ရီးရဲလ်မက်ဒရစ် တောင်ပံကစားသမား ဂါရက်ဘေးလ်ဟာ လာမယ့်အနာဂတ်ကာလတွေမှာ မေဂျာလိဂ်ကို ပြောင်းရွှေ့ကစားဖို့ ဆန္ဒရှိကြောင်း ဖွင့်ဟလာခဲ့ပါတယ်။ ဘေးလ်ရဲ့အနာဂတ်ဟာ ဘာနေဗျူးမှာ မသေချာမရေရာ ဖြစ်နေတာပါ။
ဘေးလ်ဟာ (၂၀၁၃) ခုနှစ်မှာ စပါးအသင်းကနေ ရီးရဲလ်ဆီ စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် (၈၅) သန်းဖြင့် ပြောင်းရွှေ့လာခဲ့တာပါ။
Source: ESPN.com
အဲ့ဒီနောက်ပိုင်းမှာ ဘေးလ်ဟာ သမိုင်းတစ်လျှောက် ဗြိတိသျှရဲ့ အကောင်းဆုံးကစားသမားတင်ပို့မူ ဖြစ်လာခဲ့ပါတယ်။ ရီးရဲလ်အသင်းနဲ့အတူ ချန်ပီယံလိဂ် ဖလား (၄) လုံးအပါအဝင် ဖလား (၁၃) လုံးရယူနိူင်ခဲ့ပြီး ပြိုင်ပွဲစုံ (၂၄၆) ပွဲမှာ (၁၀၅) ဂိုးအထိ သွင်းယူပေးထားပါတယ်။ သူ့ရဲ့အမှတ်တရအဖြစ်ဆုံး နိူင်ပွဲတွေကတော့ (၂၀၁၄) ခုနှစ် Copa del Rey နဲ့ (၂၀၁၈) ချန်ပီယံလိဂ် ဖိုင်နယ်ပွဲစဉ်တွေဖြစ်ပါတယ်။
Source: Goal.com
ပြီးခဲ့တဲ့လတွေတုန်းက ဘေးလ်အနေနဲ့ ပရီးမီးယားလိဂ်ကို ပြန်လည်ခြေချနိူင်ဖွယ်ရှိတယ်ဆိုတဲ့ သတင်းတွေထွက်လာခဲ့ပါသေးတယ်။ မန်ယူ နဲ့ စပါး အသင်းတို့ကလည်း ဘေးလ်ကို ခေါ်ယူနိူင်ဖို့ ချိတ်ဆက်မူတွေ ပြုလုပ်ခဲ့ကြပါသေးတယ်။ ဒါပေမယ့် ကစားသမားကိုယ်တိုင်က မေဂျာလိဂကို ပြောင်းရွှေ့ကစားချင်ကြောင်း ပြောဆိုလာခဲ့ပါတယ်။
“မေဂျာလိဂ်က ပိုပြီးတိုးတတ်လာတယ်။ ကလပ်အသင်းတွေကလည်း တိုးတတ်လာတယ်။ အသုံးအစောင်ပစ္စည်းတွေ၊ ကွင်းတွေ အကုန်တိုးတတ်လာကြတယ်။ သူတို့တွေနဲ့ ခြစမ်းပွဲတွေ ကစားရတဲ့အချိန်မှာလည်း ခတ်ခဲတယ်ဗျ။ အခုဆိုရင် ကစားသမားတော်တော်များများက အမေရီကန်မှာ လာကစားချင်နေကြပြီ။ ကျွန်တော်လည်း မေဂျာလိဂ်မှာကစားဖို့ စိတ်ဝင်းစားတာပေါ့ဗျာ” ဟု ဘေးလ်က အင်တာဗြူးအစီအစဉ်တခုမှာ ပြောကြားသွားခဲ့ပါတယ်။
Source: China Daily
ရီးရဲလ်နည်းပြ ဇီဒန်းကတော့ ဘေးလ်ကို နောက်ထပ် အသင်းမှာ ဆက်ပြီးထိန်းထားချင်ပေမယ့် ကစားသမားအနေနဲ့ လာမယ့်အပြောင်းအရွှေ့ကာလမှာ အသင်းပြောင်းဖို့ သေချာသလောက်ရှိနေပါတယ်။