လူတိုင်းလူတိုင်း သေခြင်းတရားကို လွန်ဆင်နိုင်ခြင်းမရှိကြဘူးဆိုတာလက်ခံကြမယ်ထင်ပါတယ်။သို့သော်လည်း တစ်ချို့ကတော့ လက်မခံနိုင်လောက်အောင်ပဲ လူ့လောကကြီးကနေ ထွက်ခွာသွားတာ အရမ်းကိုစောလွန်းကြပါတယ်။ ဒီလိုစောစီးစွာ သေဆုံးသွားကြတဲ့ လူတွေထဲမှာ ပရိသတ်အချစ်တော် နာမည်ကြီး Rapper အဆိုတော်တွေလည်းအများကြီးပါပါတယ်။ တစ်ချို့ကရောဂါကြောင့် တစ်ချို့က မူးယစ်ဆေးဝါးတွေကြောင့် တစ်ချို့ကလည်းလုပ်ကြံခြင်းခံရပြီး အသက်ဆုံးရှုံးသွားကြတာဖြစ်ပါတယ်။ ဒီနေ့မှာတော့ အသက်ငယ်ငယ်နဲ့ သေဆုံးသွားကြတဲ့ နာမည်ကြီး Rapper အဆိုတော်တွေအကြောင်းကို စာဖတ်ပရိသတ်တွေအတွက် မျှဝေပေးချင်ပါတယ်။

(၁) Fred the Godson

အမေရိကန်နိုင်ငံ New York အခြေစိုက် DJ နဲ့ Rapper တစ်ဦးဖြစ်တဲ့ Fred the Godson ကတော့ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဧပြီလ ၂၃ ရက်နေ့မှာ သေဆုံးသွားခဲ့ပါတယ်။ Fred the Godson ဟာလက်ရှိဖြစ်ပွားလျက်ရှိတဲ့ Coronavirus ပိုးကူးစက်ခံရပြီး အသက်ဆုံးပါးသွားခဲ့တာဖြစ်ပါတယ်။ Frederick Thomas လို့လည်းလူသိများတဲ့ Fred the Godson ဟာ Diddy, Meek Mill နဲ့ Pusha T တို့လို နာမည်ကျော်တွေနဲ့ သီချင်းတွေပူးပေါင်းဖန်တီးခဲ့ပြီး ၂၀၂၀ မှာသူရဲ့တစ်ကိုယ်တော် အယ်လ်ဘမ်ကိုလည်းထုတ်ဝေခဲ့ပါတယ်။ လက်ရှိသူသေဆုံးသွားချိန်မှာတော့ အသက် ၃၅ နှစ်သာရှိပါသေးတယ်။

(၂) Pop Smoke

Pop Smoke လို့လူသိများတဲ့ အမေရိကန် တေးရေးဆရာနဲ့ ရက်ပ်အဆိုတော် Bashar Barakah Jackson ကတော့ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က West Hollywood မှာရှိတဲ့ ဆေးရုံတစ်ရုံမှာ အသက်ဆုံးပါးသွားခဲ့တာဖြစ်ပါတယ်။ Pop Smoke လူသတ်မှုကြောင့်သေဆုံးသွားခဲ့ရတာဖြစ်ပြီး သူရဲ့နေအိမ်အတွင်းသို့ သေနတ်သမားနှစ်ဦးဝင်ရောက် ပစ်ခတ်သွားခဲ့တာဖြစ်ပါတယ်။ အခင်းဖြစ်ပွားရာနေအိမ်ကိုရဲတွေရောက်လာခဲ့ပေမယ့်လည်း သေနတ်သမားတွေကိုတော့ ဖမ်းမိခြင်းမရှိခဲ့ပါဘူး။ Pop Smokeဟာ သေဆုံးသွားချိန်မှာ အသက် ၂၀ သာရှိသေးတဲ့ အနုပညာရှင်လူငယ်ကြယ်ပွင့်တစ်ဦးဖြစ်ပါတယ်။

(၃) Juice WRLD

Lucid Dreams လို့သီချင်းကောင်းတွေနဲ့ ကမ္ဘာတစ်ဝှမ်းက ပရိသတ်အားပေးမှုအခိုင်အမာရရှိခဲ့တဲ့ အမေရိကန်အဆိုတော် Juice Wrld ကိုအားလုံးသိကြမယ်ထင်ပါတယ်။ အသက် (၂၁) နှစ်အရွှယ် Juice Wrld ကတော့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ (၈) ရက်နေ့က ဂျီကာဂိုလေလိမ်တွင်ကိုယ်ပိုင်ဂျက်လေယာဉ်ပေါ်မှာ မူးယစ်ဆေးဝါးတွေအတူ ဖမ်းဆီးရမိခဲ့ပြီး မကြာမှီအချိန်အတွင်းမှာပဲ ရုတ်တရက်သေဆုံးတယ်ဆိုတဲ့ သတင်းများထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ Lucid Dreams ဟာ မူးယစ်ဆေးအလွန်အကျွံသုံးစွဲခဲ့မိခြင်းကြောင့် သေဆုံးတာဖြစ်ကြောင်း သက်ဆိုင်ရာကသတင်းထုတ်ပြန်ခဲ့ပါတယ်။

(၄) Mac Miller

Mac Miller လို့လူသိများတဲ့ အမေရိကန် Rapper အဆိုတော် Malcolm James McCormick ဟာ ပြီးခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် စက်တင်ဘာ (၇) ရက်နေ့က ကယ်လဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိမှာရှိတဲ့ သူရဲ့ နေအိမ်မှာပဲ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ Mac Miller သေဆုံးချိန်မှာတော့ အသက်အားဖြင့် ၂၆ နှစ်သာရှိသေးပြီး အရက်နှင့်မူးယစ်ဆေးဝါးအလွန်အကျွံ ရောထွေးသုံးစွဲရာကနေ အသက်သေဆုံးခဲ့ရတာဖြစ်ပါတယ်။ My Favorite Part ၊ Self Care ၊ Good News ကဲ့သို့ ပရိသတ်အားပေးတဲ့သီချင်းများစွာနဲ့ စတူဒီယိုအယ်လ်ဘမ်များစွာ ထုတ်ဝေနိုင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။

(၅) XXXTentacion

အမေရိကန်လူငယ် Rapper အဆိုတော့ XXXTentacion ကတော့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဇွန်လ (၁၈)ရက်နေ့က ဖလော်ရီဒါပြည်နယ်တောင်းပိုင်းတွင် ဈေးဝယ်ထွက်နေစဉ် သေနတ်သမားများရောက်လာပြီး ပစ်ခတ်သွားခဲ့တာဖြစ်ပါတယ်။ XXXTentacion သေဆုံးချိန်မှာတော့ အသက် (၂၀) သာရှိသေးပြီး ပရိသတ်အားပေးမှုများစွာရခဲ့တဲ့ အောင်မြင်တဲ့လူငယ်ရက်ပ်ပါ တစ်ယောက်ဖြစ်ခဲ့ကာ ၂၀၁၈ မတ်လမှာထွက်ခဲ့တဲ့ သူရဲ့နောက်ဆုံးတေးအယ်လ်ဘမ်ဟာလည်း Billboard 200 chart ရဲ့ ထိပ်ဆုံးနေရာမှာရပ်တည်နိုင်ခဲ့ပါတယ်။ XXXTentacion လိုအောင်မြင်တဲ့ လူငယ်အဆိုတော်တစ်ဦး လုပ်ကြံခံရတဲ့အတွက် ပရိသတ်တွေလည်းအရမ်းကို ဝမ်းနည်းပူးဆွေးခဲ့ကြရပါတယ်။