ထူးချွန်ချင်ရင် တော်ရုံနဲ့ မရပါဘူး။ တခြားသူတွေရဲ့ အတွေ့အကြုံ နဲ့ အကြံပြု သင်ကြားချက်တွေကနေပါ သင်ယူဖို့ လိုပါတယ်။ ဒါကြောင့်ပဲ ထူးချွန်ပေါက်မြောက်လိုသူအတွက် စကားလက်ဆောင်တွေ မျှဝေပေးလိုက်ပါတယ်။

(၁) ခက်ခဲကြမ်းတမ်းပြီး တွယ်ရာမဲ့တဲ့အခါ

“ဘုရားက ကျွန်တော်မပြောင်းလဲနိုင်တာတွေကို လက်ခံဖို့ ဖြောင့်မတ်တဲ့စိတ် ၊ ကျွန်တော်ပြောင်းလဲနိုင်တာကို ပြောင်းလဲရဲဖို့ သတ္တိနဲ့ ခြားနားကွဲပြားမှုကို သိနိုင်တဲ့ ဉာဏ်ပညာပေးပါတယ်”- ရိန်းဟိုး နီးဘူး (အမေရိကန်နိုင်ငံရေးသမားနဲ့ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ သီယိုလော်ဂျီပညာရှင်)

Alone - Single man sitting on the bridge all by himself

Photo: BBC

(၂) ရှုံးနိမ့်မှာ စိုးတဲ့အခါ

“အရှုံးဆိုတာ နောက်တစ်ကြိမ်ပြန်စဖို့ အခွင့်အရေးမျှသာ ဖြစ်တယ်။ ဒီတစ်ကြိမ် ပိုဉာဏ်ရှိရှိ ပြန်စနိုင်ဖို့ပါ”- ဟင်နရီဖို့ (Ford ကားကုမ္ပဏီတည်ထောင်သူ)

(၃) ဝေဖန်ခံရတဲ့အခါ

“ဝေဖန်မှုဆိုတာ သင့်ကို ကြီးထွားအောင် ကူညီပေးတဲ့ သတင်းအချက်အလက်ပါပဲ” – ဟန်ဒရေး ဝေဆင်းဂါး (စိတ်ပညာရှင်)

Sand Clock

Photo: Unsplash

(၄) အချိန်ရွှေ့ဆိုင်းမှု

” ဒီနေ့လုပ်နိုင်တဲ့အလုပ်ကို မနက်ဖြန် ဘယ်တော့မှ မရွှေ့လိုက်နဲ့ ” – သောမတ်စ် ဂျက်ဖာဆင် (အမေရိကန်ပြည်ထောင်စုတည်ထောင်သူ နှင့် သမ္မတ)

(၅) စိတ်မရှည်ခြင်း

“သဘာဝတရားက အားလုံး နေသားမကျမချင်း အလျင်စလိုမလုပ်ဘူး” – လောင်ဇူး (တရုတ်တွေးခေါ်ပညာရှင်)

Featured Photo: Inc