Eminem လို့ပြောလိုက်တာနဲ့ ရက်ပ်ဂီတလောကမှာ ဆရာတစ်ဆူအဖြစ် သတ်မှတ်ခြင်းခံရတဲ့ အမေရိကန်ရက်ပ်ပါအဆိုတော်ကို အော်တိုသိပြီးသားဖြစ်ကြပါလိမ့်မယ်။

သူ့ရဲ့နာမည်အရင်းကတော့ Marshall Bruce Mathers III ဖြစ်ပြီး သူသည် ရက်ပ်ပါတစ်ယောက်ဖြစ်တဲ့အပြင် သီချင်းရေးဆရာနဲ့ သီချင်းထုတ်လုပ်သူတစ်ယောက်လည်းဖြစ်ပါတယ်။ သူ့ရဲ့သီချင်းခွေများသည် ကမ္ဘာ့အရောင်းရဆုံး သီချင်းခွေများထဲတွင် ပါဝင်ပါတယ်။

သူ့ရဲ့သီချင်းများသည် အဓိပ္ပာယ်ပြည့်ဝသော သီချင်းစာသားများဖြစ်ပြီး သူ့ရဲ့ရက်ပ်သီချင်း သီဆိုနိုင်စွမ်းပါရမီကြောင့် ယနေ့ထိတိုင် လူကြိုက်များနေဆဲရက်ပ်ပါ တစ်ယောက်ဖြစ်ပါတယ်။ ယနေ့အချိန်အထိ ထွက်ရှိသီဆိုထားသော သီချင်းအများအပြားရှိတဲ့အနက် လူကြိုက်အများဆုံးနဲ့ အကောင်းဆုံးသီချင်းများအဖြစ် သတ်မှတ်ခံထားရတဲ့ သီချင်းတချို့ကို ဝေမျှပေးချင်ပါတယ်။

သင်သည် Eminem ရဲ့အမာခံပရိသတ်ဆိုရင်တော့ ဘယ်သီချင်းတွေ ပါဝင်သလဲဆိုတာကို ခန့်မှန်းမိပြီးသားဖြစ်နေမှာပါ။

(၁၀) Kim

(၉) White America

(၈) “Cleanin” Out My Closet

(၇) Role Model

(၆) My Name Is

(၅) The Way I Am

(၄) Without Me

(၃) The Real Slim Shady

(၂) Stan – Ft. Dido

(၁) The Monster – Ft. Rihana

သင်ရော အခုဖော်ပြသွားတဲ့ Eminem ရဲ့ သီချင်းကောင်းတွေထဲက ဘယ်သီချင်းကို အကြိုက်နှစ်သက်ဆုံးလဲ။

Source: EminemMusic

Featured Image Source: Siachenstudios.com