ရီးရဲလ်မက်ဒရစ်အသင်းဟာ လာမယ့် နွေရာသီအပြောင်းအရွှေ့ကာလမှာ လီဗာပူးလ် နောက်ခံကစားသမား ဂျိုး ဂိုးမက်ဇ်ကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။

Joe Gomez against Norwich City

Photo: Liverpool Offside

အစောပိုင်းမှာ ထွက်ပေါ်ခဲ့တဲ့ သတင်းတွေက ဂိုးမက်ဇ်ဟာ ဇန်နဝါရီလမှာ အက်စ်တန် ဗီလာကို ပြောင်းရွှေ့ဖွယ်ရှိတယ်လို့ ဖော်ပြခဲ့ပေမယ့်လည်း လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်က မကြာသေးခင်က ၎င်းအနေနဲ့ အင်္ဂလန်နောက်ခံကစားသမားကို အသုံးပြုချင်ကြောင်းနဲ့ ဆောင်းရာသီအပြောင်းအရွှေ့ကာလမှာ ရောင်းချဖို့ အစီအစဉ်မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှာ မကြာသေးမီက ပြန်လည်ရိုက်ခတ်လာနေတဲ့ ကိုဗစ်-၁၉ ရောဂါကြောင့် လီဗာပူးလ်အသင်းဟာ နှစ်သစ်မှာ ဂိုးမက်ဇ်ကို ပွဲစဉ်တွေမှာ ပိုမို အသုံးပြုလာရဖွယ် ရှိနေတာဖြစ်ပြီး မာဆေးဆိုဒ်အသင်းဟာ ဇန်နဝါရီလမှာ နတ် ဖီးလစ်ကို ရောင်းထုတ်ဖို့ ကြိုးပမ်းသွားဖွယ်ရှိနေပါတယ်။

တကယ်လို့ လီဗာပူးလ်အသင်းသာ အဲဒီလို လုပ်နိုင်ခဲ့မယ်ဆိုရင် ဂိုးမက်ဇ်နဲ့ အီဘရာဟီမာ ကိုနာတေတို့ဟာ အသင်းရဲ့ ဒုတိယပွဲထွက်ဗဟိုခံစစ်အတွဲဖြစ်လာတော့မှာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းကလည်း ပြီးခဲ့တဲ့နွေရာသီမှာ ဗာရိန်းနဲ့ ရာမို့စ်တို့ကို ဆုံးရှုံးခဲ့ပေမယ့် အလာဘာတစ်ဦးတည်းကိုသာ ပြန်လည်ခေါ်ယူနိုင်ခဲ့တာကြောင့် ဂိုးမက်ဇ်ကို စိတ်ဝင်စားနေမယ်ဆိုတာ နားလည်ပေးနိုင်ပါတယ်။

Antonio Rudiger

Photo: The Sun

အီဒါ မီလီတာအိုကလည်း ရွေးချယ်စရာအဖြစ် ရှိနေပေမယ့် ရီးရဲလ်မက်ဒရစ်အသင်းက နောက်ထပ် ထိပ်တန်းအဆင့် ဗဟိုခံစစ်ကစားသမားတစ်ဦးကို လိုချင်နေတာဖြစ်ပြီး အန်ဆယ်လော့တီရဲ့အသင်းဟာ အခြားဗဟိုခံစစ်ကစားသမားတွေဖြစ်တဲ့ ရူဒီဂါ၊ ဂျူးစ် ကွန်ဒေး၊ ပါအူ တောရက်စ်၊ ဒီ လိုက်တ်တို့ကလည်း ရီးရဲလ်ရဲ့ ဖြစ်နိုင်ဖွယ် ရွေးချယ်စရာတွေအဖြစ် ရှုမြင်ခြင်းခံထားရတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

အဲဒီအထဲကမှ ဂျာမန်နောက်ခံကစားသမား အန်တိုနီယို ရူဒီဂါဟာ လာမယ့်နွေရာသီမှာ ချဲလ်ဆီးအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်တာကြောင့် ခေါ်ယူဖို့ အလွယ်ကူဆုံးဖြစ်ဖွယ် ရှိနေပါတယ်။

Featured Photo: Sportskeeda