ဟောလိဝုဒ် အကျော်အမော်တစ်ဦးဖြစ်တဲ့ ကီအာနူ ရိဗ်စ် ရဲ့ငယ်ဘဝဟာ ပရိသတ်တွေ ထင်ထားသလောက် မချောမွေ့ခဲ့ပါဘူး။ သူ့အသက် (၃) နှစ်အရွယ်မှာ အဖေဖြစ်သူက အိမ်ကနေထွက်သွားခဲ့ပါတယ်။ သူ့အစ်မဖြစ်သူက သွေးကင်ဆာဖြစ်နေ ကြောင်းသိခဲ့ရတယ်။ ဒါပေမယ့် သူဟာ ဟောလိဝုဒ်မှာ နာမည်ကျော်ကြားတဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်အောင် ကြိုးစားရုန်းကန်နိုင်ခဲ့တယ်။ အခုတော့ သူဟာ ပရိသတ်အချစ်တော်ကြီး တစ်ယောက်ဖြစ်နေပါပြီ။

ဒီနေ့ kwee page က ရုပ်ရှင်မင်းသားကြီး ကီအာနူ ရိဗ်စ် ရဲ့မှတ်သားဖွယ်ရာ စကားအချို့ကို ထုတ်နုတ်ပြီး ဖော်ပြပေးလိုက်ပါတယ်။

အမျိုးသမီးတစ်ယောက်ကို ရယ်မောအောင် ပြုလုပ်နိုင်တယ်ဆိုရင်တော့ သင်ဟာ ကမ္ဘာပေါ်မှာ အလှပဆုံး အရာကို ကြည့်နေပါတယ်။

Source: CBC.ca

ဘဝမှာ ကြုံတွေ့ခဲ့ရတဲ့ အခတ်အခဲတိုင်းက သင့်ကို ဒီနေ့ထိရောက်အောင် ပုံဖော်ပေးတာပါ။ အခက်အခဲတွေကို ကျေးဇူးတင်လိုက်ပါ။ သူတို့တွေက သင့်ကို သန်မာလာအောင် ပြုလုပ်ပေးပါတယ်။

တစ်ခါတစ်လေ ရန်သူတွေက သင့်ရဲ့အကောင်းဆုံး ဆရာတွေဖြစ်နိုင်ပါတယ်။ လူတွေက အမှားတွေကနေတဆင့် သင်ခန်းစာ ယူနိုင်ပါတယ်။

မနက်ဖန်ဆိုတာ အာမခံချက်မရှိပါဘူး။ ဒါကြောင့် ဒီနေ့မှာ နေထိုင်ပါ။

Source: Solo Moto

တစ်ခါတစ်လေ ရိုးရှင်းတဲ့အရာတွေကို အရမ်းကို ခက်ခဲတက်ကြတယ်။

သောကပူဆွေးမှုတွေက ပုံစံအမျိုးမျိုးရှိကြတယ်။ ဒါပေမယ့် ဘယ်တော့မှ ကုန်ဆုံးမသွားဘူး။

အနုပညာဆိုတာ တခြားလူတွေဆီကနေ ကောင်းတဲ့အရာတွေကို ရှာဖွေခြင်းကို ဆိုလိုတာပါ။

ချစ်မိသွားတာနဲ့ relationship ဆိုတဲ့ နှစ်ခုက မတူညီပါဘူး။

Source: Dreddsworld

သင့်ရဲ့အနာဂတ်ဟာ သင့်လက်ထဲမှာဘဲ ရှိပါတယ်။

ကျွန်တော်လုပ်ချင်တာကို မလုပ်ရအောင် တားဆီးနေတဲ့ အရာတွေကို ကျွန်တော် ဆန့်ကျင်တိုက်ခိုက်တယ်။

ပျော်ရွှင်မှုတွေ မပျော်ရွှင်မှုတွေအကုန်လုံးက သင်ကိုယ်တိုင် ဖန်တီးတဲ့အရာပါ။