ရီးရဲလ်မက်ဒရစ်အသင်းကို ဂါရတ် ဘေးလ် ပြန်လည်ရောက်ရှိလာဖို့ နီးကပ်နေတာဟာ ဥရောပအစည်းအရုံး အပြင်ဘက်က ကစားသမားစည်းကမ်းကြောင့် လာလီဂါထိပ်သီးအသင်းကြီးအတွက် ဗင်နစ်ရှပ် ဂျူနီယာ၊ ရိုဒရိုင်ဂို၊ အီဒါ မီလီတာအိုတို့ထဲက တစ်ဦးကို ခက်ခဲတဲ့ဆုံးဖြတ်ချက် ချမှတ်စေမှာဖြစ်တယ်လို့ သိရပါတယ်။

စပိန်ဘောလုံးအဖွဲ့ချုပ်ဟာ အသင်းတိုင်းရဲ့လူစာရင်းမှာ ဥရောပအစည်းအရုံး အပြင်ဘက်က ကစားသမား ၃ ဦးသာ ထည့်သွင်းခွင့် ပြုထားပြီး တောင်အမေရိက ကစားသမားတွေပိုင်ဆိုင်ထားတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ အက်သလက်တီကိုမက်ဒရစ်တို့အတွက် ဗြိတိန်ကစားသမားတွေက နောက်ထပ်ဖိအားဖြစ်လာနေတာဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံဟာ ပြီးခဲ့တဲ့ ၂၀၂၀ ဇန်နဝါရီလမှာ ဥရောပအစည်းအရုံးကနေ တရားဝင် နုတ်ထွက်ခဲ့ပေမယ့်လည်း စပိန်ဘောလုံးအဖွဲ့ချုပ်က လက်ကျန်ရာသီကုန်တဲ့အထိ ဗြိတိန်ကစားသမားတွေကို ဥရောပအစည်းအရုံးဝင်ကစားသမားတွေအဖြစ် လက်ခံပေးထားခဲ့တာဖြစ်ပါတယ်။

Real Madrid 'must choose between registering Rodrygo, Vinicius or Eder Militao as Gareth Bale occupies up non-EU player place'

Photo: Daily Mail

ဂါရတ်ဘေးလ်ဟာ ပြီးခဲ့တဲ့ရာသီမှာ တော့တင်ဟမ်ဟော့စပါးအသင်းကို အငှားနဲ့ သွားရောက်ကစားနေတာကြောင့် အပြောင်းအလဲရဲ့ အကျိုးသက်ရောက်မှု မခံခဲ့ရဘဲ ထရစ်ပီယာကတော့ အက်သလက်တီကို မက်ဒရစ်အသင်းမှာ ဆက်နေခွင့် ရရှိခဲ့ပြီး ၇ နှစ်အတွင်း အသင်းကို ပထမဆုံးလာလီဂါဖလားရအောင် ကူညီခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း စနေနေ့မှာ ထွက်ရှိတဲ့ စပိန်သတင်းစာ AS ရဲ့ ရှေ့မျက်နှာဖုံးက သတင်းအရ လာမယ့်ရာသီအတွက် ဗြိတိန်ကစားသမားတွေအတွက် ကင်းလွတ်ခွင့်မရှိတော့ဘူးလို့ သိရပြီး ထရစ်ပီယာနဲ့ ဘေးလ်တို့ဟာ အသင်းတိုင်းရဲ့ တန်ဖိုးရှိတဲ့ ဥရောပအပြင်ဘက်က ကစားသမားတစ်နေရာကို ယူတော့မှာဖြစ်ပါတယ်။

တောင်အမေရိကကစားသမားတွေဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ်ရဲ့ လူးဝစ္စဆွာရက်ဇ်၊ အိန်ဂျယ် ကော်ရီရာ နဲ့ ရီးရဲလ်မက်ဒရစ်က ကက်စမဲရိုးတို့ဟာ စပိန်နိုင်ငံသားဖြစ်ခွင့် လျှောက်ထားပေမယ့်လည်း လုပ်ငန်းစဉ်ဟာ အနည်းဆုံး ၂ နှစ် အချိန်ယူရမှာဖြစ်ပြီး ဗင်နစ်ရှပ်၊ ရိုဒရိုင်ဂိုနဲ့ မီလီတာအိုတို့လည်း ၎င်းတို့ရဲ့ လျှောက်လွှာကို လက်ခံမယ့်အချိန်ကို စောင့်ဆိုင်းနေဆဲဖြစ်ပါတယ်။

Vinicius

Photo: ESPN

အဲဒါကြောင့် ပြီးခဲ့တဲ့ရာသီ လေဗာကူဆင်မှာ အငှားနဲ့သွားရောက်ကစားခဲ့တဲ့ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ ကိုလံဘီယာ ညာနောက်ခံကစားသမား ဆန်တီယေဂို အေးရီးယပ်စ်ဟာ လာလီဂါထိပ်သီးအသင်းကြီးက ထရစ်ပီယာကို စိတ်ဝင်စားနေတဲ့ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ပြီး ဆက်လက်ထိန်းသိမ်းထားခဲ့မယ်ဆိုရင် အသင်းသစ် ရှာရတော့မှာဖြစ်ပါတယ်။

ရီးရဲလ် မက်ဒရစ်အသင်းကလည်း ကစားသမားတွေထဲမှာ ဥရောပအပြင်ဘက်က ကစားသမား ၂ ဦးဖြစ်တဲ့ ဂျပန်ကွင်းလယ်ကစားသမား တာခဲဖူဆာ ကူဘိုနဲ့ ဘရာဇီးလ်နိုင်ငံသား ရေနီရာတို့ ရှိပေမယ့်လည်း ၂ ဦးစလုံးဟာ အငှားချမှာဖြစ်တာကြောင့် လာမယ့်ရာသီအတွက် လူစာရင်းထဲမှာ ပါဝင်မှာမဟုတ်ဘူးလို့ သိရပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းအတွက် စည်းမျဉ်းကို ရှောင်လွှဲနိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းက ရိုဒရိုင်ဂိုကို စပိန်တတိယတန်းမှာ ယှဉ်ပြိုင်နေတဲ့ ရီးရဲလ်မက်ဒရစ် ဒုတိယအသင်းကို စေလွှတ်ဖို့သာ ရှိတယ်လို့ AS ရဲ့သတင်းက ဖော်ပြခဲ့ပြီး ဥရောပအပြင်ဘက်က ကစားသမားအရေအတွက် ကန့်သတ်ချက်မရှိတဲ့ ချန်ပီယံလိဂ်မှာတော့ ပါဝင်ကစားခွင့်ရရှိမှာဖြစ်ပေမယ့်လည်း ရိုဒရိုင်ဂိုအတွက်တော့ အရှက်ခွဲခံရသလို ဖြစ်လာမှာဖြစ်ပါတယ်။