုတေသနလေ့လာချက်အရ တစ်ကိုယ်တည်းနဲ့ အတွေးနယ်ချဲ့တတ်သူများသည် ညနက်တဲ့အထိ မအိပ်ဘဲနေတဲ့ လူသားဇီးကွက်များဖြစ်ကြတယ်လို့ ပြောကြားထားပါတယ်။

ရေအေးဖြင့် ရေချိုးရတာကို ကြိုက်နှစ်သက်ခြင်း

characteristics of intelligent men

ရေအေးဖြင့် ရေချိုးခြင်းသည် စိတ်ညစ်စရာများ၊ ပင်ပန်းနွမ်းနယ်ခြင်းများကို လျော့ကျစေပြီး စိတ်ခံစားချက်များကို ကောင်းမွန်စေကာ မှတ်ဉာဏ်စွမ်းအားလည်း မြင့်မားစေတယ်လို့ သိရှိရပါတယ်။ ဉာဏ်ကောင်းသူများသည်လည်း ရေအေးဖြင့် ရေချိုးရတာကို ကြိုက်နှစ်သက်ကြပါတယ်။

ထမင်းစားတဲ့အခါ အသံမြည်အောင် စားခြင်းကို မနှစ်မြို့ကြဘူး

characteristics of intelligent men

တစ်စုံတစ်ယောက်က သင့်အနားမှာ လာထိုင်ပြီး ထမင်းစားတဲ့အခါ အသံမြည်အောင် စားနေမယ်ဆိုရင် သင် ဘယ်လိုခံစားရပါသလဲ။ သုတေသနလေ့လာချက်အရ ဉာဏ်ကောင်းသောသူများသည် အသံမြည်အောင် ထမင်းစားခြင်းကို မနှစ်မြို့ကြဘူးလို့ သိရှိရပါတယ်။ ထိုအသံက သူတို့ရဲ့အတွေးကို နှောင့်ယှက်နေတယ်လို့ သူတို့ဦးနှောက်က မှတ်ယူနေကြတာပါ။

ဟိုခြစ် ဒီခြစ်နဲ့ လျှောက်ခြစ်ရတာကို နှစ်သက်တယ်

characteristics of intelligent men

Photo Source: Cnet.com

အင်္ဂလန်နိုင်ငံမှ စစ်တမ်းတစ်ခုအရ ဟိုခြစ် ဒီခြစ်နဲ့ ရေးခြစ်တတ်ကြသူတွေသည် ပြဿနာဖြေရှင်းရာမှာ တော်ကြပြီး ဉာဏ်ကောင်းတဲ့သူတွေလို့ လေ့လာသိရှိရပါတယ်။ ထိုကဲ့သို့ ရေးခြစ်ခြင်းသည် ၂၉ ရာခိုင်နှုန်းသော မှတ်ဉာဏ်များကို ပြန်လည်တူးဖော်နိုင်တယ်လို့ သိရှိရပါတယ်။

Source: Thehealthy.com

Featured Image Source: Reader’s Digest Asia