တက်တူးဆိုတာ လူတစ်ယောက်ရဲ့ အရေပြားပေါ်က အဓိပ္ပါယ်ပါပဲ။ တက်တူးပေါ်က ပုံတစ်ခု စာသားတစ်ကြောင်းဟာ သူ့ရဲ့ ခံယူချက်လို့လည်း ပြောနိုင်ပါတယ်။ ဒါကြောင့် ကိုယ်တက်တူးကို ပြန်ကြည့်တိုင်း စိတ်ခွန်အားဖြစ်စေမယ့် Quotes အိုင်ဒီယာလေးတွေအကြောင်း ပြောပြချင်ပါတယ်။
ကိုယ်က စိတ်သောကရောက်လွယ်တယ်။ ရှေ့ရေး နောက်ရေးအကြောင်းတွေ သိပ်စဉ်းစားလွန်းနေတယ်ဆိုရင် လက်ရှိ ပစ္စုပ္ပန်အချိန်ကို အာရုံပြုနိုင်စေဖို့ ကိုယ့်ခန္ဓာကိုယ်မှာ Be Here Now လို့ ထိုးထားနိုင်ပါတယ်။ အနုပညာမြတ်နိုးတဲ့ စိတ်ရှိတယ်။ အလှအပကို ခံစားခြင်းကို ချီးမွမ်းချင်တယ်ဆိုရင် A Thing of Beauty Is A Joy Forever ဆိုတဲ့ အင်္ဂလန်ကဗျာဆရာကြီး ဂျွန်ကိစ်ရဲ့ ကဗျာတစ်ပိုဒ်ကို တက်တူးထိုးသင့်ပါတယ်။
Photo: Pinterest
ဘဝမှာ အဆိုးလောကဓံတွေဆိုတာလည်း ကြုံစမြဲပါပဲ။ အညံ့ကြုံလို့ အလင်းရောင် မမြင်ရအောင် မှောင်နေတဲ့ အချိန်မှာ ကိုယ့်ကိုယ်ကိုယ် အကောင်းမြင်အောင် အားတင်းထားဖို့ ဆိုရင် But Without The Dark, We’d Never See The Stars ဆိုတဲ့ စာသားကို အမြဲတမ်းမြင်ရမယ့် ကိုယ့်လက်ဖျံလို နေရာမှာ တက်တူးထိုးဖို့ အကြံပေးချင်ပါတယ်။ ဒါမှမဟုတ်လည်း Fall Down Seven Times, Stand Up Eight ဆိုတာမျိုးပေါ့။
မျှော်လင့်ချက်တွေ အိပ်မက်တွေကို တကယ်ဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် စိတ်ခွန်အားပြန်ပေးချင်တဲ့သူတွေလည်း ရှိမှာပါ။ ဒါဆို ကိုယ့်ကိုယ်ကိုယ် ဘဝထဲမှာ အိပ်မက်မက်နေသလို တွေဝေမနေဖို့ ၊ အိပ်မက်တွေနဲ့ ရှင်သန်နေစေဖို့ Don’t Dream Your Life , Live Your Dream လို့ ရေးထားနိုင်ပါတယ်။ အရှုံးတွေ ကြုံလာရင် စိတ်မပျက်ဘဲ အရှုံးထဲကနေ သင်ခန်းစာ ထုတ်တတ်ဖို့အတွက်လည်း Never A Failure , Always A Lesson ဆိုပြီးလည်း တက်တူးထိုးနိုင်ပါတယ်။
Photo: Man of Many
ကိုယ်ကျင့်တရားပိုင်းမှာ အမြဲပဲ မြင့်မြတ် မှန်ကန်သူဖြစ်အောင် နေထိုင်မယ်လို့ ကိုယ့်ကိုယ်ကိုယ် တိုက်တွန်းတဲ့ No Matter Who You Are, Always Be The Good One စာမျိုး ၊ အရေးမပါတဲ့ အရာတွေနဲ့ ကိုယ့်ကို ထိခိုက်နာကျင်စေတဲ့အရာတွေ လွှတ်ချတတ်ဖို့ Let It Be ၊ ဘဝဟာ လှပနေတယ်ဆိုတဲ့အကောင်းမြင်မှုမျိုးနဲ့ နေနိုင်ဖို့ La Vie Est Belle ( Life Is Beautiful) နဲ့ နည်းနည်းလေးဖြစ်ပါစေ ပျော်ရွှင်နိုင်ပါစေ Enjoy The Little Things ဆိုတဲ့ စာသားမျိုးတွေလည်း တက်တူးအဖြစ် ထိုးသင့်တဲ့ Quotes တွေ ဖြစ်ကြောင်း မျှဝေလိုက်ပါတယ်။