သည်းထိတ်ရင်ဖို ဇာတ်ကားတွေ ကြိုက်နှစ်သက်တဲ့ ရုပ်ရှင်ချစ် ပရိသတ်တွေအတွက် ဒီတစ်ခေါက်တော့ Rating အကောင်းဆုံး Horror Movies ဇာတ်ကားကောင်း တချို့ ကို တင်ဆက်ပေးချင်ပါတယ်။

(၁) The Shining

Source : Andrew Henderson

၁၉၈၀ ခုနှစ် မေလ ၂၃ ရက်နေ့မှာ ထွက်ရှိခဲ့တဲ့ The Shining ဇာတ်ကားကတော့ သည်းထိတ်ရင်ဖို ဇာတ်ကားတွေထဲမှာ နာမည်အကြီးဆုံး ရုပ်ရှင်ကားတစ်ကား ဖြစ်ပါတယ်။ အမေရိကန်စာရေးဆရာ Stephen King ရဲ့ ဝတ္ထုကို အခြေခံပြီး ရုပ်ရှင်ပြန်လည် ရိုက်ကူးထားတာပါ။ ဒီရုပ်ရှင်ဟာ သာမန်လူတွေ မမြင်နိုင်တဲ့ အရာတွေကို မြင်နိုင်စွမ်းရှိနေတဲ့ ဇာတ်ကောင် Jack Torrance နဲ့ ဇာတ်လမ်းကို သရုပ်ဖော်ထားပါတယ်။ IMDb Rating 8.4 အထိရရှိထားတဲ့ ကျောချမ်းစရာ Horror ရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

(၂) Alien

Source : Alien Anthology

Alien ရုပ်ရှင်ဇာတ်ကားကတော့ ၁၉၇၉ ခုနှစ် ဒီဇင်ဘာ ၆ ရက်နေ့က ထွက်ရှိခဲ့ပါတယ်။ ဇာတ်လမ်းအစကနေ အဆုံးအထိ ရင်တထိတ်ထိတ်နဲ့ ကြောက်လန့်ဖွယ် ရသကို အပြည့်အဝ ခံစားရမယ့် သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားဟာ သည်းထိတ်ရင်ဖိုစရာ လှည့်ကွက်တွေ ၊ ကြောက်မက်ဖွယ်ရာ ပြကွက်တွေနဲ့ IMDb Rating 8.4 ရရှိထားတဲ့ ထာဝရ အကောင်းဆုံး Horror ရုပ်ရှင် ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။

(၃) Psycho

Source : Damontager

Psycho ရုပ်ရှင်ဇာတ်ကားကတော့ ၁၉၆၀ ခုနှစ် စက်တင်ဘာ ၈ ရက်နေ့က ထွက်ရှိခဲ့တဲ့ စိတ်ပိုင်းဆိုင်ရာ ထိတ်လန့်ခြောက်ခြားဖွယ် Horror ရုပ်ရှင်ကား တစ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ နာမည်တူ Psycho ဝတ္ထုကို Inspired ယူပြီး ပြန်လည်ရိုက်ကူးထားတာပါ။ တုန်လှုပ်ခြောက်ခြားဖွယ်ရာ လူသတ်မှုအကြောင်းရဲ့ နောက်ကွယ်က လှည့်ကွက်တွေ၊ ထိတ်လန့်စရာ အကြောင်းအရာတွေနဲ့ ရုပ်ရှင်ကို ဆွဲဆောင်ထားပါတယ်။ နာမည်ကြီး ဒါရိုက်တာ Alfred Hitchcock ရဲ့ ဖန်တီးမှုလက်ရာဖြစ်ပြီး IMDb Rating 8.5 ရရှိထားတဲ့ အကောင်းဆုံး Horror ရုပ်ရှင်ကား ဖြစ်ပါတယ်။

(၄) The Thing

Source : ScreamFactoryTV

ဒီဇာတ်ကားဟာ ၁၉၈၂ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့က ထွက်ရှိခဲ့တာပါ။ Who Goes There ဆိုတဲ့ ဝတ္ထုကို အခြေခံပြီး ရုပ်ရှင်ပြန်လည်ရိုက်ကူးထားတဲ့ သိပ္ပံစိတ်ကူးယဉ် Horror ရုပ်ရှင်ကား ဖြစ်ပါတယ်။ ပုံစံအမျိုးမျိုးပြောင်းလဲနိုင်တဲ့ ဂြိုလ်သားတွေနဲ့ ထိတ်လန့်ဖွယ်ရာ လှည့်ကွက်များစွာ ပါဝင်နေတဲ့ ကြောက်စရာအကောင်းဆုံး Horror ရုပ်ရှင် ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဒါရိုက်တာ John Carpenter ကရိုက်ကူးပုံဖော်ထားပြီး IMDb Rating 8.1 ရရှိထားပါတယ်။

(၅) Jaws

Source : UniversalMoviesINTL

Jaws ရုပ်ရှင်ဇာတ်ကားက ၁၉၇၅ ခုနှစ်ထွက် ကြောက်စရာအကောင်းဆုံး သည်းထိတ်ရင်ဖို ရုပ်ရှင်ကားကောင်း တစ်ကား ဖြစ်ပါတယ်။ ဒါရိုက် တာ Steven Speilberg ရဲ့ ဖန်တီးမှုလက်ရာ ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကား ဖြစ်ပြီး IMDb Rating 8 ရရှိထားပါတယ်။ ထိတ်လန့်စရာ ပြကွက်တွေနဲ့ သည်းထတိတ်ထိတ် ရင်တဖိုဖို ကြည့်ရှုခံစားရမယ့် ရသအမြောက်ဆုံး Horrorရုပ်ရှင်ဇာတ်ကား တစ်ကားဖြစ်ပါတယ်။

Featured Photo : ScreenCrush