စပိန်ကလပ် ရီးယဲလ်အသင်းဟာ ၂၀၁၉ ခုနှစ်တွင် ဥရောပထိပ်သီးလိဂ် (၅) ခုမှာ အိမ်မွေးခြံပေါက် အကယ်ဒမီထွက် ကစားသမား အသုံးပြုမှု အများဆုံးအအသင်းအဖြစ် ထိပ်ဆုံးကနေ ရပ်တည်နေပါတယ်။

Source: Twitter

ဒီစစ်တမ်းကို ပြုစုခဲ့တဲ့အဖွဲ့ကတော့ CIES လို့ခေါ်တဲ့ ဘောလုံးသုတေသနအဖွဲ့ တစ်ခုပဲဖြစ်ပါတယ်။ လက်ရှိ ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲ (၅) ခုမှာ ရီးယဲလ်အသင်းမှာ အကယ်ဒမီထွက် ကစားသမားစုစုပေါင်း (၃၉) ဦးထိ ပါဝင်ကစားထားခဲ့တယ်လို သိရပါတယ်။

ရီးယဲလ် အသင်းနောက်မှာတော့ ပြည်တွင်းမဟာပြိုင်ဘက် ဘာစီလိုနာအသင်းဖြစ်ပြီးတော့ အကယ်ဒမီထွက် ကစားသမားအရေအတွက်က (၃၄) ဦးထိရှိပြီး ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

Source: Bleacher Raport

CIES က အသင်းအတွက် အနည်းဆုံး (၃) ရာသီပြည့် ကစားပေးထားခဲ့တဲ့ အသက် (၁၆) နှစ်ကနေ (၂၁) နှစ်အတွင်း ကစားသမားတွေကို ထည့်သွင်းတွက်ချက်ခဲ့တာဖြစ်ပါတယ်။ ဒီစာရင်းမှာ ရီးယဲလ်အသင်းနောက်ခံလူတစဉီးဖြစ်တဲ့ ဗာရန်ကိုလည်း ထည့်သွင်းထားပါတယ််။ ဗာရန်ဟာ ရီးယဲလ် ကို အသက် (၁၈) နှစ်မှာ စတင်ရောက်ရှိခဲ့ပြီး (၂၁) နှစ်မပြည့်ခင်မှာပဲ (၃) ရာသီကစားပေးထားခဲ့ပြီးဖြစ်ပါတယ်။

Source: China Daily

တတိယနေရာမှာတော့ ပြင်သစ်ကလပ် အသင်းတစ်သင်းဖြစ်တဲ့ လီယွန်က ကစားသမား (၃၀) နဲ့ ရပ်တည်နေပြီး သူ့နောက်မှာတော့ အင်္ဂလန် ကလပ် မန်ယူ (၂၈) ယောက်၊ စပိန်ကလပ် ဗလင်စီယာ (၂၄) ယောက် နဲ့ဘီလ်ဘာအို (၁၃) အစဉ်လိုက်ရပ်တည်နေပါတယ်။