ရာဟင်း စတားလင်းက အာဆင်နယ်နဲ့ နယူးကာဆယ်အသင်းတို့က ၎င်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေချိန်မှာ ပွဲကစားချိန် မရတာကြောင့် မန်ချက်စတာစီးတီးအသင်းကို စွန့်ခွာချင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

raheem-sterling

Photo: Vbetnews

အသက် ၂၆ နှစ်အရွယ် တောင်ပံကစားသမားဟာ မန်ချက်စတာစီးတီးအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ၁၈ လသာ ကျန်ရှိတော့သူဖြစ်ပြီး ပထမအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်မရတာကြောင့် စိတ်ပျက်မှုတွေ ကြီးထွားနေချိန်မှာ စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေကလည်း ရပ်တန့်နေတာဖြစ်ပါတယ်။ စတားလင်းဟာ ယခုရာသီမှာ မန်ချက်စတာစီးတီးအသင်းအတွက် ၂ ပွဲသာ ပွဲထွက်ပါဝင်ကစားပေးခွင့်ရရှိထားပြီး ဂွါဒီယိုလာရဲ့ အစီအစဉ်ထဲမှာ မပါဝင်တော့တဲ့ပုံ တဖြည်းဖြည်း မြင့်တက်လာနေတာဖြစ်ပါတယ်။

စတားလင်းအနေနဲ့ ၂၀၂၃ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်တာနဲ့ အလွတ်နဲ့ ထွက်ခွာနိုင်မှာဖြစ်တာကြောင့် မန်စီးတီးအနေနဲ့ လာမယ့် ဇန်နဝါရီ သို့မဟုတ် နွေရာသီမှာ ပိုက်ဆံရအောင် ရောင်းထုတ်သွားမယ့် အလားအလာရှိနေတယ်လို့ ယုံကြည်ရပါတယ်။ ဒါကြောင့် စတားလင်းကို ခေါ်ယူချင်တဲ့အသင်းတွေဟာ အဆင်သင့်အနေအထားနဲ့ စောင့်ဆိုင်းနေကြတာဖြစ်ပြီး နယူးကာဆယ်အသင်းပိုင်ရှင်အသစ်တွေက အင်္ဂလန်လက်ရွေးစင်ကြယ်ပွင့်ဟာ ထိပ်တန်းကစားသမားတွေထဲက တစ်ဦးအဖြစ် ယူဆထားတာဖြစ်ပါတယ်။

skysports-city-manchester-sterling

Photo: Vbetnews

အာဆင်နယ်အသင်းကလည်း စတားလင်းကို ခေါ်ယူဖို့အတွက် သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပြီး မန်စီးတီးလက်ထောက်နည်းပြဟောင်း အာတီတာက အီတီဟတ်မှာ အနီးကပ်အတူတူအလုပ်လုပ်ခဲ့ဖူးတဲ့ တောင်ပံကစားသမားနဲ့ အလွန်ကောင်းမွန်တဲ့ ဆက်ဆံရေးရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ စတားလင်းဟာ ၎င်းရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ကောလာဟလတွေ ထွက်ပေါ်နေတာကို ဖြေရှင်းလိုက်ပြီး နည်းပြ ဂွါဒီယိုလာက ပုံမှန်ပွဲကစားချိန် အာမခံချက်မပေးနိုင်ဘူးဆိုရင် အသင်းသစ်ကို ပြောင်းရွှေ့ချင်တယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။

“ပွဲကစားချိန် ပိုရမယ့် တစ်နေရာရာကို သွားဖို့ ရွေးချယ်စရာရှိမယ်ဆိုရင် ကျွန်တော် ရွေးချယ်သွားမှာပါ။ ကျွန်တော် ပြောခဲ့သလိုပဲ။ ဘောလုံးက ကျွန်တော့်အတွက် အရေးအကြီးဆုံးအရာပါ။ ငယ်ရွယ်တဲ့အရွယ်ကတည်းက ကျွန်တော့်ဘာသာ သတ်မှတ်ထားခဲ့တဲ့ စိန်ခေါ်မှုတွေနဲ့ အိပ်မက်တွေလည်းပဲ ရှိပါတယ်”

raheem-sterling-and-pep-guardiola

Photo:beINSPORTS

“ကျွန်တော်က စောဒကတက်တတ်တဲ့ သူမျိုးမဟုတ်ပါဘူး။ ကျွန်တော် အမှန်တကယ်ဖြစ်နေတာထက် ပိုကြီးအောင် လုပ်ဖို့ ကြိုးပမ်းနေတာလည်း မဟုတ်ပါဘူး။ ကျွန်တော့်အလုပ်ကို ကျွန်တော် လုပ်နေတာပါ။ ကျွန်တော် လုပ်ဖို့လိုတာကို လုပ်တယ်။ ကျွန်တော်က စိတ်ဆန္ဒပြင်းပြနေရုံပါ။ ဘောလုံးပွဲတွေ ပုံမှန်ကစားချင်တယ်။ ဂိုးတွေ ပုံမှန်သွင်းချင်တယ်”

“ကလေးဘဝကတည်းက ဘောလုံးက ကျွန်တော့်ဘဝမှာ အရေးအပါဆုံးအရာဖြစ်ခဲ့တာပါ။ ကျွန်တော့်ရဲ့ အပျော်ရွှင်ရဆုံးအရာလို့လည်း ပြောနိုင်ပါတယ်။ ကျွန်တော် ဘောလုံးကစားတဲ့အခါမှာ ပျော်ရွှင်မှုရပါတယ်။ ပြီးတော့ ဟုတ်ပါတယ်။ မိသားစုနဲ့လည်း ပျော်ရွှင်မှုရပါတယ်။ ဒါပေမယ့် ကျွန်တော့်အတွက် ဘောလုံးက နှလုံးသားထဲမှာ ထူးခြားတဲ့နေရာမှာ ရှိနေတာပါ”လို့ ပြောကြားခဲ့ပါတယ်။

Featured Photo : beINSPORTS