ဩဇာညောင်းတဲ့ လူတွေကို အများစုက တစ်ကိုယ်ကောင်းဆန်ကြတယ် သူတို့အတွက်ပဲ တွေးကြတယ်လို့ ထင်ထားကြတယ်။ ဒါက နားလည်မူလွဲမှားနေတာပါ။ တစ်ဖက်သားကို ဩဇာလွှမ်းမိုးနိုင်ဖို့ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းနဲ့ ပြည့်စုံရပါမယ်။

ဒီနေ့ kwee page က ဩဇာညောင်းတဲ့ အမျိုးသားတွေမှာရှိသော အမူအကျင့်တွေ အကြောင်းပြောပြပေးသွားမှာပါ။

သူတို့တွေဟာ စိတ်ထဲမှာရှိတဲ့အရာကို ထုတ်ဖော်ပြောဖို့ မကြောက်ဘူး

Source: Bright Side

သူတို့တွေက စိတ်ထဲမှာပြောချင်တဲ့ စကားတွေကို ထိန်းသိမ်းထားတက်တဲ့ လူမျိုးမဟုတ်ပါဘူး။ အများစုက တစ်ပါးသူကို ထိခိုက်စေမယ့်စကားတွေ ပြောရမှာ အားနာပြီး ထုတ်ဖော်ပြရမှာ ကြောက်တက်ကြတယ်။ ဒါ့ကြောင့် စိတ်ထဲမှာပြောချင်ပေးမယ့် ပြောမထွက်ကြဘူး။  ဒါပေမယ့် ဩဇာညောင်းတဲ့ အမျိုးသားတွေကျတော့ စိတ်ထဲရှိတာကို ပြောရမှာမကြောက်ကြဘူး။

ကျန်းမာရေးကို ဂရုစိုက်တယ်

Source: Bright Side

သူတို့အတွက် ကျန်းမာရေးက ထိပ်ဆုံးဦးစားပေးပါ။ ခန္ဓာကိုယ်ကျန်းမာရေးက စိတ်ကျန်းမာရေးနဲ့လည်း သက်ဆိုင်မှုရှိပါတယ်။ ပြီးတော့ လူတွေရဲ့အတွေးအမြင်ကိုလည်း ပြောင်းလဲစေပါတယ်။ ဒါကြောင့် သူတို့ဟာ ကျန်းမာနေအောင် လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်လေ့ရှိကြတယ်။

စာဖက်ကြတယ်

Source: Bright Side

တစ်ပါးသူကို ဩဇာလွှမ်းတဲ့လူတိုင်း ဉာဏ်ကောင်းကြတယ်လို့ မဆိုလိုပါဘူး။ ဒါပေမယ့် သူတို့ဟာ ကမ္ဘာပေါ်မှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာ တော်တော်များများကို ခြုံငုံမိနေတက်ကြတယ်။ ဒါဟာ သူတို့က စာဖတ်တာကြောင့်ဖြစ်ပြီး သတင်းအချက်အလက်တွေ စုဆောင်းရမှာ ဝါသနာထုံကြလို့ဖြစ်ပါတယ်။ သူတို့ဟာ အားအင်သုံးပြီးလုပ်ရတဲ့အလုပ်တွေထက် ဦးနှောက်သုံးပြီးလုပ်ရတဲ့ အလုပ်ကိုပိုပြီးနှစ်သက်ကြတယ်။

မိမိကိုယ်မိမိယုံကြည်မှုရှိတယ်

Source: Bright Side

ဒီအချက်ကတော့ အထူးပြောနေစရာမလိုတော့ဘူးထင်ပါတယ်။ ဩဇာလွှမ်းတဲ့လူတိုင်းက မိမိကိုယ်မိမိ ယုံကြည်မှုရှိကြတဲ့သူတွေဖြစ်ကြပါတယ်။ ဒါမှလည်း တစ်ပါးသူအပေါ် ဩဇာညောင်းနိုင်မှာပါ။ စကားပြောနေတဲ့အချိန်မှာ သူတို့မျက်လုံးကိုကြည့်လိုက်ရင် ယုံကြည်မှုအပြည့်ရှိနေတာကို တွေ့နိုင်ပါတယ်။

လူကြီးလူကောင်းဆန်တယ်

Source: Man of the hour

သူတို့တွေက တစ်ပါးသူအပေါ် ကြင်နာတက်ကြတယ်။ ဒါပေမယ့် သူတို့တွေဟာ သူတို့ရဲ့ လိုအင်ဆန္ဒတွေကို ဦးစားပေးတတ်ကြတယ်။ သူတို့အတွက် စဉ်းစားပြီးမှ တခြားလူအတွက်ကို စဉ်းစားကြတာပါ။ ဒါကြောင့်မို့လို့ လူအများက တစ်ကိုယ်ကောင်းဆန်တယ်လို့ ထင်ကြတာပါ။