ရီးရဲလ်မက်ဒရစ်အသင်းဟာ ယခုနွေရာသီမှာ ရာဖေး ဗာရန်းကို ခေါ်ယူဖို့အတွက် မန်ချက်စတာယူနိုက်တက်အသင်းကို မီးစိမ်းပြသခဲ့တယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ ယခုရာသီကုန်မှာ ၎င်းရဲ့ခံစစ် ရွေးချယ်စရာကို တိုးမြှင့်ဖို့ ကြိုးပမ်းနေတယ်လို့ နားလည်ရပြီး ဟယ်ရီ မက်ဂွိုင်းယားနဲ့ တွဲဖက်ကစားဖို့အတွက် ဗဟိုခံစစ်ကစားသမားသစ် ရှာဖွေဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ ဆီဗီလာ နောက်ခံကစားသမား ဂျူးစ် ကွန်ဒေးဟာ ယူနိုက်တက်ရဲ့ ပစ်မှတ်စာရင်းထဲမှာ ပါဝင်နေပေမယ့်လည်း မန်ချက်စတာယူနိုက်တက်အသင်းဟာ ၎င်းရဲ့ စာချုပ်လျော်ကြေး ပေါင် ၆၈ သန်းကို ပေးချေလိုခြင်းမရှိဘူးလို့ သိရပါတယ်။

Raphael Varane of Real Madrid

Photo: TalkSport

သတင်းတွေအရ မန်ချက်စတာယူနိုက်တက်အသင်းဟာ ရီးရဲလ်မက်ဒရစ်နောက်ခံကစားသမား ဗာရန်းကိုလည်း ပစ်မှတ်ထားနေပြီး ပြင်သစ်လက်ရွေးစင်နောက်ခံကစားသမားကို ယခုနွေရာသီမှာ ပိုပြီး ခေါ်ယူလို့ ရနိုင်မယ်လို့ ယူဆခြင်းခံနေရတယ်လို့ သိရပါတယ်။ Daily Telegraph ရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဟိုဆေး မော်ရင်ဟိုရဲ့လက်ထက်တုန်းက ပြင်သစ်နောက်ခံကစားသမားကို ခေါ်ယူဖို့ မအောင်မြင်ခဲ့တဲ့ ယူနိုက်တက်အနေနဲ့ ယခုရာသီကုန်မှာ ၎င်းတို့ရဲ့ ပြင်သစ်ကစားသမားအပေါ် စိတ်ဝင်စားမှုဟာ အခိုင်အမာဖြစ်နေလိမ့်မယ်လို့ မျှော်မှန်းထားပါတယ်။

Raphael Varane of Real Madrid

Photo : The Faithful MUFC

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဗာရန်းက ပရီးမီးယားလိဂ်မှာ လျင်လျင်မြန်မြန်နဲ့ အသားကျမယ့်ကစားသမားလို့ ရှုမြင်ထားကြောင်း သတင်းတွေက ဖော်ပြခဲ့ကြပြီး ရီးရဲလ်မက်ဒရစ်ကလည်း ဗာရန်းကို ယူနိုက်တက်ထံ ရောင်းချသွားချင်တဲ့ဆန္ဒရှိတယ်လို့ Manchester Evening News က ဖော်ပြခဲ့ပါတယ်။