အီဒင် ဟာဇက်ဟာ စတန်းဖို့ဒ် ဘရစ်ဂျ်မှာ ချဲလ်ဆီးအသင်းကို ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် အသင်းဖော်ဟောင်းတွေနဲ့ ရယ်မောနေခဲ့မိတဲ့ ကိုယ့်ကိုကိုယ် အရမ်းစိတ်ပျက်မိခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဘယ်လ်ဂျီယံ သတင်းဌာန Het Nieuwsblad နဲ့ အင်တာဗျူးမှာ ဟာဇက်က ချဲလ်ဆီးအသင်းနဲ့ပွဲစဉ်မှာ လုပ်ခဲ့တဲ့အရာက မှားယွင်းခဲ့ပြီး ရီးရဲလ်မက်ဒရစ်ရဲ့ ပုံရိပ်ကို ထိခိုက်ပျက်စီးစေခဲ့တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Real Madrid star Eden Hazard opens up on the laughgate at Chelsea

Photo: espn

“အဲဒီကိစ္စက မှားယွင်းပါတယ်။ မန်ဒီနဲ့ ဇူးမားတို့ ပြောခဲ့တဲ့ဟာက ရယ်စရာတောင် မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော် ဇူးမားနဲ့ ကစားဖူးပြီး မန်ဒီကိုလည်း သိပါတယ်။ ခင်ဗျားရဲ့ သူငယ်ချင်းတွေနဲ့ နောက်ထပ်တစ်ကြမ် ပြန်ဆုံရတာ အမြဲတမ်း ပျော်စရာဖြစ်နေမှာပါ”

“ကျွန်တော် ရီးရဲလ်မက်ဒရစ်ရဲ့ ပုံရိပ်ကို ထိခိုက်ပျက်စီးစေခဲ့တယ်ဆိုတာ ကျွန်တော် သိပါတယ်။ အားလုံးက ကျွန်တော် မနာကျင်ခဲ့ဘူးလို့ ယူဆခဲ့ကြပါတယ်။ ဒါပေမယ့် အဲဒါက အမှန်တရားနဲ့ အဝေးကြီးပါ။ ကျွန်တော် အရမ်း စိတ်ပျက်ခဲ့ရပါတယ်။ ကျွန်တော် အနိုင်ရချင်တဲ့ ပွဲမျိုးရှိလားဆိုရင် စတန်းဖို့ဒ်ဘရစ်ဂျ်မှာ အသင်းဟောင်းနဲ့ ကစားပြီး အနိုင်ရရှိချင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းကို ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်မှာ ၂ ကျော့ပေါင်း ၃-၁ နဲ့ အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲမှာ မန်ချက်စတာစီးတီးကို အနိုင်ရရှိခဲ့ပြီးနောက် ဒုတိယအကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။