R&B သီချင်းများကို နှစ်သက်တဲ့ သီချင်းချစ်သူများအတွက်တော့ Frank Ocean ရဲ့ သီချင်း တွေသည် နားဆင်ခံစားသင့်တဲ့ သီချင်းတွေပဲဖြစ်ပါတယ်။

ထိုအဆိုတော်က ဘယ်သူလဲဆိုတာ မသိသေးတဲ့သူတွေအတွက် အနည်းအကျဉ်းမျှ မိတ်ဆက်ပေးချင်ပါတယ်။ သူသည် အမေရိကန် သီချင်းရေးဆရာတစ်ယောက်လည်းဖြစ်သလို အဆိုတော်တစ်ယောက်လည်းဖြစ်ပါတယ်။ သူ့ခေတ်အခါတုန်းကတော့ အတော်ဆုံးသီချင်းရေးဆရာအဖြစ် သတ်မှတ်ခံရသူတစ်ယောက်ပါ။ ဒါတင်မကသေးပါဘူး၊ သူသည် စာရေးဆရာအချို့အတွက်လည်း ရှဲဒိုးစာရေးဆရာအဖြစ် လုပ်ကိုင်ပေးပါသေးတယ်။

R&B Frank Ocean သီချင်း

Photo: Variety

R&B ဂီတအမျိုးအစားကို အများဆုံး သီဆိုလေ့ရှိတဲ့ Frank Ocean သည် ရော့ခ် သီချင်း များ၊ Jazz နှင့် Pop သီချင်းတို့ကိုလည်း ပေါင်းစပ်ကာသီဆိုလေ့ရှိပါသေးတယ်။

R&B သီချင်းများကို နှစ်သက်တဲ့ သီချင်းချစ်သူများအတွက် Frank Ocean ရဲ့ သီချင်း ကောင်းများကို နားဆင်ခံစားနိုင်ဖို့ရန်အတွက် အခုပဲ စုစည်းတင်ဆက်ပေးလိုက်ရပါတယ်။

Chanel

ဒီသီချင်းကို နားထောင်ပြီးတဲ့အခါ သီချင်းစာသားတွေ၊ သံစဉ်တီးလုံးတွေက နားထဲမှာ စွဲနေပြီး ထိုသီချင်းကိုပဲ ရက်အတော်ကြာ ကြားယောာင်နေမိမှာဖြစ်ပါတယ်။

Nights

ဒီသီချင်းလေးရဲ့ ပထမအပိုဒ်မှာတော့ မနက်ခင်းအကြောင်း စပ်ဆိုထားတာဖြစ်ပါတယ်။ မနက်ခင်းပြီးတော့ နေလည်ခင်း၊ ထို့နောက် နေဝင်ဆည်းဆာနှင့် နောက်ဆုံးမှာတော့ ညအကြောင်း သီဆိုထားတာဖြစ်ပါတယ်။

နောက်ကွယ်က သီချင်းအဓိပ္ပာယ်ကတော့ Frank ရဲ့ ပြတ်စဲပြီးတဲ့ အချစ်ရေးအကြောင်းကို စပ်ဆိုထားတာဖြစ်ပါတယ်။

In My Room

ဒီသီချင်းကတော့ ၂၀၁၉ တုန်းက ထွက်ရှိထားတာဖြစ်ပြီး ဒီသီချင်းလေးသည်လည်း သူ့ရဲ့ဘဝအကြောင်းကို စပ်ဆိုထားတာဖြစ်ပါတယ်။ သူ သုံးဖြုန်းခဲ့တဲ့ ပိုက်ဆံတွေအကြောင်း၊ သူ့နောက်လိုက်နေတဲ့ ပါပါရာဇီ စတာတွေကို သီဆိုထားတာဖြစ်ပါတယ်။

Pink + White

ဒီသီချင်းလေးထဲမှာတော့ Beyonce က နောက်ခံအဆိုတော်အဖြစ် သီဆိုပေးထားတာဖြစ်ပါတယ်။

Novacane

ဒီသီချင်းလေးကတော့ R&B အပြင် Neo-Soul နှင့် Hip Hop ဂီတများကို ပေါင်းစပ်ကာ သီဆိုထားတာဖြစ်ပါတယ်။ အင်မတန်နားထောင်လို့ကောင်းတဲ့ သီချင်းတစ်ပုဒ်ပါ။

Swim Good

ဒီသီချင်းလေးကတော့ မကောင်းတဲ့ခံစားချက်များ ခံစားနေရတဲ့အခါ ထိုခံစားချက်များကို မတွေးမိအောင် အဝေးဆုံးသို့ ကူးခတ်သွားရမယ့်အကြောင်း စပ်ဆိုထားတာဖြစ်ပါတယ်။

Ivy

ဒီသီချင်းလေးကတော့ သူ့ရဲ့ ပထမဦးဆုံး အချစ်ဦးနဲ့ ဘယ်လိုလွဲခဲ့တဲ့အကြောင်း စပ်ဆိုထားတာဖြစ်ပါတယ်။ လူသားများသည် အသည်းကွဲပြီးနောက်မှာ ဘယ်လောက်ခံစားရကြောင်း စပ်ဆိုထားတဲ့ သီချင်းတစ်ပုဒ်ဆိုလည်း မမှားပါဘူး။

White Ferrari

ဒီသီချင်းလေးသည်လည်း အသည်းကွဲသီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ လမ်းခွဲပြီးနောက်မှာ တစ်ယောက်နဲ့တစ်ယောက်သည် အရှေ့သို့သာ ဆက်သွားကြရတဲ့အကြောင်း စပ်ဆိုထားတာဖြစ်ပါတယ်။

Self Control

ဒီသီချင်းလေးကလည်း သူ့ရဲ့ရည်းစားဟောင်းတွေထဲက တစ်ယောက်အကြောင်းကို စပ်ဆိုထားတာဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်သည် ကိုယ့်ဘဝနဲ့ကိုယ် ဖြစ်သွားပေမယ့် သူတို့ကိုယ်သူတို့ ထိန်းချုပ်နေရကြောင်း ရေးဖွဲ့ထားတာဖြစ်ပါတယ်။

Godspeed

ဒီသီချင်းလေးထဲမှာတော့ သူ ဆယ်ကျော်သက်ဘဝက ချစ်ပြီး တန်ဖိုးထားခဲ့ရတဲ့သူတစ်ယောက်အကြောင်းနှင့် သူ့ရဲ့အချစ်တွေကို ဖွင့်ဟပြောပြခဲ့ဖို့ အခွင့်အရေးမရခဲ့ကြောင်း ရေးဖွဲ့ထားတာဖြစ်ပါတယ်။

သီချင်းချစ်သူတို့ရော R&B အဆိုတော် Frank Ocean ရဲ့ အကောင်းဆုံး သီချင်းတွေထဲက ဘယ်သီချင်းကို အနှစ်သက်ဆုံးလဲဆိုတာ ပြောပြခဲ့ပါဦး။

Source: Tonestart

Featured Image Source: Vulture