(၁) ကြက်ဥအစိမ်းစားခြင်းက ကြော်ချက်စားသလိုပဲ အာဟာရဓာတ် ပေါကြွယ်ဝပါတယ်

Source: Lifevies

ကြက်ဥကို ကြော်ချက်စားသလိုပဲ ကြက်ဥအစိမ်းလိုက်စားတာဟာလည်း အာဟာရဓာတ် ကြွယ်ဝပါတယ်။ ကြက်ဥထဲမှာ ပရိုတင်းပမာဏ များစွာပါဝင်ပြီး အခြား ဗီတာမင်နဲ့ မျက်လုံးကို အကျိုးပြုစေတဲ့ အာဟာရတွေလည်း ပါဝင်ပါတယ်။ ဦးနှောက်ကို ကောင်းစွာအလုပ်လုပ်စေတဲ့ ကိုလင်းဓာတ်တွေလည်း ပါဝင်ပါသေးတယ်။

(၂) ကြက်ဥကို အစိမ်းစားတဲ့အခါ အထဲက ပရိုးတင်းဓာက်တွေကို ခန္ဓာကိုယ်က ကောင်းစွာမစုပ်ယူနိုင်ဘူး

Source: Egg Nutrition Center

ဟုတ်ပါတယ်။ ကြက်ဥအစိမ်းစားတာက သူ့ထဲမှာပါတဲ့ ပရိုတင်းဓာတ် အကုန်လုံးကို မရနိုင်ပါဘူး။ လေ့လာမူများအရ ချက်ပြီးသားကြက်ဥကို စားတဲ့အခါမှာ ခန္ဓာကိုယ်က ပရိုတင်းဓာက် ၉၀% ကို စုပ်ယူနိုင်ပေမဲ့၊ အစိမ်းစားတဲ့အခါမှာ ပရိုတင်းဓာတ် ၅၀% ကိုပဲ စုပ်ယူနိုင်တာကို တွေ့ရှိခဲ့ရပါတယ်။

အာဟာရဓာတ်တော်တော်များများဟာ ကြက်ဥအနှစ်မှာပါတာပါ။ ဒါကြောင့် ကြက်ဥထဲက ပရိုးတင်းဓာတ် အကုန်နီးပါရချင်ရင်တော့ ချက်ပြီး စားဖို့ အကြံပေးချင်ပါတယ်။

(၃) ကြက်ဥအစိမ်းရဲ့ အကာက ဘိုင်အိုတင်း စုပ်ယူမူကို လျှော့နည်းစေတယ်

Source: Dog

ကြက်ဥအစိမ်းရဲ့အကာက ကြက်ဥထဲမှာပါတဲ့ ဘိုင်အိုတင်း၊ (ဦးနှောက်အလုပ်လုပ်ဆောင်တာကို အကျိုးပြုစေတဲ့) ဗီတာမင် ဘီ စုပ်ယူမူကို လျှော့နည်းစေပါတယ်။

(၄) ကြက်ဥ အစိမ်းတွေမှာ ဘက်တီးရီးယား ပါနိုင်ပါတယ်

Source: Food Safety Training

ကြက်ဥ အစိမ်းမှာ Salmonella လို့ခေါ်တဲ့ အစာအဆိပ်သင့်ခြင်းကိုဖြစ်စေတဲ့ ဘက်တီးရီးယားပိုးတွေ ပါဝင်နိုင်ပါတယ်။ ပိုးပါတဲ့ ကြက်ဥအစိမ်းကို စားမိရင် ဗိုက်အောင့်ဗိုက်နာတာနဲ့၊ ခေါင်းကိုက်တာတွေ ဖြစ်တတ်ပါတယ်။

(၅) ဘက်တီးရီးယားပိုးတွေက တချို့လူတွေအပေါ်ပိုပြီး သက်ရောက်မှုရှိတယ်

Source: Choc Children’s Blog

Salmonella ဘက်တီးရီးယားပိုး ကူးစက်တာက ကလေးသူငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ သက်ကြီးရွယ်အိုတွေ အပေါ်ပိုပြီးသက်ရောက်မှုရှိပါတယ်။ တခါတလေ ရောဂါ ပြင်းပြင်းထန်ထန်ခံစားရတတ်ပါတယ်။ ဒါကြောင့် ကြက်ဥကို ချက်ပြီး ကျွေးတာက အကောင်းဆုံးပါ။

ဒီလိုဘက်တီးရီးယားပါတဲ့ ကြက်ဥတွေ မစားမိအောင် ဘယ်လိုကာကွယ်ကြမလဲ။ လွယ်ပါတယ်။

  • Supermarket တွေမှာ ပိုးသတ်ပြီးသား တင်ရောင်းတဲ့ ကြက်ဥတွေကို ရွေးဝယ်ပါ
  • ကြက်ဥကို ဝယ်ပြီးတာနဲ့ ရေခဲသေတ္တာထဲမှာ ထည့်ထားပါ
  • ကြက်ဥကို အခန်းအပူချိန်တွင်းမှာ မထားပါနဲ့။ ဘက်တီးရီးယားပိုတွေ လျင်မြန်စွာပေါက်ဖွားတတ်လို့ပါ။
  • ရက်လွန်နေတဲ့ ကြက်ဥတွေ ဝယ်စားတာမျိုးကို ရှောင်ကြဉ်ပါ
  • ကွဲနေတဲ့ကြက်ဥတွေ၊ ညစ်ပတ်နေတဲ့ ကြက်ဥတွေကို မစားပါနဲ့။

နောက်ဆုံးအနေနဲ့ အကြံပေးချင်တာကတော့ ကလေးသူငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ သက်ကြီးရွယ်အိုတွေ နဲ့ ကိုယ်ခံအားနည်းနေတဲ့ သူတွေကို ကြက်ဥအစိမ်း မကျွေးဖို့ပါပဲ။