စပိန်ဘီလူးကတော့ စပြီးခြေလှမ်းသွက်သွက်နဲ့ လှုပ်ရှားနေပါပြီ။ သူတို့အနေနဲ့ ချယ်ဆီးအကျော်အမော်ဟာဇတ်ကို ဘာနေဗျူးတို့ ခေါ်ယူမှု မအောင်မြင်ရင် West Ham ကစားသမားအန်ဒါဆန်ကို ခေါ်ယူမယ်လို့လည်း သတင်းတွေထွက်နေပါတယ်။

Source: Skysports

ရီးရဲလ်အသင်းရဲ့ ကြိုးပမ်းမှုကိုလည်း ချယ်ဆီးအသင်းက အကြိမ်ကြိမ်ပယ်ချနေတာဖြစ်ပါတယ်။ ရီးရဲလ်အသင်းက ဟာဇတ်ကို ပေါင်သန်း (၆၀) နဲ့ ဒီလအစောပိုင်းထဲက ကမ်းလှမ်းခဲ့တာဖြစ်ပြီး မအောင်မြင်သေးတာလည်းဖြစ်ပါတယ်။ ဟာဇတ်ကတော့ ချယ်ဆီးအသင်းနဲ့ လာမယ့် ဇွန်လမှာ သက်တမ်းကုန်မှာဖြစ်ပြီး စာချုပ်သစ်ချုပ်ဆိုဖို့ဆိုတော့ ရပ်တန့်ထားတာပါ။

Source: Skysports

ကစားသမားခေါ်ယူခွင့်ပိတ်ခံထားရတဲ့ ချယ်ဆီးအသင်းကလည်း သူတို့ အကျော်အမော် စတမ်းဖို့ကနေ ထွက်ခွာမသွားဖို့အရေး ကြိုးစားပမ်းစားလုပ်မှာဖြစ်ပါတယ်။ ရီးရဲလ်အသင်းရဲ့ ချန်ပီယံလိဂ် သုံးနှစ်ဆက်တိုက်ဆုရှင် ဇီဒန်း အသင်းကို ပြန်ရောက်လာတာကလည်း စပိန်အသင်းရဲ့ ကစားသမားအပြောင်းအရွေ့ကပိုပြီးမြိုင်လာတာပါ။

Source: Skysports

ဟာဇတ်ကို မအောင်မြင်ခဲ့ရင်လည်း အန်ဒါဆန်ကို ပေါင် (၆၅) သန်းလောက်နဲ့ ခေါ်ယူမယ်ဆိုပြီး သတင်းထွက်ပေါ်နေတာပါ။ အန်ဒါဆန်ဟာ ၀က်(စ်)ဟမ် အသင်းကို ပေါင်သန်း (၃၃) သန်းနဲ့ ရောက်ရှိလာတာဖြစ်ပြီး ယခုနှစ်ရာသီမှာ (၈) ဂိုးသွင်း (၆) ဂိုးဖန်တီးပေးထားနိုင်တာပါ။