ရီးရဲလ်မက်ဒရစ်ဟာ အသင်းရဲ့ နောက်တန်းခံစစ် ပြဿနာကို ဖြေရှင်းနိုင်ရန် ပရီးမီးယားလိဂ်မှ ကစားသမားအသစ်ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ Fichajes ရဲ့ အဆိုအရတော့ ချဲလ်ဆီးအသင်း ညာနောက်ခံကစားသမား ရီစီဂျိမ်းစ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အံ့အားသင့်စရာ ပစ်မှတ်တစ်ခုအဖြစ် ပေါ်ထွက်လာခဲ့တယ်လို့ ဆိုပါတယ်။

Real Madrid have set their sights on Reece James, with Los Blancos prepared to fork out €60 million for the Chelsea star

Photo : Ace Football

ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ချဲလ်ဆီးကြယ်ပွင့် ရီစီဂျိမ်းစ်ကို ယူရို သန်း၆၀နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီဖြစ်ကြောင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။ သို့သော်လည်း ချဲလ်ဆီးအသင်းအနေနဲ့ ကြယ်ပွင့်နောက်ခံလူကို ခေါ်ယူဖို့ ကြိုးပမ်းမှုတွေအပေါ် ငြင်းဆိုနိုင်ဖွယ်ရှိနေပြီး တန်းဖို့ဒ်ဘရစ်ချ်ကနေ ခေါ်ယူနိုင်ဖို့အတွက် ဥက္ကဌ ဖလော်ရန်တီနိုပီရက်ဇ်အနေနဲ့ ရီစီဂျိမ်းစ်ကို စည်းရုံးသိမ်းသွင်းရဖို့လည်း ရှိနေပါတယ်။

လက်ရှိမှာတော့ ရီးရဲလ်မက်ဒရစ်နည်းပြ ကာလိုအန်ဆယ်လော့တီအနေနဲ့ ရီးရဲလ်ကစားသမား ကာဗာဂျယ်လ်နေရာမှာ ရေရှည်အစားထိုးနိုင်ဖို့အတွက် သင့်တော်တဲ့ ကစားသမားအသစ်ကို ရှာဖွေနေတာပဲ ဖြစ်ပါတယ်။

စပိန်လက်ရွေးစင်ကစားသမား ကာဗာဂျယ်လ်ဟာ ယခုနှစ်အတွင်းမှာ ကြံ့ခိုင်မှု ပြဿနာနဲ့ ရုန်းကန်နေရပြီး ၎င်းနေရာမှာ ရီးရဲလ်နောက်ခံလူ လူးကပ်စ်ဗက်ဇ်ကွက်က အစားထိုးဝင်ရောက်ကစားပေးနေရတာပဲ ဖြစ်ပါတယ်။ လာမယ့်ဘောလုံးရာသီမှာ ကာဗာဂျယ်လ်အတွက် ပြိုင်ဆိုင်မှုများ ထပ်တိုးလာနိုင်ဖွယ်ရှိနေတာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းဟာ ကစားသမားသစ်ခေါ်ယူဖို့ကြိုးပမ်းနေတာဖြစ်ပြီး ဘိုင်ယန်မြူးနစ် နောက်ခံ ကစားသမား ဘင်ဂျမင်ပါဗက်ကိုလည်း ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

သို့သော်လည်း ဘိုင်ယန်ကစာသမား ဘင်ဂျမင်ပါဗက်ဟာ ယခုနှစ်ဘောလုံးရာသီအတွင်း ကောင်းမွန်တဲ့ခြေစွမ်းတွေကို မပြသနိုင်ပဲ စိတ်ပျက်စရာကောင်းတဲ့ အခြေအနေတွေနဲ့ ရုန်းကန်နေရသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

Real Madrid have set their sights on Reece James, with Los Blancos prepared to fork out €60 million for the Chelsea star

Photo : The Independent

ဒါကြောင့်ပဲ ဒီရာသီမှာ ခြေစွမ်းကောင်းတွေပိုင်ဆိုင်ထားတဲ့ ချဲလ်ဆီးကြယ်ပွင့်ဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ပစ်မှတ်တစ်ခု ဖြစ်လာခဲ့တာပါ။ ရီစီဂျိမ်းစ်ဟာ ချဲလ်ဆီးလူငယ်အကယ်ဒမီထွက် ကစားသမား တစ်ဦးဖြစ်ပြီး ဝီဂန်အက်သလက်တစ်အသင်းကို အငှားသွားရောက်ကစားခဲ့ရာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကမှ စတန်းဖို့ဒ်ဘရစ်ချ်သို့ ပြန်လည်ရောက်ရှိပြီး ခြေစွမ်းပြနေခဲ့တာ ဖြစ်ပါတယ်။

ဂျိမ်းဟာနည်းပြသောမတ်တူချယ်လက်ထပ်မှာ အသင်းရဲ့ ပုံမှန်ပွဲထွက်ကစားသမားတွေထဲက တစ်ဦးဖြစ်လာခဲ့ပြီး ပြီးခဲ့သည့်ရာသီက အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားရအောင် စွမ်းဆောင်ပေးထားတဲ့ ကစားသမားတစ်ဦးပဲ ဖြစ်ပါတယ်။ အသင်းမှာကောင်းမွန်တဲ့ ခြေစွမ်းတွေနဲ့ ပုံမှန်ပွဲထွက်ခွင့်ရနေတဲ့ ဂျိမ်းကို ရီးရဲလ်မက်ဒရစ် ခေါ်ယူသွားနိုင်မလားဆိုတာတော့ စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Featured Photo : The Athletic