အရသာရှိပြီး လန်းဆန်းစေတဲ့အပြင် ဘယ်ရာသီဥတု အတွက်မဆို လိုက်ဖက်တဲ့ ကော့လ်တေးတစ်မျိုးရှိပါတယ်။ လုပ်ရတာလွယ်ကူတဲ့ သူ့ရဲ့အရောင်အဆင်းကလည်းလှပပြီး တကယ်ကိုသောက်ချင်စရာပါ။ ဒါကတော့ စွဲမက်ဖွယ်အရောင်အဆင်းနဲ့ Rainbow Paradise ကော့လ်တေး ပဲဖြစ်ပါတယ်။ ဖျော်စပ်နည်းကို ဆက်ပြီးကြည့်လိုက်ရအောင်။
Photo : Tipsy Bartender
စွဲမက်ဖွယ် အရောင်အဆင်းနဲ့ Rainbow Paradise ကော့လ်တေး တစ်ခွက် ဖျော်စပ်မယ်ဆိုရင် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့
(၁) Grenadine ၁ အောင်စ
(၂) သကြားမထည့်ထားသော နာနတ်သီးဖျော်ရည် ၄ အောင်စ
(၃) အုန်းသီးအရသာရမ် ၂ အောင်စ
(၄) ရေ ၁ အောင်စ
(၅) Blue Curacao ၁/၂ အောင်စ
(၆) ရေခဲများ
(၇) အလှဆင်ရန်အတွက် လိမ္မော်သီးစိတ်လေးများ စသည်တို့ လိုအပ်ပါတယ်။ Blue Curacao ဆိုတာကတော့ ဒတ်ချ်ကျွန်း Curacao တွင်စိုက်ပျိုးသောလိမ္မော်ခါးရဲ့ အခွံခြောက်နဲ့ ထုတ်လုပ်ထားတဲ့ အရည်တစ်မျိုး ဖြစ်ပါတယ်။ Curacao ကိုပုံစံအမျိုးမျိုးနဲ့ ရောင်းချသော်လည်း အသုံးအများဆုံးမှာ လိမ္မော်ခြောက်ရောင် Curacao နဲ့ တောက်ပတဲ့အပြာရောင်ရှိတဲ့ Blue Curacao ပဲဖြစ်ပါတယ်။ အယ်လ်ကိုဟော ပါဝင်နှုန်းက ၁၅ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းအထိရှိပါတယ်။ ကော့လ်တေးတွေမှာ ထည့်သွင်း ဖျော်စပ်လေ့ရှိပါတယ်။ စျေးကွက်မှာ အမှတ်တံဆိပ်မျိုးစုံ၊ စျေးနှုန်းမျိုးစုံရှိပါတယ်။
ပါဝင်ပစ္စည်းတွေ အသင့်ပြင်ပြီးသွားရင်တော့ ကော့လ်တေး ဖျော်စပ်ဖို့ အဆင်သင့်ဖြစ်ပါပြီ။
ဖျော်စပ်ပုံကတော့
ပထမဦးစွာ သကြားမထည့်ထားသော နာနတ်သီးဖျော်ရည် ကို အအေးခံထားပါ။ ထို့နောက် ကွီးတို့ စိတ်ကြိုက် ဖန်ခွက်ထဲသို့ ပထမအလွှာအနေနဲ့ ရေခဲများဖြည့်ပြီး Grenadine ကိုထည့်ပါ။ နာနတ်သီးဖျော်ရည်နှင့် အုန်းသီးအရသာ ရမ် တို့ကို ခွက်တစ်ခုထဲတွင် ရောမွှေပါ။ ထိုအရောအနှောကို Grenadine ထည့်ထားသော ဖန်ခွက်ထဲကို ဒုတိယ အလွှာအနေနဲ့ လောင်းထည့်ပါ။ ထို့နောက် ရေနှင့် Blue curacao ကို ရောပြီး တတိယအလွှာ အနေနဲ့ ဖန်ခွက်ထဲသို့ ဖြေးညှင်းစွာလောင်းထည့်ပါ။
Photo : Food Network Canada
နောက်ဆုံးအနေနဲ့ အဆင်သင့်ပြင် ထားသော လိမ္မော်သီးစိတ်လေးများနဲ့ အလှဆင်လိုက်ပါ။ ဒါဆိုရင်တော့ စွဲမက်ဖွယ် အရောင်အဆင်းနဲ့ Rainbow Paradise ကော့လ်တေး လေးတစ်ခွက် ရပါပြီ။
Source : Hy Vee
Featured Photo : Mariaandenzos