ရီးရဲလ်မက်ဒရစ်အသင်းဟာ သူတို့ရဲ့ ကစားသမားတွေဖြစ်တဲ့ ဟာဇက်နှင့်ကာစီမီရို Covid-19 ကူးစက်ထားခံရကြောင်း အတည်ပြုပြောကြားသွားခဲ့ပါတယ်။ လာလီဂါ ချန်ပီယံ ရီးရဲလ်အသင်းဟာ တနင်္ဂနွေနေ့ ဗလင်စီယာနဲ့ ပွဲမတိုင်ခင် ကစားသမားတွေနဲ့ ဝန်ထမ်းတွေကို Covid-19 စစ်ဆေးမှုပြုလုပ်ခဲ့ရာ ဟာဇက်နှင့်ကာစီမီရို တို့မှာ Covid-19 ကူးစက်ခံထားရကြောင်း သိရှိခဲ့ရတာပဲဖြစ်ပါတယ်။

Source: FC Barcelona Noticias

ဟာဇက်ဟာ (၂၀၂၀-၂၀၂၁) ဘောလုံးရာသီအစပိုင်းမှာလည်း ဒဏ်ရာပြဿနာကြောင့် အသင်းရဲ့ ပွဲစဉ်တော်တော်များများ လွဲချော်ခဲ့ပါတယ်။ ယခု ရောဂါကူးစက်ထားခံရတာကြောင့် အသင်းရဲ့ ပွဲစဉ်တော်တော်များများမှာ ဝင်ရောက်ကစားပေးနိုင်မှာ မဟုတ်ပါဘူး။

Source: BeIN Sports

အသင်းမှာ ပုံမှန်ပွဲထွက်ခွင့် ရနေတဲ့ ဘရာဇီးသား ကာစီမီရိုဟာ ပွဲထွက်ကစားသမားတွေထဲမှာ တစ်ဦးထဲ Covid-19 ကူးစက်ခံရတာဖြစ်ကြောင်း သိရပါတယ်။ Covid-19 ကူးစက်ထားခံရတဲ့ ကစားသမားနှစ်ဦးစလုံးဟာ မိမိအိမ်မှာပဲ သီးခြားနေထိုင်ရမှာဖြစ်ကြောင်း သိရပါတယ်။

Source: AS English

“သောကြာနေ့ မနက်ပိုင်းမှာပြုလုပ်ခဲ့တဲ့ Covid-19 စစ်ဆေးမှုမှာ အသင်းရဲ့ကစားသမားတွေဖြစ်တဲ့ ဟာဇက်နှင့်ကာစီမီရို တို့နှစ်ဦးဟာ positive ဖြစ်ခဲ့ပါတယ်။ တခြားကစားသမားတွေ၊ ဝန်ထမ်းတွေနဲ့ နည်းပြအဖွဲ့ဝင်တွေအားလုံး ကတော့ negative ပါပဲ။ အချုပ်ပြောရရင်တော့ ဟာဇက်နှင့်ကာစီမီရို ကလွဲရင် အသင်းနဲ့ပက်သတ်တဲ့ သူအားလုံး negative ရလဒ်ထွက်ခဲ့ပါတယ်” လို့ အသင်းတာဝန်ရှိသူတွေက ကြေညာထားပါတယ်။

ရီးရဲလ်အသင်းမှာအသင်းကစားတွေဖြစ်တဲ့ ဒန်နီ ကာဗာဂျယ်၊ အဲဗာရို အိုဒရီရိုဇိုလာ နဲ့ နာချို တို့ဟာ ဒဏ်ရာ အသီးသီးရရှိနေကြပါတယ်။