ရီရဲမက်ဒရစ်အသင်း ဟာ အိမ်ကွင်းမှာကစားခဲ့ရပေမဲ့ ခံစစ်ပိုင်းအားနည်းချက်တွေကြောင့် ရှုံးနိမ့်ခဲ့ရပါတယ်။ ဂိုးသမား ကော်တိုအာ မပါတဲ့ ဒီပွဲဟာ နောက်တန်း ယိုပေါက်တွေကြောင့် ပေးဂိုး (၄) ဂိုးအထိရှိခဲ့ပါတယ်။ ဒီပွဲမှာ ရီရဲမက်ဒရစ်အသင်းကနေပြီးတော့ ရီရဲဆိုစီဒက်အသင်းစီ ၂ နှစ်အငှားစာချုပ်နဲ့ ပြောင်းရွှေကစားနေတဲ့ မာတင်အိုဒီဂက် က အဖွဲ့ဂိုးကို သွင်းယူခဲ့ပါတယ်။
Source: Bleacher Report
ဆိုစီဒက် တိုက်စစ်မူး Alexander Isak က (၅၄) နဲ့ (၅၆) မိနစ်တွေမှာ (၂) ဂိုးဆက် ဉီးဆောင်ဂိုးတွေ သွင်းယူခဲ့ပါတယ်။
ရီရဲမက်ဒရစ်အသင်း အတွက် ချေပဂိုးတွေကို Marcelo၊ Rodrigo နဲ့ Nacho တို့က (၅၉၊ ၈၁၊ ၉၀+၃) မိနစ်တွေမှာ သွင်းယူပေးခဲ့ပေမဲ့ ရီရဲဆိုစီဒက်အသင်းရဲ့ကစားသမားတွေဖြစ်တဲ့ Mikel Merino နဲ့ Andoni Gorosabel တို့ရဲ့ ဂိုးတွေကြောင့် ပြန်မလာနိူင်တော့ပဲ ပြိုင်ပွဲကနေ နုတ်ဆက်ခဲ့ရပါတယ်။
Source: Evening Standard
ဒီပွဲမှာ ရီရဲ အသင်းပရိတ်သက်တွေရဲ့ အားပေးမူကို ရရှိခဲ့သူကတော့ ၁၅ နှစ်အရွယ်မှာ အသင်းဆီ ရောက်ရှိလာခဲ့ပြီး ပြိုင်ဘက်အသင်းမှာ အငှားနဲ့ သွားရောက်ကစားနေတဲ့ နော်ဝေလ်းနိူင်ငံသား Odegaard ပဲဖြစ်ပါတယ်။
စပိန်ဘုရင့်ဖလား အများဆုံးရရှိထားတဲ့အသင်းကတော့ ဘာစီလိုနာအသင်းဖြစ်ပြီး စုစုးပေါင်း အကြိမ် (၃၀) ဗိုလ်စွဲထားပါတယ်။ ဒုတိယနေရာမှာတော့ ဘီလ်ဘာအို အသင်းက ၂၃ ကြိမ်နဲ့ ရပ်တည်နေပါတယ်။
Source: Managing Madrid
ရီရဲမက်ဒရစ်အသင်းဟာ စပိန်ဘုရင့်ဖလားကို ၁၉ ကြိမ်ထိ ဆူခူးရရှိထားပြီးတော့ ရီရဲဆိုစီဒက်အသင်းကတော့ စပိန်ဘုရင့်ဖလားကို ၂၀၀၆-၂၀၀၇ ခုနှစ်မှာ တစ်ကြိမ်ရရှိထားဖူးပါတယ်။