R&B ၊ ဟစ်ဟော့၊ ပေါ့ပ်၊ ရော့ခ် စသည်ဖြင့် သီချင်းဂီတအမျိုးအစား အများအပြားရှိတဲ့အနက် R&B သီချင်းတွေကို ကြိုက်နှစ်သက်တဲ့ ကွီး တို့အတွက် ဒီတစ်ခါမှာတော့ တစ်ခေတ်တစ်ခါက နာမည်ကြီး လူကြိုက်များခဲ့တဲ့ သီချင်း ကောင်းများကို စုစည်းတင်ဆက်ပေးလိုက်ရပါတယ်။

The Boy is Mine – Monica

Source : Brandy

အဆိုတော် Monica သီဆိုထားတာဖြစ်ပြီး ၁၉၉၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ R&B သီချင်း များအနက် လူကြိုက်အများဆုံး သီချင်းတစ်ပုဒ်လည်းဖြစ်ပါတယ်။

Fantasy – Mariah Carey

Source : Mariah Carey

သီချင်းတွေကို အသံဆွဲဆွဲငင်ငင်လေးနဲ့ ဆွဲဆောင်မှုအပြည့် သီဆိုလေ့ရှိတဲ့ Mariah Carey ကိုတော့ အားလုံး သိပြီးသားဖြစ်ပါလိမ့်မယ်။ Fantasy သည်လည်း သူ့ရဲ့ နာမည်ကြီး R&B သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

Waterfalls – TLC

Source : TLC

၁၉၉၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ ထိုခေတ်အခါတုန်းကလည်း R&B သီချင်း များကို လူကြိုက်တော်တော်များကြပါတယ်။

This Is How We Do It – Montell Jordan

Source : Montell Jordan

R&B ရယ် ဟစ်ဟော့ရယ် ရက်ပ် စတဲ့ တေးဂီတအမျိုးအစား (၃) မျိုးကို ပေါင်းစပ်ကာ သီဆိုထားတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ လူကြိုက်များလွန်းလို့ ဆုပေးပွဲများတွင် ဆန်ကာတင်သီချင်းအဖြစ် အမြဲတမ်းစာရင်းဝင်ခဲ့ပါတယ်။

Return Of The Mack – Mark Morrison

Source : Mark Morrison

ဒီသီချင်းလေးကတော့ ၁၉၉၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ သီချင်းဖြစ်ပါတယ်။ သူသည်လည်း Brit Award For Song Of The Year ဆုအဖြစ် ဆန်ကာတင်စာရင်း ဝင်ခဲ့ပါသေးတယ်။

At Last – Etta James

Source : Jennie Postemus

အေးအေးညိမ့်ညိမ့်လေးနဲ့ နားဆင်ခံစားချင်တဲ့သူတွေအတွက်ရော ရှေးဟောင်းသီချင်းမျိုးကို နှစ်သက်တဲ့ သီချင်းချစ်သူတွေအတွက် အကောင်းဆုံးသီချင်းတစ်ပုဒ် ဖြစ်ပါတယ်။

Freak Like Me – Adina Howard

Source : UPROXX Video

ဒီသီချင်းသည်လည်း ၁၉၉၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။

End Of The Road – Boyz II Men

Source : Boyz II Men

Boyz II Men အဖွဲ့နဲ့ အားလုံးရင်းနှီးပြီးသား ဖြစ်ပါလိမ့်မယ်။ End Of The Road သီချင်းကိုလည်း သူတို့အဖွဲ့ကပဲ သီဆိုထားတာပါ။

No Ordinary Love – Sade

Source : Sade

ဒီသီချင်းလေးကတော့ ၁၉၉၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ သီချင်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ မဖြစ်နိုင်တဲ့ချစ်ခြင်းတရားအကြောင်း ရေးသားစပ်ဆိုထားတာဖြစ်ပါတယ်။

Say My Name – Destiny’s Child

Source : Destiny’s Child

ဒီသီချင်းလေးကတော့ ၁၉၉၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ Destiny’s Child ဆိုတဲ့ R&B သီချင်း များ သီဆိုလေ့ရှိတဲ့ မိန်းကလေးအဖွဲ့ သီဆိုထားတာ ဖြစ်ပါတယ်။ သူတို့သည် ယခုအချိန်မှတော့ အကြောင်းအမျိုးမျိုးကြောင့် ပြိုကွဲသွားခဲ့ပါပြီ။ သို့သော် သူတို့ရဲ့သီချင်းတွေကတော့ ယနေ့ထိတိုင် လူကြိုက်များနေဆဲပဲ ဖြစ်ပါတယ်။

အခုဖော်ပြသွားတဲ့ သီချင်းလေးများကို သီချင်းချစ်သူများအားလုံး အကြိုက်တွေ့ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

Featured Image Source: Houseofblues