နာမည်ကြီးပုဂ္ဂိုလ်တွေရဲ့ မှတ်သားဖွယ်ရာပြောစကားများ
Maya Angelou
လူတွေက သင်ဘာပြောခဲ့သလဲ၊ သင်ဘာတွေလုပ်ပေးခဲ့သလဲဆိုတာတွေကို မေ့သွားကောင်းမေ့သွားပါလိမ့်မယ်။ ဒါပေမဲ့သူတို့ဟာ သူတို့ကို ခံစားရအောင်လုပ်ခဲ့တဲ့ သူကိုဘယ်တော့မှ မမေ့တတ်ကြဘူး။
Nelson Mandela

Source: History
သတ္တိရှိတယ်ဆိုတာ ကြောက်စိတ်မရှိတဲ့သူကို ပြောတာမဟုတ်ပါဘူး။ သတ္တိရှိတယ်ဆိုတာ မကြောက်တတ်တဲ့တာကိုပြောတာမဟုတ်ပါဘူး။ ကြောက်စိတ်ရှိပြီးတော့ အဲ့ဒီကြောက်တဲ့စိတ်ကို အနိူင်ယူနိူင်တဲ့သူကို သတ္တိရှိတယ်လို့ ခေါ်ကြတာပါ။
Martin Luther King
ငါတို့တွေအတွက် အရေးကြီးတဲ့ ကိစ္စတွေ မပြောကြတော့တဲ့အချိန်ကြရင် ငါတို့တွေရဲ့ဘဝ အဆုံးသတ်ကို ရောက်ဖို့နီးနေပါပြီ။
Lev Tolstoy
လူတိုင်းက ကမ္ဘာကြီးကို ပြောင်းလဲဖို့ တွေးကြတယ်။ ဒါပေမဲ့သူတို့ကိုယ်တိုင်က မပြောင်းလဲချင်ကြဘူး။
Albert Einstein
အောင်မြင်ဖို့အတွက် အသက်မရှင်ပါနဲ့။ တန်ဖိုးရှိဖို့အတွက် အသက်ရှင်ပါ။
Walt Whitman
နေကိုမျက်နှာမူကို လျှောက်ပါ။ အရိပ်တွေက သင့်နောက်မှာ ကျန်ခဲ့ပါလိမ့်မယ်။
Steve Jobs

Source: Inc.com
အချိန်ဆိုတာ အကန့်အသတ် ရှိပါတယ်။ ဒါကြောင့် သင့်ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို တခြားမထိုက်တန်တဲ့သူတွေအတွက် မဖြုန်းမိပါစေနဲ့။
Mar Twain
ဘဝမှာ အရေးကြီးဆုံး ရက် (၂) ရက်ရှိပါတယ်။ သင်မွေးဖွားတဲ့ ရက်နဲ့ ဘာကြောင့်သင်မွေးဖွားလာရတယ်ဆိုတာ ရှာဖွေတွေရှိသွားတဲ့ နေ့ပါပဲ။
Eleanor Roosevelt

Source: Britannica
မိမိကိုယ်ကို နိမ့်ကျတယ်လို့ ခံစားရအောင် မိမိခွင့်မပြုချက်မပါဘဲ ဘယ်သူမှ မလုပ်နိူင်ပါဘူး။
Farrah Gray
ကိုယ့်အိပ်မက်ကို ကိုယ်ကိုတိုင်အကောင်အထည်ဖော်ပါ။ ဒီလိုမှမဟုတ်ရင်တော့ တခြားလူတွေက သူတို့ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ သင့်ကို ငှားရမ်းသွားပါလိမ့်မယ်။
