မန်ချက်စတာယူနိုက်တက် ယာယီနည်းပြ ရာ့လ်ဖ် ရန်းနစ်ခ်က ရက်ရှ်ဖို့ဒ်ကို အကောင်းဆုံးပုံစံ ပြန်လည်ရှာဖွေနိုင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဖော် ဆန်ချိုကို အတုယူစေချင်နေပေမယ့် အင်္ဂလန်တိုက်စစ်မှူးဟာ လေ့ကျင့်ရေးမှာတော့ တော်တော်ကောင်းတယ်လို့ ပြောကြားခဲ့ပါတယ်။
Photo: The Guardian
ရက်ရှ်ဖို့ဒ်ဟာ အောက်တိုဘာလကုန်နောက်ပိုင်း ၂ ဂိုးသာ သွင်းယူထားနိုင်သေးတာဖြစ်ပြီး အက်သလက်တီကို မက်ဒရစ်နဲ့ ချန်ပီယံလိဂ်မှာ သရေကျခဲ့ပြီးနောက် ပရီးမီးယားလိဂ်ဂန္တဝင်တွေဖြစ်တဲ့ ပေါလ် စခိုး၊ ကာရေဂါတို့ရဲ့ ဝေဖန်ပြစ်တင်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ်တိုက်စစ်မှူးဟာ စပိန်လာလီဂါအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲမှာ အကျိုးသက်ရောက်မှု ပြသနိုင်ဖို့ ရုန်းကန်နေခဲ့ရတာဖြစ်ပြီး ၎င်းရဲ့နေရာမှာ လူစားဝင်ကစားခဲ့တဲ့ အီလန်ဂါက ချေပဂိုးကို သွင်းယူပေးခဲ့ရတာဖြစ်ပါတယ်။
ရန်းနစ်ခ်က မန်ချက်စတာယူနိုက်တက်အသင်းဟာ ရက်ရှ်ဖို့ဒ်နဲ့ ပြင်းပြင်းထန်ထန် အလုပ်လုပ်နေပြီး အင်္ဂလန်တိုက်စစ်မှူးဟာ ယူရို ၂၀၂၀ အပြီး ပုခုံးခွဲစိတ်မှုရဲ့ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုကို ခံစားနေရဆဲဆိုတဲ့ ပြောဆိုမှုတွေကို ငြင်းပယ်သွားခဲ့တာဖြစ်ပါတယ်။ ရန်းနစ်ခ်က ရက်ရှ်ဖို့ဒ်အနေနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းဖော်လည်းဖြစ်တဲ့ ယူနိုက်တက်အသင်းဖော် ဆန်ချိုကို အတုယူသင့်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။
Photo: The Guardian
“သူ ဒဏ်ရာမရထားတာ လုံးဝသေချာပါတယ်။ သူ့ရဲ့ ပုခုံးနဲ့ပတ်သက်ပြီး ဘာပြဿနာမှကို မရှိတော့ပါဘူး။ ကျွန်တော်တို့ ပြီးခဲ့တဲ့အပတ်တွေတုန်းကလည်း မားကပ်စ်နဲ့ပတ်သက်ပြီး အများကြီးပြောခဲ့ကြပါတယ်။ ကျွန်တော် သူနဲ့လည်း နှစ်ယောက်တည်း စကားတွေ အများကြီးပြောခဲ့တယ်။ အဲဒီအကြောင်းကို ထပ်ပြောစရာ ဘာမှမရှိပါဘူး။ သူက တခြားကစားသမားတွေ အားလုံးလိုပါပဲ။ သူ အက်သလက်တီကို မက်ဒရစ်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲမှာ ပါဝင်ကစားခဲ့တဲ့အတိုင်း သူတို့တွေ ကွင်းထဲမှာ ပွဲထွက်ပါဝင်ကစားတယ်ဆိုရင် သူတို့တွေ စွမ်းဆောင်ရည်ပြသရမှာပါ”
“ဒါပေမယ့် သူက အခုအချိန်မှာ သူ့ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး မပျော်မရွှင်ဖြစ်နေတယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် အဲဒါက ကျွန်တော်တို့ အပတ်တိုင်း ဆွေးနွေးခဲ့ပေမယ့် အကူအညီမဖြစ်ခဲ့ပါဘူး။ ကျွန်တော်တို့ ဘာဖြစ်ချင်လဲဆိုတဲ့ အတွေးအတိုင်း ကျွန်တော်တို့ အားလုံးလုပ်နိုင်ပေမယ့် ဘာကြောင့် သူ မပျော်မရွှင်ဖြစ်နေသင့်တာလဲဆိုတဲ့ ဘယ်လိုအကြောင်းအရင်းမှ ကျွန်တော် မမြင်ပါဘူး။ ကျွန်တော်တို့ရဲ့ရလဒ်တွေက ပြီးခဲ့တဲ့အပတ်တွေ၊ လတွေမှာ ကောင်းမွန်နေခဲ့ပြီး အသင်းက ကောင်းမွန်တဲ့ပုံစံမှာ ရှိနေပါတယ်။ အခုအချိန်မှာ သူက သူ့ရဲ့အကောင်းဆုံးဖြစ်နိုင်မယ့်ပုံစံနဲ့ စွမ်းဆောင်ရည်ကို ရှာတွေ့ဖို့ ကြိုးပမ်းနေပြီး ကျွန်တော်တို့က သူ့ကို တတ်နိုင်သမျှ ကူညီပေးဖို့ ကြိုးပမ်းနေတာပါ။ သူ့ကို ဗီဒီယိုဖိုင်တွေပြပြီး သူနဲ့ စကားပုံမှန်ပြောပေးနေပါတယ်”
“လေ့ကျင့်ရေးမှာတော့ သူက ထိပ်တန်းခြေစွမ်းနဲ့ ပုံစံမှာ ရှိနေပြီး အဲဒါကြောင့်ပဲ ကျွန်တော် သူ့ကို ကစားခွင့်ပေးခဲ့တာပါ။ ဒါပေမယ့် အခုတော့ လေ့ကျင့်ရေးက စွမ်းဆောင်ရည်ကို လိဂ်မှာ ပြောင်းလဲပြသရတော့မှာပါ။ အဲဒါက သူ နောက်ထပ်လှမ်းရမယ့် ခြေလှမ်းပါ”လို့ ပြောကြားခဲ့ပါတယ်။
Featured Photo: Metro