The Flash တီဗီစီးရီး ထဲမှာ Barry Allen ဟာအမြန်ဆုံးလား။ သူ့ထက်မြန်တဲ့သူ ရှိနိူင်အုန်းမလား။

အခု kwee ကဖော်ပြပေးမဲ့ The Flash ထဲကအမြန်ကောင်တွေဟာ ပရိသတ်တွေ သိထားတာနဲ့ အနည်းငယ်ကွဲလွဲမူ ရှိနေနိူင်ပါတယ်။

၁၀။ Edward Clariss

Barry Allen ဟာ Reverse-Flash လက်ထဲကနေ သူ့အမေကို ကယ်တင်ဖို့အတွက် အတိတ်ကိုပြန်သွားတဲ့အချိန်မှာ မမျှော်လင့်ဘဲ Flashpoint timeline ကိုဖန်တီးမိသွားခဲ့တယ်။ အဲ့ timeline ကမ္ဘာ ထဲမှာ Edward Clariss ဟာ Wally West (Kid Flash) ရဲ့ပြိုင်ဘက် အနေနဲ့ ဖြစ်သွားခဲ့ပါတယ်။

၉။ Eliza Harman

Jesse Quick မတိုင်ခင် Eliza Harman ဟာ The Flash တီဗီစီးရီးမှာ တစ်ယောက်ထဲသော အမျိုးသမီး အမြန်ကောင် ပါ။ တစ်ခြားအမြန်ကောင်တွေနဲ့ မတူတာကတော့ သူမရဲ့အမြန်နှုန်းတွေက Velocity-9 ဆိုတဲ့ ဆေးတစ်မျိုးကနေ ရရှိခဲ့တာဖြစ်ပါတယ်။

၈။ Wally West

Wally West (Kid Flash) ဟာ Crisis on Infinite Earths ထဲမှာ ကမ္ဘာကို ကယ်တင်တင်ရင်း ပျောက်ဆုံးသွားတဲ့ Barry Allen ပြီးနောက်မှာ ဒုတိယ Flash ဖြစ်လာခဲ့ပါတယ်။ comic ထဲမှာတော့ Wally West က တခြားကာရိုက်တာတစ်ခုဖြစ်ပြီး တီဗီစီးရီးထဲမှာတော့ Barry Allen ရဲ့မွေးစားအဖေ ရဲ့သားအဖြစ် ပါဝင်ထားပါတယ်။

၇။ Jesse Wells

Jesse Wells ကသူမရဲ့အမြန်စွမ်းအင်ကို dark matter နဲ့ထိခိုက်မိပြီးရရှိခဲ့တာပါ။ ပါဝါ ရရှိပြီးနောက်ပိုင်း Jesse Quick ဆိုတဲ့နာမည် ပြောင်ရရှိခဲ့ပါတယ်။ သူမဟာ ကမ္ဘာ (၂) ကအဖေဖြစ်သူ Harrison Wells ထက်တောင် ပညာအရာမှာတော်ထက်ပါသေးတယ်။

၆။ Jay Garrick

Jay Garrick ဟာ ကမ္ဘာ (၃) က Flash ဖြစ်ပြီးတော့ Barry Allen ရဲ့ဆရာလို့လည်း ပြောလို့ရပါတယ်။

၅။ Zoom

Hunter Zolomon ဟာ The Flash ထဲမှာ ကြောက်စရာအကောင်းဆုံး ဗီလိန်ဆိုရင် မမှားပါဘူး။

၄။ Eobard Thawne

Eobard Thawne ကတော့ The Flash ထဲမှာ အမွေကောင်ပါ။ ဖြစ်လာသမျှ အရာတော်တော်များများဟာ သူမွေခဲ့လို့ ဖြစ်လာတာ များပါတယ်။ သူဟာ ညဏ်ကြီးရှင်ဖြစ်တာကြောင့် သူ့ရဲ့မြန်နှုန်းတွေကို စက်ပစ္စည်းတွေ အကူအညီနဲ့ ပိုမိုမြန်ဆန်လာအောင် ပြုလုပ်လေ့ရှိပါတယ်။

၃။ Savitar

Savitar ကဒီစာရင်းထဲမှာ ထိပ်ဆုံးနေရာမှာ နေရဖို့ နည်းနည်းပဲလိုတော့တာပါ။ သူသာ Speed Force ထဲမှာ ဆက်နေခဲ့မယ်ဆိုရင် တစ်ခြားသူတွေထက် ပိုမြန်ကောင်းမြန်ပါလိမ့်မယ်။ သူဟာ Speed Force ထဲကနေ ကမ္ဘာတစ်ခုကနေနောက်တစ်ခုကို မျက်စိတစ်မှိတ်အတွင်း ခုန်ကူးနိူင်ပြီး Barry Allen, Jay Garrick စတဲ့အမြန်ကောင်တွေကို လွယ်လွယ် အနိူင်ယူနိူင်ပါတယ်။

၂။ Black Flash

Black Flash ဟာ The Flash ထဲမှာ ကြောက်စရာအကောင်းဆုံးပါ။ Speed Force ထဲက Time Wraiths သူ့ကိုဖမ်းပြီး သူတို့ရဲ့ အေဂျင့်အနေနဲ့ တာဝန်ထမ်းဆောင် စေခဲ့ပါတယ်။ သူ့ရဲ့ အဓိက တာဝန်ကတော့ အချိန်စဉ်းမျည်း ချိုးဖောက်တဲ့ အမြန်ကောင်တွေကို လိုက်ရှာပြီး ဖမ်းရတာပါ။

၁။ Barry Allen

Barry Allen ဟာ အချိန်ရဲ့စဉ်းမျည်းတွေကို ခဏခဏ ချိုးဖောက်ပြီးတော့ Black Flash လိုက်ဖမ်းတာကို ခံရပေမဲ့ တခါမှ ဖမ်းမခံရခဲ့ပါဘူး။ ဒါကြောင့် သူ့ဟာ ထိပ်ဆုံးစားရင်းမှာ ရှိနေတာပါ။ Barry Allen ဟာ The Flash ထဲမှာ အမြန်ဆုံး Flash ပါ။

Source: Screenrant