အမေရိကန် ရက်ပ်အဆိုတော် Ty Dolla $ign ကတော့ ‘Tycoon’ လို့ နာမည်ပေးထားတဲ့ အယ်လ်ဘမ် အသစ်နဲ့အတူ ပရိသတ်တွေအရှေ့  တဖန်ပြန်လည်ရောက်ရှိ လာပါပြီ။ ‘Tycoon’ ဆိုတာ ဂျပန်စကားလုံးက ဆင်းသက်လာတာဖြစ်ပြီး ‘ သခင်ကြီး ‘ လို့ အဓိပ္ပါယ် ရပါတယ်။ ဒီ အယ်လ်ဘမ်ထဲမှာ သီချင်းစုစုပေါင်း ၁၅ ပုဒ် ပါဝင်ပြီး သီချင်းတွေ အားလုံးကတော့ Rap ဂီတကို နှစ်သက်သူတွေအကြိုက် Bounce ဖြစ်တဲ့ Flow တွေနဲ့ အမိုက်စား ဖန်တီးမှုတွေ ထည့်သွင်းထားပါတယ်။

Ty Dolla $ign
Photo : Billboard

‘Tycoon’ အယ်လ်ဘမ် မတိုင်ခင်မှာတော့ All In ၊ Smile Body Pretty Face နဲ့ Show Me Love ဆိုတဲ့ သီချင်းတွေ ထွက်ထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ထဲမှာတော့ Kanye West နဲ့ ပူးတွဲအယ်လ်ဘမ် ‘Vultures 2’ ကို ထုတ်ဝေခဲ့ပြီး ဒီအယ်လ်ဘမ်ထဲမှာ ထိတ်ထိတ်ကြဲ ရက်ပ်ပါတွေဖြစ်တဲ့ Young Thug ၊ 070 Shake ၊ Future ၊ Playboi Carti ၊ Kodak Black ၊ Don Toliver ၊ Lil Durk နဲ့ Kanye West ရဲ့ ကလေးနှစ်ယောက်ဖြစ်တဲ့ North နဲ့ Chicago တို့လည်း ပါဝင်အားဖြည့်ထားပါတယ်။

Source : Ty Dolla $ign

အချိန်အတော်ကြာ တစ်ကိုယ်တော် အယ်လ်ဘမ် မထွက်ခဲ့တဲ့ သခင်ကြီး Ty Dolla $ign ရဲ့ ‘Tycoon’ အယ်လ်ဘမ်အသစ်က ပရိသတ်တွေအတွက် စောင့်ရကျိုးနပ်တဲ့ အယ်လ်ဘမ်တစ်ချပ် ဖြစ်မဖြစ် ဆိုတာတော့ ဂီတချစ်သူ ကွီးပရိသတ်တွေပဲ ကိုယ်တိုင်ခံစား နားဆင်ကြည့်လိုက်ပါဦးနော်။ ‘Tycoon’ အယ်လ်ဘမ်ထဲမှာ ပါဝင်လာတဲ့ သီချင်းတွေကတော့………

  1. Can’t Be Fucked With
  2. Don’t Kill The Party
  3. December 31st
  4. Smile Body Pretty Dace ft. Kodak Black & YG
  5. Show Me Love ft. Tory Lanez
  6. TYCOON$
  7. All In
  8. Twitch
  9. What I Want
  10. Say it
  11. On Repeat
  12. Harder
  13. Mixed Emotions
  14. Wit It
  15. I Wish

Source : Siachen Studios

Featured Photo : Siachen Studios