Winston Churchill ဟာကမ္ဘာပေါ်မှာ ကျော်ကြားတဲ့ ဝန်ကြီးတွေထဲကတစ်ဦးပါ။နိုင်ငံရေးလောကမှာလည်း အောင်မြင်ခဲ့တဲ့သူပါ။တကယ်တော့ Churchill ဟာ ဝန်ကြီးချုပ်တယောက်ဖြစ်လာဖို့ ဆန္ဒမရှိခဲ့ပါဘူး။

သူ့ရဲ့အများနဲ့မတူညီတဲ့ အတွေးအမြင်တွေကြောင့် သူ့ကိုမုန်းသူတွေ ရန်သူတွေ သူ့အနားမှာ ဝိုင်းဝိုင်းလည်နေခဲ့သူလည်းဖြစ်ပါတယ်။ ဒါပေမယ့် သူဟာဒုတိယကမ္ဘာစစ် အတွင်းဗြိတိသျှနိုင်ငံရဲ့ ရဲ့ ဦးဆောင်သူဖြစ်ခဲ့ပါတယ်။

Source: History

အခု kwee page က သူ့ရဲ့ မှတ်သားဖွယ်ရာ စကားတွေကို စုစည်းတင်ပြပေးသွားမှာပါ။

  • မင်းရဲ့လုပ်ဆောင်မှုတွေ အောင်မြင်ချင်ရင်တော့ မင်းရဲ့ ခေါင်းကိုခြင်္သေ့ပါစပ်ထဲထည့်ထားရမယ်။
  • အောင်မြင်ခြင်းဟာ အဆုံးမဟုတ်သေးဘူး။ ကျဆုံးခြင်းကလည်း အဆုံးမဟုတ်သေးဘူး။ အကုန်လုံးကရှေးဆက်ဖို့အတွက် တွန်းအားတွေပါ။
  • အောင်မြင်ခြင်းဆိုတာ အရှုံးတွေကနေ စိတ်ပျက်မသွားပဲ ရုန်းထွက်နိုင်ခြင်းဆိုတဲ့ စွမ်းရည်တခုပါပဲ။
  • တိုးတတ်ဖို့ ပြောင်းလဲရမယ်။ပြီးပြည့်စုံ ဖို့ဆိုရင် မကြာခဏပြောင်းလဲရမယ်။

Source: British GQ

  • ကျရှုံးတဲ့သူတွေက အခွင့်အရေးတွေထဲက အခတ်အခဲတွေကိုပဲ မြင်နေတဲ့သူတွေပါ။ အောင်မြင်တဲ့သူတွေကတော့ အခတ်အခဲတွေထဲက အခွင့်အရေးကို မြင်တဲ့သူတွေပါ။
  • စွန် (ငှက်) တွေဟာ လေကိုဆန့်ကျင်ပြီး အမြင့်ကို ပျံသန်းကြတာပါ။
  • တပင်တည်းရှိတဲ့ သစ်ပင်တွေဟာ ပိုပြီးသန်မာ ကြီးထွားကြတယ်။
  • ငရဲကိုဖြတ်ပြီးသွားရမယ်ဆိုရင်လည်း ဆက်သာသွားပါ။ မရပ်လိုက်ပါနဲ့။ ရပ်လိုက်ပြီဆိုတာနဲ့ ကျရှုံးမှာပါပဲ။
  • သမိုင်းဆိုတာ အောင်နိုင်သူတွေအတွက်ပါ။

Source: The Verge

  • ပိုပြီးခတ်ခဲလေ အောင်မြင်ဖို့ အခွင့်အရေးပိုရှိလေပါပဲ။
  • ငါဟာတာဝန်ယူရတာကို စိတ်မပူပါဘူး။ တာဝန်မယူရမှာကိုပဲ စိတ်ပူတာပါ။
  • မင်းသွားတဲ့ လမ်းတလျှောက်မှာ ဟောင်နေတဲ့ ခွေးတွေအကုန်လုံးကို ခဲနဲ့ လိုက်ပေါက်နေမယ်ဆိုရင် ခရီးဆုံးကိုဘယ်တော့မှ ရောက်မှာမဟုတ်ဘူး။
  • မိတ်ဆွေအပေါင်းအသင်း အစစ်တွေဟာ ကိုယ်ဒုက္ခ ရောက်နေတဲ့အချိန်မှာ ပေါ်လာတတ်တယ်။
  • သတင်းယူတဲ့သူထက် သတင်းပြုလုပ်သူဖြစ်ရတာ ပိုကောင်းပါတယ်။ ဒီလိုပဲ ဝေဖန်သူဖြစ်ရတာထက် ဝေဖန်ခံရသူဖြစ်ရတာ ပိုကောင်းပါတယ်။