အမေရိကန် ရက်ပ်အဆိုတော် Ty Dolla $ign ကတော့ ‘Tycoon’ လို့ နာမည်ပေးထားတဲ့ အယ်လ်ဘမ် အသစ်နဲ့အတူ ပရိသတ်တွေအရှေ့ တဖန်ပြန်လည်ရောက်ရှိ လာပါပြီ။ ‘Tycoon’ ဆိုတာ ဂျပန်စကားလုံးက ဆင်းသက်လာတာဖြစ်ပြီး ‘ သခင်ကြီး ‘ လို့ အဓိပ္ပါယ် ရပါတယ်။ ဒီ အယ်လ်ဘမ်ထဲမှာ သီချင်းစုစုပေါင်း ၁၅ ပုဒ် ပါဝင်ပြီး သီချင်းတွေ အားလုံးကတော့ Rap ဂီတကို နှစ်သက်သူတွေအကြိုက် Bounce ဖြစ်တဲ့ Flow တွေနဲ့ အမိုက်စား ဖန်တီးမှုတွေ ထည့်သွင်းထားပါတယ်။
Photo : Billboard
‘Tycoon’ အယ်လ်ဘမ် မတိုင်ခင်မှာတော့ All In ၊ Smile Body Pretty Face နဲ့ Show Me Love ဆိုတဲ့ သီချင်းတွေ ထွက်ထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ထဲမှာတော့ Kanye West နဲ့ ပူးတွဲအယ်လ်ဘမ် ‘Vultures 2’ ကို ထုတ်ဝေခဲ့ပြီး ဒီအယ်လ်ဘမ်ထဲမှာ ထိတ်ထိတ်ကြဲ ရက်ပ်ပါတွေဖြစ်တဲ့ Young Thug ၊ 070 Shake ၊ Future ၊ Playboi Carti ၊ Kodak Black ၊ Don Toliver ၊ Lil Durk နဲ့ Kanye West ရဲ့ ကလေးနှစ်ယောက်ဖြစ်တဲ့ North နဲ့ Chicago တို့လည်း ပါဝင်အားဖြည့်ထားပါတယ်။
Source : Ty Dolla $ign
အချိန်အတော်ကြာ တစ်ကိုယ်တော် အယ်လ်ဘမ် မထွက်ခဲ့တဲ့ သခင်ကြီး Ty Dolla $ign ရဲ့ ‘Tycoon’ အယ်လ်ဘမ်အသစ်က ပရိသတ်တွေအတွက် စောင့်ရကျိုးနပ်တဲ့ အယ်လ်ဘမ်တစ်ချပ် ဖြစ်မဖြစ် ဆိုတာတော့ ဂီတချစ်သူ ကွီးပရိသတ်တွေပဲ ကိုယ်တိုင်ခံစား နားဆင်ကြည့်လိုက်ပါဦးနော်။ ‘Tycoon’ အယ်လ်ဘမ်ထဲမှာ ပါဝင်လာတဲ့ သီချင်းတွေကတော့………
- Can’t Be Fucked With
- Don’t Kill The Party
- December 31st
- Smile Body Pretty Dace ft. Kodak Black & YG
- Show Me Love ft. Tory Lanez
- TYCOON$
- All In
- Twitch
- What I Want
- Say it
- On Repeat
- Harder
- Mixed Emotions
- Wit It
- I Wish
Source : Siachen Studios
Featured Photo : Siachen Studios