ရီးရဲယ်မက်ဒရစ် အသင်းသည် ‘ဂျပန်မက်စီ’လို့နာမည်ကြီးနေသည့် ဘာစီလိုနာ အကယ်ဒမီထွက် ဂျပန်ကစားသမား တာကီဖူဆာ ကူဘိုကို ပြောင်းရွှေ့ကြေး ယူရို (၂) သန်းဖြင့် ခေါ်ယူနိုင်ခဲ့ကြောင်းသိရပါတယ်။

Source: Youtube

ကူဘိုဟာ အသက် (၈) နှစ်အရွယ်မှာကတည်းက လာမာစီယာအကယ်ဒမီကို ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာ ယူ-(၁၁) အသင်းမှာ စတင်ကစားပေးခဲ့ပြီး (၂၀၁၂-၂၀၁၃) ပထမဘောလုံးရာသီမှာပဲ ပွဲ (၃၀) ကစားပြီး ဂိုးပေါင်း (၇၄) ထိ သွင်းယူပေးကာ ခြေစွမ်းပြခဲ့ပါတယ်။ (၂၀၁၄-၂၀၁၅) ဘောလုံးရာသီအရောက်မှာ ဘာစီလိုနာ ယူ-(၁၄) အတွက် ကစားပေးခဲ့ပါတယ်။

Source: The Japan Times

၂၀၁၄ ခုနှစ်မှာပဲ ဘာစီလိုနာ အသင်းဟာ အသက် (၁၈) နှစ်အောက်ကစားသမားခေါ်ယူရာတွင် ဖီဖာကသတ်မှတ်ထားတဲ့ အပြောင်းအရွှေ့စည်းမျဉ်းချိုးဖောက်ခဲ့သည်ဟု စစ်ဆေးတွေ့ရှိခဲ့တာကြောင့် (၁၄) လကြာအပြောင်းအရွှေ့ ပိတ်ပင်ခံခဲ့ရပါတယ်။ အပြောင်းအရွှေ့ပိတ်ပင်ခံရတဲ့အတွက်ကြောင့် နေရပ်ပြန်ပို့ခံရတဲ့ ကစားသမားတွေထဲမှာ ကူဘိုလည်း ပါဝင်ခဲ့ပါတယ်။

Source: AS English

ကူဘိုဟာ နေရပ်ပြန်သွားပြီးနောက် J league ကလပ် FC Tokyo အသင်းမှာ ကစားနေခဲ့တာပါ။ ရီးရဲယ်မက်ဒရစ်အသင်းက ကူဘိုရဲ့ခြေစွမ်းကို သဘောကျတာကြောင့် အရန်အသင်းအတွက်ခေါ်ယူခဲ့တာဖြစ်ပြီး ခြေစွမ်းတိုးတက်လာပါက အသင်းကြီးသို့ ခေါ်ယူသွားမည်ဖြစ်ကြောင်းသိပါတယ်။ ဇူလှိုင် (၁) ရက်နေ့မှာ အသင်းနဲ့ ပူပေါင်းမယ်လို့လည်း သိရပါတယ်။

ကူဘိုဟာ လက်ရှိမှာ အသက် (၁၈) နှစ်သာရှိပါသေးတယ်။