ESPN ရဲ့ဖော်ပြချက်အရ က ပရီးမီးယားလိဂ်အသင်းတိုင်း VAR ကြောင့်အကျိုးရှိမှု အနည်းဆုံးတစ်ကြိမ် စီရှိခဲ့ပြီး နယူးကာဆယ်အသင်းမှာ VAR ဖြင့် ပြန်လည်ဆုံးဖြတ်ခံရမှု အနည်းဆုံးအဖြစ် တစ်ကြိမ်သာရှိခဲ့တာကို တွေ့ရပါတယ်။

Source: Sky Sports

ပရီးမီးယားလိဂ်တွင် VAR ကြောင့် အကျိုးဖြစ်ထွန်းမူ အများဆုံးအဖြစ် မန်ယူအသင်းက ထိပ်ဆုံတွင် ရပ်တည် နေပါတယ်။ VAR ကြောင့် ပြန် ပြင်ဆင်ရမှု (၁၀) ကြိမ်ရှိခဲ့ပြီး ဂိုးရရှိမှု (၁) ကြိမ်၊ ဂိုးမရရှိမှု မရှိ၊ ပြိုင်ဘက်ကို ဂိုးပေးရမှု (၁) ကြိမ်၊ ပြိုင်ဘက်ကို ဂိုးမပေးရမှု (၆) ကြိမ် ၊ အခြားဖြစ်ရပ်များတွင် အသာရမှု (၆) ကြိမ်၊ အသာမရမှု မရှိခဲ့ပါ။

Source: AS English

ထို့ကြောင့် ဂိုးနှင့်ပတ်သက်ပြီး အကျိုးရှိမှုအများဆုံးအသင်းအဖြစ် မန်ယူအသင်းက အညွှန်းကိန်း (+၈) ဖြင့် ထိပ်ဆုံးတွင် ရပ်တည်နေခြင်းဖြစ်ပါတယ်။

မန်ယူအသင်းရဲ့နောက် မှာတော့ ဘရိုက်တန်က အညွှန်းကိန်း (+၇) နဲ့ရပ်တည်နေပါတယ်။ သူ့နောက်မှာတော့ ခရစ်စတယ်ပဲလေ့စ် နှင့် ဘန်လေတို့က (+၅) ၊ ဆောက်တမ် (+၃) ၊ လီဗာပူး၊ နယူးကာဆယ်၊ လက်စတာ၊ စပါး၊ မန်စီးတီးအသင်းတို့က (+၁) နဲ့ရပ်တည်နေပါတယ်။

ESPN ရဲ့ဖော်ပြချက်အရ VAR ကြောင့်အကျိုးဖြစ်ထွန်းသွားတဲ့ အသင်းများ

Source: Sportlife.news

Manchester United +8
Brighton +7
Crystal Palace +5
Burnley +5
Southampton +3
Liverpool +1
Newcastle +1
Leicester City +1
Tottenham +1
Manchester City +1
Bournemouth 0
Watford -1
Everton -2
Arsenal -2
Aston Villa -3
Chelsea -4
West Ham -4
Wolves -5
Norwich City -5
Sheffield United -6