ဝင်စတန် ချာချီ ဗြိတိန်ဝန်ကြီးချုပ် ဖြစ်တဲ့အတွက်ကြောင့် ကျော်ကြားပါတယ်။ ဒါပေမယ့် နိူင်ငံရေးလောကမှာတော့ ချောချောမောမော မရှိခဲ့ဘူး။ သူ့ရဲ့ သူများနဲ့မတူတဲ့ နိူင်ငံရေးအမြင်တွေအကြောင့် ရန်သူတွေ အများကြီးရှိခဲ့တယ်။ သူဟာ ဗြိတိန်ဝန်ကြီးချုပ်ရာထူးကို ဘယ်တုန်းကမှ မလိုချင်ခဲ့ဘူးလို့လည်း ပြောကြားခဲ့ပါသေးတယ်။
ဒီနေ့တော့ သူ့ရဲ့မှတ်သားဖွယ်ရာ စကားတွေကို ရွေးထုတ်ပြီး ဖော်ပြပေးလိုက်ပါတယ်။
- အောင်မြင်မူဆိုတာ ကျရှုံးမူတွေ ကြားကနေ စိတ်အားထက်သန်မှု ပျောက်ဆုံးသွားခြင်းမရှိဘဲ ရှေးဆက် တိုးနိူင်ခြင်းကို ဆိုလိုတာပါ။
- အောင်မြင်မူက အဆုံးသက်မဟုတ်ဘူး။ ကျရှုံးမူကလည်း သေစေလောက်တဲ့အရာမဟုတ်ဘူး။ သူတို့တွေက ရှေးဆက်တိုးနိူင်ဖို့ ခွန်အားတွေပါ။
Source: Atlas Obscura
- တိုးတတ်ဖို့အတွက် ပြောင်းလဲရမယ်။ ပြီးပြည့်စုံဖို့အတွက် မကြာခဏပြောင်းလဲရမယ်။
- အဆိုးမြင်ဝါဒ ရှိတဲ့သူဟာ အခွင့်အရေးတိုင်းကို အခက်အခဲလို့မြင်ကြတယ်။ အကောင်းမြင်ဝါဒ ရှိတဲ့သူကတော့ အခက်အခဲတိုင်းကို အခွင့်အရေးလို့ မြင်ကြတယ်။
- စွန်တွေက လေကိုဆန်ပြီး အမြင့်ကိုတတ်ကြတာပါ။ လေနဲ့အတူ အမြင့်ကို တတ်ကြတာမဟုတ်ဘူး။
- ဝေဖန်မူတွေက သဘောကျစရာမကောင်းပါဘူး။ ဒါပေမယ့် လိုအပ်တဲ့ အရာတခုပါ။ ဝေဖန်မူတွေက ကျွန်တော်တို့ဆီမှာ ဘာတွေလိုအပ်နေလဲဆိုတာကို အကောင်းဆုံးထောက်ပြနိူင်တဲ့အရာပါ။
- တစ်ပင်တည်းသော သစ်ပင်တွေကြီးပြီဆိုရင် သန်မာကြတယ်။
Source: Daniel Silvestre
- ငရဲကို ဖြတ်ရမယ်ဆိုရင်တောင် မရပ်လိုက်ပါနဲ့။ ရှေးဆက်သွားပါ။
- သမိုင်းဆိုတာ အောင်နိူင်သူတွေက ရေးသားရတာပါ။
- အခက်အခဲတွေက အခွင့်အရေးတွေ သယ်ဆောင်လာတတ်တယ်။
- မင်းသွားတဲ့ လမ်းတလျှောက်မှာ ဟောင်နေတဲ့ ခွေးတွေအကုန်လုံးကို ခဲနဲ့ လိုက်ပေါက်နေမယ်ဆိုရင် ခရီးဆုံးကိုဘယ်တော့မှ ရောက်မှာမဟုတ်ဘူး။
Source: The Independent
- မိတ်ဆွေအပေါင်းအသင်း အစစ်တွေဟာ ကိုယ်ဒုက္ခ ရောက်နေတဲ့အချိန်မှာ ပေါ်လာတတ်တယ်။
- သတင်းယူတဲ့သူထက် သတင်းပြုလုပ်သူဖြစ်ရတာ ပိုကောင်းပါတယ်။ ဒီလိုပဲ ဝေဖန်သူဖြစ်ရတာထက် ဝေဖန်ခံရသူဖြစ်ရတာ ပိုကောင်းပါတယ်။