ကမ္ဘာကြီးကို အနုပညာမြောက် ပုံဖော်တဲ့ နေရာမှာ ဂီတက သိပ်အရေးပါလှပါတယ်။ ဂီတပုံစံမျိုးစုံ ကွဲပြားကြတဲ့ အထဲကမှ ဂီတချစ်ပရိသတ်တွေက ကိုယ့်အကြိုက်နဲ့ ကိုယ့်စရိုက်အလိုက် Music Genre တွေ နားဆင်ကြစမြဲပါ။ Hip-Hop ဂီတချစ်သူတွေကတော့ Rap Song တွေမှာ အာရုံ မွေ့လျော်ကြစမြဲပါ။ ဒီလို ရက်ပ်ချစ်သူတွေအတွက် ၂၀၂၂ ခုနှစ်ရဲ့ အကောင်းဆုံး Rap သီချင်း တချို့ အကြောင်း မျှဝေပေးချင်ပါတယ်။

(၁) “Diesel” – Alchemist & Kool G Rap

အမေရိကန် Rapper နဲ့ ထုတ်လုပ်သူတစ်ဦး ဖြစ်တဲ့ The Alchemist ရဲ့ Diesel အယ်လ်ဘမ်ထဲက သီချင်းပါ။ Featured ကို Kool G Rap က သီဆိုပေးထားတာပါ။

(၂) “Punch Bowl – Clipse & Nigo

Artist နှစ်ဦး ဖြစ်တဲ့ Nigo နဲ့ Pusha T တို့ရဲ့ အယ်လ်ဘမ် I Know NIGO! ထဲက သီချင်းပါ။ ၂၀၂၂ ခုနှစ်မှာ ထွက်ခဲ့တဲ့ အယ်လ်ဘမ်ပဲ ဖြစ်ပြီး Spotify ပေါ်က Best Rap Songs Of 2022 So Far စာရင်းမှာ ထိပ်ဆုံးက ရှိပါတယ်။

(၃) “Free The Shiners” – 42 Dugg & EST GEE

EST Gee နဲ့ 42 Dugg တို့ နှစ်ဦးရဲ့ Last Ones Left အယ်လ်ဘမ်မှာ ပါတဲ့ သီချင်းပါ။ Free The Shiners ကလည်း လက်ရှိ နားဆင်သူအများဆုံး Rap Song တစ်ပုဒ်ပဲ ဖြစ်ပါတယ်။

(၄) “Telepathic” – Fly Anakin

Big Kahuna OG Featuring ဆိုပေးထားတဲ့ Fly Anakin ရဲ့ သီချင်းပါ။ Frank အယ်လ်ဘမ်မှာ ပါတဲ့ Rap သီချင်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

(၅) “Starlight” – Dave

Starlight အယ်လ်ဘမ်မှာ ပါတဲ့ သီချင်းဖြစ်ပြီး YouTube ၊ Spotify တွေပေါ်မှာလည်း ရှာပြီး နားဆင်နိုင်ပါတယ်။

Featured Photo : hatton-jewellers