ဂါရက်ဘေးကို နည်းပြဖြစ်သူ ဇီဒန်းနဲ့ မကြာခဏ ဆက်ဆံရေး အဆင်မပြေ ဖြစ်နေပြီး အသင်းကနေ ထွက်ခွာဖို့ မကြာခဏသတင်းတွေ ထွက်နေသူပါ။ အခုလည်း ရီးရဲလ်အသင်းက သူတို့ရဲ့တောင်ပံကစားသမားကို ထပ်မံထွက်ခွာခွင့်ပြုလိုက်ပါပြီ။ ဂါရက်ဘေး ကိုယ်တိုက်ကလည်း စပိန်မြေမှာ မပျော်ရွှင်ကြောင်း ပြောဆိုထားပါတယ်။

Source: 90min

၂၀၁၈ ခုနှစ် ရော်နယ်ဒို အသင်းကနေ ထွက်ခွာသွားပြီးနောက်ပိုင်း ဒိုလေးနေရာမှာ အစားထိုးနိူင်ဖို့ ဘေးကိုမျှော်လင့်ခဲ့ပေမဲ့ အရာမထင်ခဲ့ပါဘူး။ အဆိုပါ အသက် (၃၀) နှစ်ရွယ်ကစားသမားဟာ ဒီရာသီ နည်းပြဇီဒန်း လက်အောက်မှာ (၁၈) ပွဲသာကစားပေးထားရပြီး (၃) ဂိုးသားသွင်းယူပေးထားနိူင်ပါသေးတယ်။ နည်းပြဇီဒန်းဟာ လူငယ်ကစားသမား Vinicius Junior ကိုဘေးထက်ပိုပြီး အခွင့်အရေးပေးနေတာကြောင့် ဘေးအနေနဲ့ ဒီရာသီကုန်ရင် အသင်းကနေ သေချာပေါက် ထွက်ခွာဖွယ်ရှိနေပါတယ်။

Source: The National

နောက်ဆုံးရရှိတဲ့သတင်းတွေအရ လာမယ့် အပြောင်းအရွှေ့ကာလမှာ ရီးရဲလ်ကနေ ခွာသွားဖွယ်ရှိနေပြီး တရုတ်ကလပ် ကျန်းရှုဆန်းနင်းအသင်းဆီ ပြောင်းရွှေ့သွားဖွယ် ရှိနေပါတယ်။

ဘေးဟာ လက်ရှိ စပိန်ကလပ်မှာ တနှစ် လုပ်ခယူရို (၁၇) သန်းအထိ ရရှိ‌နေသူလည်း ဖြစ်ပါတယ်။ ရီးရဲလ်နဲ့ ဘေးတို့အကြား စာချုပ်ဟာ ၂၀၂၂ နွေရာသီမှာ ကုန်ဆုံးမှာဖြစ်ပါတယ်။

ဘေးကို ပရီးမီးယားလိဂ် အသင်းတော်တော်များကလည်း ခေါ်ယူလိုပေမယ့် သူ့ရဲ့ များပြားလှတဲ့ လုပ်ခလစာကို မတတ်နိုင်တာကြောင့် လက်တွန့်နေကြတယ်လို့ သိရပါတယ်။

Source: Extra.ie

ရီးရဲလ် အနေနဲ့ ဘေးထွက်ခွာသွားမယ်ဆိုရင်တောင် ဟာဇတ်၊ အဆန်စီရိုတို့လို ကစားသမား ကောင်းတွေရှိနေသေးတာကြောင့် ကစားသမားရွေးချယ်မူမှာ ပြသာနာ မရှိနိူင်ပါဘူး။