မတ်လထဲမှာ လူငယ်ကြိုက် မြူးကြွတဲ့ Rap သီချင်းကောင်းတွေ အများကြီး အသစ်ထွက်ထားပါတယ်။ Rap နဲ့  Hip Hop ဂီတဆိုတာ အမှီအခိုကင်းပြီး လွတ်လပ်တဲ့ ဂီတအမျိုးအစား တစ်ခုပါ။ မြူးကြွတဲ့ သံစဉ်တွေ ၊ အမိုက်စား စာသားတွေနဲ့ မြောလွင့်လို့ အကောင်းဆုံး သီချင်းတွေ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ မတ်လထဲမှာ နောက်ဆုံးထွက်ထားတဲ့ လူငယ်ဂီတ ချစ်သူတွေကြား ရေပန်းအစားဆုံး Rap သီချင်း ကောင်း ၁၀ ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။

(၁) Heavy – Nigo & Lil Uzi Vert

Soure : Nigo

ဒီသီချင်းက ဂျပန် ရက်ပ်ပါ ၊ ဖက်ရှင်ဒီဇိုင်နာနဲ့ ဒီဂျေ တစ်ဦးလည်းဖြစ်တဲ့ Nigo ရဲ့ I Know NIGO! အယ်လ်ဘမ်မှာ ပါဝင်တဲ့ သီချင်းတစ်ပုဒ် ဖြစ်ပြီး အမေရိကန်နာမည်ကြီး ရက်ပ်ပါ Lil Uzi Vert နဲ့ တွဲဖက် သီဆိုထားပါတယ်။

(၂) Stars In The Sky – Kid Cudi

Source : Kid Cudi

မြူးကြွတဲ့ ဒီသီချင်းလေးကတော့ Kid Cudi ရဲ့ နောက်ဆုံးထွက်ထားတဲ့ သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။ Sonic the Hedgehog 2 ဇာတ်ကားမှာ ဇာတ်ဝင်တေးသီချင်းတစ်ပုဒ် အဖြစ် ပါဝင်လာမယ့်လို့ ခန့်မှန်းထားကြပါတယ်။

(၃) COME ON, LET’S GO – Nigo Ft. Tyler, The Creator

Source : Tyler, The Creator

ဒီသီချင်းလေးကလည်း Nigo ရဲ့ I Know NIGO! အယ်လ်ဘမ်မှာ ပါဝင်တဲ့ သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။

(၄) Wave Gods – Nas Ft. A$AP Rocky and DJ Premier

Source : Nas

ဒီသီချင်းကတော့ အမေရိကန် ရက်ပ်ပါ Nas နဲ့အတူ A$AP Rocky နဲ့ DJ Premier တို့ အတူတွဲ ဖန်တီးထားတဲ့ သီချင်းကောင်း တစ်ပုဒ် ဖြစ်ပါတယ်။

(၅) Elon Musk – DDG Ft. Gunna

Source : DDG

ဒီသီချင်းကတော့ DDG နဲ့ Gunna တို့ ပူပေါင်း ဖန်တီးလိုက်တဲ့ Elon Musk ဆိုတဲ့ Title နဲ့ သီချင်းသစ် တစ်ပုဒ် ဖြစ်ပါတယ်။

(၆) Vulture Island V2 – Rob49 Ft. Lil Baby

Source : ROB49

Rob49 နဲ့ အမေရိကန် ရက်ပ်ပါ Lil Baby တို့ရဲ့ နောက်ဆုံး ထွက်ရှိလာတဲ့ သီချင်းကောင်း တစ်ပုဒ် ဖြစ်ပါတယ်။

(၇) 5AM – $NOT

Source : $NOT

$NOT ရဲ့  5AM သီချင်းဟာ ဖေဖော်ဝါရီလ ကတည်းက Audio အနေနဲ့ ထွက်ခဲ့ပြီး Official MV အနေနဲ့ ထွက်လာတာတော့ ၂ ရက်သာရှိပါသေးတယ်။

(၈) BESTIE – DaBaby & NBA Youngboy

Source : DaBaby

ဒီသီချင်း ကတော့ DaBaby ရဲ့ BETTER THAN YOU လို့ နာမည်ပေးထားတဲ့ Mixtape မှာ ပါဝင်လာတဲ့ သီချင်းတစ်ပုဒ် ဖြစ်ပြီး NBA Youngboy နဲ့အတူ တွဲဖက်သီဆို ထားပါတယ်။

(၉) We Go Up – Nicki Minaj Ft. Fivio Foreign

Source : Nicki Minaj

ဒီသီချင်း ကတော့ ရက်ပ် ဘုရင်မကြီး Nicki Minaj ရဲ့ အသစ်ထွက်ထားတဲ့ သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။ Audio အနေနဲ့ သာ ထွက်ရှိထားတာ ဖြစ်ပြီး Fivio Foreign က Ft. အနေနဲ့ ပါဝင် သီဆိုထားပါတယ်။

(၁၀) Gucci & Dolph – Key Glock

Source : Key Glock

ဒီသီချင်းက Key Glock ရဲ့ Yellow Tape 2 အယ်လ်ဘမ်မှာ ပါဝင်လာတဲ့ သီချင်းကောင်း တစ်ပုဒ် ဖြစ်ပါတယ်။

ကွီးတို့ရော လက်တလော  အသစ်ထွက်ထားတဲ့ သီချင်းတွေထဲမှာ ဘယ်သီချင်းတွေ နားထောင်ဖြစ်နေလဲ ကွန်းမန့်မှာ ရေးခဲ့ပါဦးနော်။

Featured Photo : Daily Loud