ရာမိုစ်က ဒီရာသီရဲ့ (၁၆) ဂိုးမြောက်ကိုသွင်းယူခဲ့တာဖြစ်ပါတယ်။ သူရဲ့ ငါးကြိမ်မြောက်ပင်နင်တီကိုလည်း အမှားအယွင်းမရှိသွင်းယူခဲ့တာဖြစ်ပါတယ်။ စပိန်တို့အနေနဲ့တော့ နော်ဝေးအသင်းကို ယူရို (၂၀၂၀) ခြေစစ်ပွဲပထမဆုံးပွဲမှာ အနိုင်ရခဲ့တာဖြစ်ပါတယ်။ နော်ဝေးအသင်းကို နှစ်ဂိုးတစ်ဂိုးဆိုတဲ့ ရလာဒ်နဲ့ အနိုင်ရခဲ့တာပါ။

Source: Skysports

စပိန်အသင်းဟာ ယူရိုပါလိဂ်ဖလားကို (၁၉၆၄)၊ (၂၀၀၈) ၊ (၂၀၁၂) တွေမှာရရှိခဲ့တာဖြစ်ပါတယ်။ စပိန်အသင်းဟာ အနိုင်အသင်းကို (၇၅) မိနစ်မှသွင်းယူခဲ့တယ်ဆိုပေမဲ့ ဘောလုံးပိုင်ဆိုင်မှု (၇၅) ရာခိုင်နှုန်း၊ ဘောလုံးကန်ချက် (၂၆) ချက်အထိ ရရှိခဲ့တာဖြစ်ပါတယ်။ အက်သလက်တီကိုအသင်းရဲ့ ချယ်ဆီးအသင်းမှ အငှားခေါ်ယူထားတဲ့ တိုက်စစ်မှူးမိုရာတာက အခွင့်အရေးတော်တော်များများကိုလွဲချော်ခဲ့တာဖြစ်ပါတယ်။

Source: Skysports

ဒါပေမဲ့မိုရာတာက စပိန်အသင်းအတွက် ပင်နယ်တီကို ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ထို့အတူ ရာမိုစ်ကလည်း သူရဲ့ ကစားသမားသမားဘဝ ဂိုး (၉၀) မြှောက်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ထို့အတူ ရာမိုစ်အနေနဲ့လည်း ရီးရဲလ်အသင်းမှာ အရင်နည်းပြလက်ထက်က အသင်းဖော်မာဆယ်လို၊ နည်းပြတို့နဲ့ အဆင်မပြေမှုတွေများနေတယ်၊ အသင်းပြောင်းရွှေ့မယ်လို့ သတင်းတွေ ထွက်နေပေမဲ့လည်း ယခု နည်းပြဇီဒန်းပြန်ရောက်လာချိန်မှာတော့ ရီးရဲလ်အရှုပ်တော်ပုံတစ်ချို့တစ်ဝက်က ချုပ်ငြိမ်းသွားပါပြီ။

Source: Skysports

နောက်တန်းကစားသမားတစ်ယောက်ဖြစ်ပေမဲ့လည်း အသင်းလိုအပ်တိုင်း ဂိုးတွေသွင်းယူပေးတတ်သူပါ။ သူရဲ့သွင်းဂိုးတွေကတော့ ရီးရဲလ်နဲ့ စပိန်အသင်းအတွက်အရေးပါနေဆဲပါ။